Uni
နဂါးဘုရင်၏နှလုံးသား
Extra. 1"ဝမ်ရိပေါ် ငြိမ်ငြိမ်နေစမ်း ''
"ဘာဖြစ်လို့လဲ မင်းကငါ့ကြင်ဖော်ဆိုတာ အကုန်လုံးသိနေတာပဲ ''
"သိနေလည်းငါရှက်တယ် မင်းငြိမ်ငြိမ်နေလို့မရဘူးလား ''
"မင်းနဲ့ငါ မျက်နှာတွေ ပူးကပ်သွားတာနဲ့ဘယ်သူမှကြည့်ရဲတော့မှာမဟုတ်ဘူး ငါသေချာပြောရဲတယ် ''
"ဝမ်ရိပေါ် ''
"အာ....ကောင်းပြီ ကောင်းပြီ မင်းနိုင်တယ် ''
ထိုခါမှသူ့ကိုပေါင်ပေါ်တင်ထားပြီး မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလာတဲ့လူဆိုးကောင်။နေရာကျယ်ကြီးရှိပါသော်လည်း ပေါင်ပေါ်ကတော့ဆင်းခွင့်မပေးပေ။
သူတို့ရှေ့က ကျောက်သားကွက်လပ်ကျယ်မှာ စုရုံးနေကြတဲ့နဂါးတွေကိုကြည့်ပြီး ရှောင်ကျန့်မျက်နှာက ခရမ်းချဥ်သီးတစ်လုံးလိုရဲတွတ်နေပြီ။
သူတို့ကလူသားတွေ မဟုတ်ကြဘူးဆိုပေမယ့် ခုဆိုလူသားစကားကိုတောင် ပြောနိုင်နေပြီမဟုတ်လား။မနက်ဖြန်သူတို့မဂ်လာပွဲအတွက် အစည်းဝေး ပြုလုပ်နေခြင်းပင်။သူတို့နဂါးဘုရင်က ကြင်ဖော်ကိုပေါင်ပေါ်တင်ပြီး စကားတစ်ခွန်းပြောလိုက် ရှောင်ကျန့်ကိုကလိလိုက်လုပ်နေတာကို အောက်မှာစုရုံးနေကြတဲ့ နဂါးအပေါင်းကလည်း ခေါင်းကြီးတွေဘယ်ရမ်းလိုက် ညာရမ်းလိုက်နဲ့ မမြင်ချင်ယောင်ဆောင်နေကြတယ်။
လိုက်လည်းလိုက်ပါ့အရှင်နဲ့ ငယ်သားတွေ။ ရှောင်ကျန့်ညီလာခံနဲ့များကွာပါ့ ကိုယ့်မှာပလ္လင်ပေါ်ရာဇအိန္ဒြေကြီးတစ်ခွဲသားနဲ့ထိုင်လို့ မိဖုရားရှိလည်း ဘေးကတစ်ခွန်းမှဝင်မဟရဲ့။
မူးမတ်တွေကလည်း လိုအပ်တာတွေထောက်ပြဖို့ ချောင်းနေကြကာ အမြဲနားပူနေကြ။
နန်းသွေးလိုတာကအစ သူတို့ကိစ္စကြီးများသဖွယ်။
ဘာကိုမှ စိတျထငျတိုငျူမလုပျရဲ သင်းကတော့ တလောကလုံးဘယ်သူ့မှရှိတယ်မထင်တာ။"အရှင်တို့မဂ်လာပွဲအတွက် ကျွန်တော်မျိုးက မြေလွှာထုရဲ့သိပ်သည်းအနက်နဲဆုံးမှာရှိတဲ့ ဖိအားအများဆုံးကျောက်ကို သွားရှာပြီး လက်ဖွဲ့ပါ့မယ် ''
ESTÁS LEYENDO
နဂါးဘုရင်၏နှလုံးသား (The Dragon King's Heart)
Ficción históricaThe dragon king's heart ဒီ fic မှာသုံးထားတဲ့ပုံတွေအားလုံးကို credit ပေးပါတယ်။