Uni
နဂါးဘုရင်၏နှလုံးသား
Ep.6ရွေးချယ်စရာလမ်းနှစ်သွယ်
စျေးလယ်မှာ နဂါးကြီးလက်ထဲကနေ လူသားတစ်ယောက်လုယူခံလိုက်ရပြီးတည်းက ထိုနဂါးကြီးမှတစ်ဆင့် နဂါးတွေကြားမှာ သတင်းစကားတစ်ခုပျံ့နှံ့နေတယ်။
နဂါးဘုရင်ပေါ်ထွက်လာပြီ သူတို့ကယ်တင်ရှင်ပေါ်လာပြီမို့ လူသားတွေလက်က လွတ်မြောက်ခွင့်ရကြတော့မယ်ဆိုတာပဲ။
ညဘက်လူခြေတိတ်ချိန်ရောက်တာနဲ့ လသာဆောင်အမြင့်ပေါ်မှာ နဂါးတွေတစ်ကောင်ပြီးတစ်ကောင် ရိပေါ်ကိုလာရောက်ဦးညွှတ် ဂါရဝပြုတွေ့ဆုံကြတယ်။
ရိပေါ်ကလူသားအသွင်နဲ့ပဲလက်ခံတွေ့ဆုံခဲ့တယ်။
အဖြူရောင်လူသားလေးရှေ့ ကြီးမားတဲ့နဂါးကြီးတွေ လာရောက်ဦးညွှတ်နေတာ ဘယ်လောက်တောင်ခန်းနားလိုက်သလဲ။
ဒါကိုသူရဲ့နွေးထွေးယာလေးမရှိတဲ့ အိပ်ယာကိုသတိပြုမိပြီး.ရှောင်ကျန့်က တိတ်တဆိတ်ရှာဖွေနေရင်း မြင်တွေ့သွားခဲ့တယ်။ရှောင်ကျန့်ကအကွယ်တစ်နေရာကနေ အစအဆုံးမြင်ခွင့်ရလိုက်တယ်။
လာရောက်ဦးညွှတ်နေတာတွေ အမိန့်နာခံနေတာတွေက သူ့ရှေ့မှာထင်ထင်ရှားရှား။"မင်းရဲ့မျိုးရိုးကို ငါသိသွားပြီထင်တယ်ရိပေါ် မင်းရဲ့မျိုးရိုးကို ဝမ်လို့ ပေးမှသင့်တော်မှာပေါ့...ဝမ် ရိပေါ်....ငါ့ရဲ့ဝမ်''
ရှောင်ကျန့်က အသာလေး ပြန်လှည့်လာခဲ့တယ်။
နောက်တော်ပါးကနေ နွေးထွေးမှုပေးမယ့် ရင်ခွင်တစ်စုံအတွက် ဘာမှမသိတဲ့ကောင်လေးအဖြစ်ပေါ့။
မင်းစောင့်ရှောက်ရမယ့် မျိုးနွယ်နဲ့ ငါနဲ့မှာအရေးကြုံလာရင် မင်းဘာလုပ်မလဲရိပေါ် ။ငါ့ကိုထားလို့ သူတို့နောက်လိုက်သွားမှာလေလား။.
.
.
"အရှင် လက်ရှိမင်းကြီးအခြေနေမကောင်းပါဘူး.အရှင့်ကို ခေါ်ခိုင်းလိုက်ပါတယ် ''"ကောင်းပြီ မြန်မြန်သွားကြတာပေါ့ ''
လက်ရှိမင်းကြီး ရှောင်းကျင်းဟန်က ကုတင်ပေါ်မှာ မနည်းအသက်လုရှူနေရပြီး.နောက်ဆုံးထွက်သက် အသေဖြောင့်စေရန်အတွက် ညီတော်ရှောင်းကျင်းရှီကို စောင့်မျှော်နေဟန်။
လျောင်မင်းသမီးကလည်း.အနားမှာစိုးရိမ်သောကအပူ မျက်နှာနဲ့ထိုင်ကြည့်နေရှာတယ်။
သူ့အချစ်ရဲ့ ကိုယ်ပွားလေးအဖြစ် စောင့်ရှောက်ပေးချင်ပုံရတဲ့ မင်းသမီးနဲ့အစ်ကိုတော်ကြားက သံယောဇဥ်က သားအဖတမျှနက်ရှိုင်းတယ်။
YOU ARE READING
နဂါးဘုရင်၏နှလုံးသား (The Dragon King's Heart)
Historical FictionThe dragon king's heart ဒီ fic မှာသုံးထားတဲ့ပုံတွေအားလုံးကို credit ပေးပါတယ်။