Ep.1 စတင်တွေ့ဆုံခြင်း

4K 187 19
                                    

Uni

စတင်တွေ့ဆုံခြင်း

သံယောဇဥ်တို့ ချစ်ခြင်းမေတ္တာတို့ဆိုတာ လှပတယ်ထင်ရပေမယ့် မမြင်နိုင်တဲ့ကြိုးတစ်ချောင်းပဲ။သံယောဇဥ်ကြီးရင်ကြီးသလို ပိုတင်းတင်းရစ်တဲ့ကြိုး။
သံယောဇဥ်နဲ့ချစ်ခြင်းမေတ္တာတို့ အစချီရာ ဒီနေရာလေးကတော့။
တောင်တွေပတ်လည်း ဝန်းရံလျက်ရှိတဲ့
ချိုင့်ဝှမ်းလွင်ပြင်လေး။

နန်းမြို့တည်ရှိရာနဲ့ အတော်ကြီးကိုအလှမ်းဝေးပြီး တောင်တွေပတ်လည်ဝန်းရံထားလို့ ပြင်ပက ရွာလေးတည်ရှိနေတာကို
သတိထားမိရန်မလွယ်။ဒီရွာကလူတွေကရော ဘာကိုပုန်းရှောင်ချင်နေကြတာလဲ။

ရွာလူကြီးရှောင်းရဲ့ခြံဝန်းက ရွာထဲကတခြားခြံဝန်းတွေနဲ့မခြားနား ပိုကျယ်ပြီး အိမ်ခြေပိုများတာလောက်ပဲရှိတယ်ရယ်။ဒီနေရာမှာ ငွေကြေးအနိမ့်အမြင့် လူဂုဏ်တန် သူဆင်းရဲဆိုတာ ဘာလဲမေးယူရမလို အားလုံးဟာမျှတတန်းတူတယ်။
ရှောင်းလူကြီးအုပ်ချုပ်ပုံကလည်း သမာသမတ်ကျလွန်းတော့
အားလုံးဟာ ပျော်ရွှင်ငြိမ်းချမ်းကြတယ်။

ရှောင်းခြံဝန်း....

မနက်ခင်းလင်းရောင်ခြည်စတာနဲ့ အိမ်ဝန်းထဲ ရှောင်းပေါက်စလေးရဲ့ ပြေးလွှားဆူညံသံက တစာစာ။

"ကျန့်အာ ဘာလို့အလောတကြီးတွေပြေးလွှားနေရတာလဲ အိန္ဒြေကိုမရဘူး ဒါ မင်း.....မင်းလုပ်သင့်တဲ့အပြုမူလား ''

"ရှောင်းလူကြီးကလည်း ကျန့်ကျန့်ဓားရေးလေ့ကျင့်ပြီးပြီလေ စာသင်ဆောင်သွားမလို့ ''

ခြံဝန်းထဲရှောင်းလူကြီးတို့သားအဖနေတဲ့အိမ် ၊ကိုယ်ရံတော်ကြီးများ လူယုံကြီးနဲ့ ဆရာကြီးကျိခုန်းတို့နေတဲ့အိမ်တွေပြီးရင် ဓားရေး မြှားပစ်လေ့ကျင့်ရာ ကွင်းပြင်ကျယ်၊ ဆရာကြီးကျိခုံးစာသင်ရာ စာသင်ဆောင်အပြင် ထင်းတဲ့လေးရှိသေးတယ်။
အနောက်ဘက်က သပ်သပ်မွေးမြူရေးခြံရှိပြီး စိုက်ခင်းများစွာလည်း ရှိသေးရဲ့။
အစားအသောက်တွက်ဆိုတာ ဆတ်လတ်တဲ့ကိုယ်တိုင်စိုက်ခြံထွက်များသာ။
ထမင်းစားဆောင်ကိုလည်း လူယုံကြီးကျိကောင်းက
တာဝန်ယူပေးထားတယ်။

နဂါးဘုရင်၏နှလုံးသား (The Dragon King's Heart)Where stories live. Discover now