( Extra - 1 )

3.7K 470 92
                                    

( Unicode )

" ဘမ်ဘီ "

တခန်းထဲအတူရှိနေပါလျက်နဲ့ အရေးမလုပ်ခံရတဲ့ဖြစ်စဥ်အောက်မှာ ချန်းယောလ်တယောက်ဘာလုပ်လို့၊ဘာကိုင်ရမှန်းမသိ၊ စိတ် ကောက်နေတဲ့ကောင်လေး စိတ်ဆိုးပြေအောင် မည်သို့ချော့မြူရမှန်းမသိဖြစ်နေ သည်။

" ဘမ်ဘီ၊ ကိုယ်ခေါ်နေတယ်လေ "

ခုတင်စွန်းမှာ ချန်းယောလ်ကိုကျောပေးပြီးခွေခွေလေးအိပ်နေသည်။ အိပ်ချင်ယောင်ဆောင်နေတယ်လို့ပြောရင်ပိုမှန်မည်။

ချန်းယောလ်ကို အခေါ်အပြောမလုပ်ချင်တာတခုတည်းနဲ့ ဝစီပိတ်ကျင့်နေတဲ့ဘမ်ဘီ့ကြောင့်ချန်းယောလ် ဒုက္ခအကြီးအကျယ်ရောက်နေတာ ထမင်းစားပြီးတည်းကရင်းဖြစ် သည်။

" ဘမ်ဘီ "

" မထိနဲ့ "

ဘမ်ဘီ့၏ပခုံးကိုထိထားသည့် မိမိ၏လက်တွေပြန်ရုတ်သိမ်းလိုက်ပြီး မှေးမှိတ်ထားတဲ့မျက်ဝန်းလေးတွေကို လှမ်းကြည့်မိသည်။

သနားစရာကောင်းတဲ့ ချန်းယောလ်ရဲ့ဘဝကတော့ မျက်စိမှာ ချစ်ရသူတယောက်လုံးရှိနေတာတောင် မထိရ၊ မကိုင်ရနဲ့ အဝေးကနေလှမ်းကြည့်နေရသည့်အနေအထားဖြစ်နေ သည်။

" ပါပါးက မှာသွားတယ်လေ။ ရန်မဖြစ်ရဘူးတဲ့။ မဟုတ်ရင် မွေးလာမယ့်ကလေးလေးက ရုပ်ဆိုးတတ်တယ်တဲ့ "

ချန်းယောလ် မွေ့ယာပေါ်တင်ပျဥ်ခွေထိုင်ရင်းခေါင်းအုံးကိုပိုက်ကာ ဘမ်ဘီစိတ်ဆိုးပြေလိုပြေငြားစကားလုံးနုနုရွရွလေးတွေပြောနေမိ သည့်တိုင် ဘမ်ဘီကတုပ်တုပ်မျှလှုပ်မလာသေးတာခက်သည်။ ဘမ်ဘီက စိတ်ဆိုးရင်ချော့ရခက်တဲ့အမျိုးအစားထဲမှာပါသလား။

ချန်းယောလ် ပြန်စဥ်းစားယူနေရသည်။ဟုတ်ပါရဲ့၊ ဘမ်ဘီ စိတ်ဆိုးဒေါသထွက်တာကိုသူ မမြင်ဖူးခဲ့ဘူး။ ဒါကလည်း ဘမ်ဘီက ချန်းယောလ်ကို သူ့စိတ်နေစိတ်ထားနဲ့ပတ်သက်ပြီးမပြောပြချင်ခဲ့တာနေမှာ။

ချန်းယောလ်သိခဲ့တဲ့ ဘမ်ဘီက အချိန်တိုင်းသူ့ကို စိတ်လှုပ်ရှားလာအောင်မြူဆွယ်ဖို့ပဲတတ်တာကိုး။ အင်း၊ ပြောရင်းတောင် ဘမ်ဘီနဲ့ အတူမနေတာကြာပြီပဲ။

The Husband [ COMPLEDED ]Where stories live. Discover now