Chapter 2

270 36 6
                                    


နောက်‌တနေ့ -

အလုပ်ခန်း၌ ကျမတို့သုံးယောက်လုံး ပြပွဲအတွက် အချိန်ပိုဆင်းရင်း အလုပ်ရှုပ်နေကြသည်။အလုပ်လုပ်နေရင်း မနေ့က သူအလုပ်လုပ်တဲ့Barကိုလာဖို့ခေါ်သွားတဲ့ကောင်မလေးအကြောင်းတွေးမိပြီး ပြုံးမိသေး။ ပြီးမှ ရုတ်တရက် ဟိုနှစ်‌ယောက်ကို အဖ်ောခေါ်ပြီး
ဟိုကလေးမလေး အလုပ်လုပ်တဲ့Barကို သွားရန်တွေးမိသည်။ အလုပ်စားပွဲမှထပြီး  Mino Oppa နားသို့သွားကာ သူ့လက်မောင်းကိုတို့ပြီး-

Jen-"Oppa အချိန်ရလား?" လို့ ကျမမေးလိုက်တော့ သူတပ်ထားတဲ့ နားကျပ်ကို ချွတ်လိုက်ကာ

Mino-"လာနောက်နေတာလား Jennie , ဒီမှာ Oppa ဖန်တီးဖို့တွေးတောနေတာ၊ ဒါနဲ့ဘာလို့မေးတာလဲ"

Jennie- "ဒီလိုပါပဲ Oppaအချိန်ရရင် သွားသောက်မလားလို့ပါ ၊ လိုက်ချင်မှပါ"

Mino- " ဆယ်အာရေ Jennieက အရက်သောက်မလို့တဲ့"

ဆယ်အာ- "Omo ဘယ်လိုဖြစ်ရတာလဲ Unnie တကယ်ကြီးလား"

Mino- "Jennieက ခေါ်မှတော့ ဘယ်ငြင်းလို့ကောင်းမလဲ ကျိန်းသေပေါက်သွားသောက်ကြတာပေါ့" ဟုပြောပြီး အပေါ်ထပ်Coatတွေကောက်၀တ်ကာ ကျမတို့သုံးယောက် Barသို့ထွက်ခဲ့ကြသည်။

Barသို့သွားရာလမ်းတွင်-

ဆယ်အာ- "Unnieရေ အေးတယ်"

Mino- "Jennie နင့်ဆိုင်က ဘယ်နားမှာလဲ မရောက်သေးဖူးလား"

သူတို့နှစ်ယောက်ပွစိပွစိလုပ်ကာ ကျမနောက်မှလိုက်လာကြသည်။

Jennie - "ဒီနေရာပဲ"

Mino- "မြန်မြန်၀င်မယ်ဟေ့ အေးတယ်"

ဆိုင်ထဲသို့ရောက်တော့-

Mino- "ကလေးတို့ရေ ဖြေးဖြေးမှာကြ
ဒီနေရာက ဈေးကြီးမယ့်ပုံပဲ "

ဆယ်အာ- " ဒီကမှာမယ်ရှင့်"

ဆိုင်က၀န်ထမ်းရောက်လာသောအခါ-

ဆယ်အာ- "ကျမတို့ကို ထိုင်းအမဲသားသုတ်တစ်ပွဲ၊၀က်သားမွှကြော်တစ်ပွဲနဲ့ ပင်လယ်စာခေါက်ဆွဲဟင်းရည်ပေးပါ ပြီးတော့ ဆိုဂျူ ၃ပုလင်း"

ဆိုင်၀န်ထမ်း - "ဟုတ်ကဲ့ပါ"

ဆယ်အာ - "မှာပြီးပြီနော် ၊ ဒီတခါ Oppaရှင်းရမှာ"

Our Love Story ❤️Where stories live. Discover now