နောက်တနေ့မနက်
ကျမ စောစောထပြီး Chaeနှိုးလျှင်သောက်ဖို့
အမူးပြေဟင်းရည်ချက်ပေးနေတုန်း
Chaeနှိုးလာပြီး ထမင်းစားပွဲတွင် ၀င်ထိုင်လိုက်သည်။Jen- "အဆင်ပြေရဲ့လား Chae"
PCY-"ပြေပါတယ်"
Jen- "မနေ့ညက ဘယ်လိုဖစ်တာလဲ ဘယ်လောက်တောင်သောက်လိုက်လို့ အဲ့လိုပုံစံနဲ့အိမ်ပြန်ရောက်လာတာလဲ" "ပီးတော့ ဘယ်သူနဲ့သောက်နေတာလဲ ဘာလို့ဖုန်းမကိုင်တာလဲ"
PCY- " ဘားကိုလာတဲ့ အသိတယောက်နဲ့သောက်လိုက်လို့ပါ"
Jen-"ဘာလို့ ဧည့်သည်နဲ့ဘာလို့သောက်ရတာလဲ ဘားတွေမှာက အလုပ်ချိန် ဧည့်သည်မသောက်ရတဲ့စည်းကမ်းမျိုးတွေရှိတယ်မဟုတ်ဘူးလား"
PCY- "Unnie..."
Jen- "ထားလိုက်ပါတော့ မနေ့ကကိစ္စ
Chaeကို Unnieတခုတောင်းဆိုချင်တာ ဘားမှာ မလုပ်ပဲတခြားအလုပ်ပြောင်းလုပ်လို့မရဘူလား
ညဘက် အလုပ်တွေထက် အိမ်နဲ့နီးတဲ့နေ့ဘက်လုပ်ရတဲ့ အလုပ်တခုခုပေါ့ "
PCY-" Unnie အားနာပေမယ့် အခုကစပြီး မမူးအောင်နေမှာမို့ Chaeရဲ့ အလုပ်ကိစ္စတွေနဲ့ပက်သက်ပြီး ထပ်မပြောတော့ရင်ကောင်းမှာပဲ"
"Chae အလုပ်ကို Chaeဘာသာ ကြည့်လုပ်ပါမယ် ကလေးမှမဟုတ်တာပဲ ပီးတော့ ဒီနေ့တော့ ဒီအတိုင်းတယောက်ထဲနေချင်တယ် လွတ်ထားပေးပါ" ဆိုပီး ကျမကို နှင်လွှတ်တဲ့စကားမျိုးတွေပြောလာတော့ ကျမမှာ ၀မ်းနည်းပြီး အံ့ဩရပါသေးတယ်။ဘယ်သူမဆို ကိုယ့်ချစ်သူကို စိတ်ပူခွင့် စိတ်မချဖစ်ခွင့်တော့ အနည်းနဲ့အများရှိတာပဲမဟုတ်လား။ ကျမကတော့ စေတနာတွေထားပီးပြောနေပေမယ့် သူကတော့ ကျမစေတနာကိုပဲမမြင်နိုင်။ကျမလဲ စိတ်ညစ်ညစ်နဲ့ ပြပွဲတွင်ပြမယ့် ကျမရဲ့ Project အတွက်လိုအပ်သည့် ပစ္စည်းများကိုရှာဖွေဝယ်ယူရင်း စိတ်ညစ်ရတဲ့ကိစ္စတွေ မေ့နေအောင် အလုပ်ထဲပဲအာရုံနှစ်ထားလိုက်သည်။ထိုစဉ်
ကလင်...ကလင် (ဂွမ်ယော့ဆီမှဖုန်းဆက်လာသည်။)
Jen- "ဟယ်လို ပြော ဂွမ်ယော့"
ဂွမ်ယော့ - " ငါ ဒီနေ့အားနေတယ် နင်နဲ့တွေ့ချင်လို့ နင်ဘယ်မှာလဲ"
Jen- "ငါ *#-(#)#//#-# * အဲ့နေရာမှာ နင်လာရင်အတော်ပဲ ငါ့အလုပ်လေးတွေကူလုပ်ပေးပါလား"
ဂွမ်ယော့ - "အိုကေ ငါ ခဏနေရောက်မယ်" ဆိုပီး
ဖုန်းချသွားသည်။ 15မိနစ်လောက်ကြာတော့ ဂွမ်ယော့ရောက်ချလာသည်။
![](https://img.wattpad.com/cover/286263120-288-k519892.jpg)
YOU ARE READING
Our Love Story ❤️
RomanceOur Love Story ဆိုတဲ့ Korea GL movieကို Channie Fic အနေနဲ့ ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။