၂ | ကျွန်​တော်အ​တွေးမှား​လေခြင်း

252 20 0
                                    

အခန်း ၂ - ကျွန်​တော်အ​တွေးမှား​လေခြင်း

<< Unicode >> 

အဲ့အချိန်ကစပြီး ကိုကိုနဲ့ ကျွန်​တော် အခုချိန်ထိတိုင် တူတူ​နေလာခဲ့သည်မှာ နှစ်လရက်​တွေ​တော်​တော်ကြာ​ရော့​ပေါ့။ ဒါပင်မဲ့ အခုချိန် တစ်​ယောက်ယောက်ကများ ကိုကို့နာမည်ကိုရွတ်ရင်း "မင်းနဲ့ သူနဲ့ ဆက်ဆံ​ရေးကဘာလဲ" လို့ လာ​​မေးရင် ထိုအ​မေးကို ကျွန်​တော်မ​ဖြေတတ်။ 

အ​ကြောင်းအရင်းက ကိုကိုသည် ကျွန်​တော့်ကို တစ်ခါမှ ချစ်​ရေးမဆိုခဲ့ဖူးသလို ကျွန်​တော်ကလည်း ကိုကို့ကို ချစ်​ကြောင်း တစ်ခါမှ မဝန်ခံခဲ့ခြင်း​ကြောင့်ဖြစ်မည်။ ဒါပင်မဲ့ ကိုကို ကျွန်​တော့်ကို ချစ်တာ ကျွန်​တော်သိသည်။ ကိုကိုက ကျွန်​တော့်ကို မြတ်နိုးသည်ကိုလည်း ကိုကိုဖွင့်မ​ပြောလဲ ကျွန်​တော်နားလည်သည်။

အတူတူ ​နေလာတဲ့ တစ်​လျှောက်လုံး မနက်မိုးလင်းရင် ကိုကိုက အိပ်ရာထဲလူးလှိမ့်​နေ​သော ကျွန်​တော်ရဲ့ နဖူး သို့မဟုတ် ပါး​လေးကို ပြွတ်ခနဲအသံမြည်​အောင် နမ်းကာ " .. ကိုယ်သွား​တော့မယ်.. မင်းလည်း ထ​ပြီး ကျောင်းသွားဖို့ပြင်​တော့ " ဟု ​ပြောလိမ့်မည်။ ကိုကိုနဲ့ ကျွန်​တော်က အတန်းမတူတာ​ကြောင့် တက်ရသည့် အချိန်လည်းမတူသလို ​ကျောင်းဆင်းချိန်လည်း မတူပါ။ ​ကျောင်းကို တူတူသွားတာ သို့မဟုတ် အိမ်ကို အတူတူပြန်တာ ၂ခုလုံးကို မလုပ်နိုင်​သော်လည်း ညစာကို​တော့ အမြဲ အတူတူစားဖြစ်သည်။ တစ်ခါတစ်​လေ ကိုကိုဟင်းချက်၊ ကျွန်​တော်ပန်းကန်​​ဆေး။ တစ်ခါတစ်​လေ ကျွန်​တော်ဟင်းချက်၊ ကိုကိုပန်းကန်​ဆေး။ ဒါပင်မဲ့ တူတူ ဟင်းချက်ပြီး အတူတူပဲ ပန်းကန်​ဆေးဖြစ်တာများပါသည်။

ကိုကိုက အသားစားရသည်ကို နှစ်ခြိုက်သူဖြစ်သည်။ သူက ဘာအသားဖြစ်​နေပါ​စေ အသားဖြစ်ရင်ပြီး​ရော အကုန်ကြိုက်တယ် ဟု ခံယူထားသူလည်းဖြစ်သည်။ ကိုကို့ကို အသီးအရွက်​တော့ သွားမ​​ကျွေးလိုက်နဲ့။ သွား​ကျွေးလိုက်သည့်​နေ့ အိမ်မှာ မိုးမီး​လောင်တဲ့​နေ့ ဖြစ်သွားပါလိမ့်မည်။ တစ်ခါကဆို ကိုကို အသီးအရွက်အစားနည်းလို့ ဘာဓါတ်ညာဓါတ်​တွေ ချို့တည့်မှာ ဆိုးလို့ ကျွန်​တော်က ထမင်း​ကြော်ထဲကို မုန်လာဥနီ​လေး​တွေကို ပါးပါးပါးပါးလှီး၊ ကြက်သွန်​လေး နည်းနည်းထည့်ကာ ​ကြော်ပြီး ​ကျွေးမိပါတယ်... လူကြီးက ကျွန်​တော့်ကို တစ်ပတ်​လောက် စိတ်​ကောက်သွားပါသည်။

Hello, I'm home. | ✔Where stories live. Discover now