(6)

3.9K 588 222
                                    

( Unicode )

" ဘမ်ဘီ "

အိပ်ကောင်းခြင်းတွေကို တံခါးခေါက်ကာလာနောက်ယှက်နေတဲ့ ဘမ်ဘီ့၏အသံစာစာလေးတွေကြောင့် မိုးစင်စင်မလင်းခင်မှာပဲ ချန်းယောလ် ဆက်ကနဲမျက်လုံးပွင့်လာရ၏။

ဘေးနားမှာလည်း အသက်ရူသံပြင်းပြင်းဖြင့်အိပ်မောကျနေတဲ့ အယ်ရီကာသည် ချန်းယောလ်ကိုကျောပေးပြီး ခုတင်စွန်ဖျားမှာကွေးကွေးလေးအိပ်နေသည်။

ရင်ဘတ်အထိဆွဲခြုံထားတဲ့ စောင်ကိုလှပ်လိုက်တဲ့အခါမှာတော့ အောက်ပိုင်းတနေရာမွေးရာပါပိုင်ဆိုင်မှု၏ အခြေအေနဆိုးဝါးနေတာကိုတွေ့လိုက်ပါရော။

အာကာသထဲကို လွှတ်တင်မယ့်ဒုံးပျံယာဥ်အလား ထောင်မတ်နိုင်လွန်းသည်။

စိတ်ပျက်ပျက်ဖြင့် ခပ်တိုးတိုးညည်းတွားရင်း ဖုန်းကိုကြည့်လိုက်တော့ မနက် ၄ နာရီသာရှိသေးသည်။

မနေ့ညက အိပ်ရာဝင်တာစောတာကြောင့်လား၊ အိပ်မက်ထဲက ဘမ်ဘီ့ကောင်းမှုကြောင့်လား သေသေချာချာမပြောတတ်ပေမယ့် အခုတော့ ပြန်အိပ်၍ပင်မရနိုင်လောက်အောင်မျက်လုံးအိမ်ကျယ်သွားရပြီဖြစ်သည်။

ဘက်ထရီ ၁၀၀ ရာခိုင်နှုန်းဖြစ်နေတဲ့ဖုန်းကိုအားသွင်းကြိုးကနေဖြုတ်ယူလိုက်ရင်း ချန်းယောလ်ရေချိုးခန်းထဲ ဝင်လိုက်သည်။

​ဘိုထိုင်ကိုအဖုံးပိတ်ကာထိုင်လိုက်ရင်း ညအိပ်ဘောင်းဘီကို ခြေမျက်စိနားရောက်အောင်ချွတ်ချပြီး ဖုန်းကိုဖွင့်ကာ မိမိကိစ္စအားပြီးမြှောက်စေနိုင်သော ဗွီဒီယိုအတိုအ ထွာလေးကိုရှာနေမိ၏။

၅ မိနစ်ခန့်သာ ကြာသွားသည်။ အဆင်ပြေမယ့်ကိစ္စက မတွေ့နိုင်သေးပေ။ ကိုယ်တိုင်ကပဲ ဂျေးဂျွတ်များနေမိ၍လား မသိပေမယ့်ရွေးမိတာဆိုလို့ ...

အသံပါဝါ အားကောင်းရမည်။
ခံစားချက်တွေကို မျက်နှာပေါ်ပြည့်ပြည့်ဝဝဖော်ပြနိုင်ရမည်။

အဲ့နှစ်ချက်လေးပဲရှိခဲ့တာပါ။ တကယ်ပဲချန်း ယောလ်လိုချင်တဲ့ ပုံစံကို အပြာရောင်အချစ်ဇာတ်လမ်းတွေထဲကလူတွေ မစွမ်းဆောင်ပေးနိုင်တော့ဘူးလား။

The Husband [ COMPLEDED ]Where stories live. Discover now