၁ | အတိတ်တစ်ချိန်က ကျွန်​တော့်ကိုကို
1.1K 33 0
A/N: ဒါ​လေးက ကိုယ်​ရေးထားတဲ့ ဝတ္ထုတို​လေးပါ။ ​ရေးထားတာ​တော့ oneshot ပါ။ တင်​တော့ အပိုင်း ၃ပိုင်းခွဲတင်လိုက်ပါမယ်​နော်။ သ​ဘောကျမယ်လို့​ေတာ့​မျှော်လင့်ပါတယ်​🥺❤
________________
အခန်း ၁ (အတိတ်တစ်ချိန်က ကျွန်​တော့်ကိုကို)
<< Unicode >>
အလင်းပြပြသာ ထင်ကျန်​​နေတဲ့ ညိုညိုမိုက်မိုက်ကောင်းကင်​ကြောင့် နံနက်ခင်းလို့တောင် ထင်ချင်စဖွယ် တစ်စက်မှမရှိ။ အသင့်ကိုင်ထား​တဲ့ ထီးကို အ​လောတကြီးဖွင့်လိုက်​တော့ ​လေမပါဘဲ တဖွဲဖွဲကျဆင်းနေ​တဲ့ မိုးက အကြည်​ရောင် ထီးအမိုး​ပေါ်​ အေးတိ​အေးစက် လိမ့်ဆင်းလာသည်။ လက်ထဲကိုင်လာတဲ့ လက်ဆွဲအိတ်ကို မိုးရေမစို​စေရန် ရင်ခွင်ထဲထည့်ပိုက်လိုက်ရင်း ထီးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပါသည်။ ​ကျောင်းစာအုပ်များ စိုသွားမည်ကို ကျွန်​တော်ဂရုမစိုက်​သော်လည်း အတွင်း၌ ကိုကို​ပေးထားသော မှတ်စုစာအုပ်ရှိသည်မလား။ ထိုစာအုပ် စိုသွားမည်ကို ကျွ​န်တော်မလိုလား​ပေ။
ရုတ်တရက်ရွာချလာ​တဲ့ မိုးကြောင့် ​က​လေးတစ်စုသည် သူတို့ရဲ့ ​အ​ပေါ်အင်္ကျီ​ကို ချွတ်ပြီး ​ခေါင်း​ပေါ် အမြန်တင်၍ ကျောင်းရှိရာဦးတည်ချက်အတိုင်း အ​လောတကြီး​ပြေးသွားကြသည်။ တစ်ချို့က​ မ​ကျေမနပ်​ရေရွတ်ရင်း အနီးအနားက အမိုး​အောက်ဝင်၍ မိုးခို​နေကြသည်။ တစ်ချို့က​​တော့ ကိုယ်ဆီ ထီးကိုဖွင့်ပြီး တစ်​ယောက်ထဲ သို့မဟုတ် သူငယ်ချင်းများနဲ့မျှပြီး ဆောင်းကာ သွားလာ​နေကြသည်။
​​ထိုသူများရဲ့ အမူအရာ​တွေကို သတိမမူမိဟန်ဖြင့် လျှောက်မြဲအတိုင်း မ​နှေးမမြန်တဲ့နှုန်းဖြင့် ပျင်းပျင်းရိရိ လမ်းလျှောက်​နေလိုက်သည်။ ဒါကို ကိုကို​တွေ့ရင် ​ကိုကို ကျွန်​တော့်ကို ဆူမလား ကျွန်​တော်မသိ။ ​သေချာတာ​တော့ ကျွန်​တော် မိုးရွာထဲ မြန်မြန်မသွားတာကို ကိုကိုသိသွားရင် မျက်​မှောင်ကျုတ်ပြီး " ဒီ​ကောင်​​လေးက​တော့..မိုးမိပြီး ဖျားချင်​​နေတာလား " ဟု ​လေသံမာမာဖြင့် ကိုကို​ပြောလာလိမ့်မည်။ သို့ပင်မဲ့ မကြာဘူး မကြည်​သော မျက်နှာထားဖြင့် လွယ်အိတ်ထဲက သူ့ထီးကို မထုတ်ဘဲ ကျွန်​တော်ထီး​အောက်ဝင်ကာ အတင်းပူကပ်၍ လာ​ဆောင်းလိမ့်မည်။ အဲ့နောက် ကိုကို့ထက် ​​ခေါင်းတစ်လုံးစာ နိမ့်​တဲ့ ကျွန်​တော့်ကို မျက်လုံး​လေး​မှေးစင်းလျက် ငုံ့ကြည့်၍ " ဂျပု​လေး " ​​ဟု ​ခေါ်ပြီး ကျွန်​တော့်လက်ထဲက ထီးကို အတင်းလုယူပြီး သူကိုင်​ပေးလိမ့်မည်။ ကျွန်​တော်က ခပ်​စွေ​စွေ​ ​ပေကပ်ကပ်စောင်းကြည့်ရင်း သူ့​ဘေးက ခွာဟန်ပြုလိုက်ရင်​တော့ ကိုကို့လက်ဖဝါး​နွေး​နွေးက ကျွ​န်​တော့် ခါးတစ်ဝိုက်​​ပေါ် ​အော်တို လာ​ရောက် ရစ်တွယ်လာတတ်သည်။ ထိုအခါ မျက်လုံးဝိုင်းကြီးဖြင့် ကိုကို့ကို ​မော့ကြည့်လိုက်ရင် ကိုကိုရဲ့ ရုပ်တည်တည်ကြီးနှင့်ဆုံတတ်ပါ၏။ ကိုကိုက သူ့မျက်ခုံးတန်းတန်းကို ပင့်​မြှောက်ကာ "ဘာလဲ.. ​ရေစိုခံချင်လို့လား" ဟု ​ပြောလာပြီး ကျွန်​တော့်ကို နဂိုထပ် ပို၍တင်းတင်း ဖက်တွယ်လာလိမ့်မည်။ ထို့အတိုင်းပင်။ ကိုကိုက သိပ်ဆိုး၏၊ သိပ်အတင့်ရဲ၏။ သူ့ထပ်ငယ်သည့် ကျွန်​တော့်ကို ဆိုလျှင် အမြဲ လူဆိုးကြီးဖြစ်​အောင်လုပ်ပြီးနောက် သူကပဲ မလှိမ့်တစ်ပတ်ဖြင့် အသားယူသွားလိမ့်မည်။
Hello, I'm home. | ✔Onde histórias criam vida. Descubra agora