( Extra - 4 )

4K 330 60
                                    

( Unicode )

ကျလိ၊ကျလိမြည်သော ကျေးငှက်တို့တွန် ကျူးသံကြောင့် ဦးဆုံးနှိုးလာသူမှာအကြောဗြိုင်းဗြိုင်းထနေသော တုတ်တုတ်ခဲလေးဖြစ်သည်။

ပြီးနောက်မှာတော့ ပိုင်ရှင်ဖြစ်တဲ့ ပတ်ခ်ချန်းယောလ်ပေါ့။

ခန္ဓာကိုယ်အောက်ပိုင်းတနေရာ ထောင်မတ်လွန်းတဲ့ခံစားချက်ကို စိတ်ပျက်ညည်းတွားခြင်းဖြင့်အစပြုရင်း ဘေးဘီဝဲယာကိုစမ်းလိုက်သည်။

အေးစက်တဲ့အထိအတွေ့ကြောင့် ငေါက်ခနဲထ,ထိုင်ရင်း ပွယောင်းနေသောမိမိ၏ခေါင်းကိုသုံး၊လေးချက် ဆွဲကုတ်လိုက်သည်။

" ဘမ်ဘီ၊ ဘယ်ရောက်သွားတာလဲ "

ခြုံထားတဲ့စောင်ပါးလေးကိုထိုးဖောက်ချင်နေသည့် မိမိ၏တုတ်ခဲလေးအား ခပ်နာနာဖိပွတ်လိုက်ရင်း ကုတင်ပေါ်ကနေဆင်းလိုက်သည်။

အခန်းအပြင်ထွက်ဖို့ကြိုးစားရာကနေ သန့်စင်ခန်းအတွင်းကနေ ရေဆွဲချသံ​ကြားရ၏။ဤသို့ဖြင့် ချန်းယောလ်၏ခြေလှမ်းတွေကိုအသံလာရာအတိုင်း လျှောက်လှမ်းမိသည်။

ဂျလောက်။

တံခါးဖွင့်သံကြောင့် မျက်နှာသစ်၊သွားတိုက်နေတဲ့ ဘတ်ခ်ဟျွန်းတယောက် ခန္ဓာကိုယ်တုန်ယင်မတတ်လန့်သွားရသည်။ တွေးချင်ရာတွေးပြီး သတိလက်လွတ်ဖြစ်နေတဲ့အနေ အထား​ကနေ ချန်းယောလ်ကိုမြင်ပြီး မျက် လုံးပြူးသွားတဲ့ ဘမ်ဘီ့အနားကိုတိုးကပ်လိုက်သည်။

အခန်းထဲဝင်လာတဲ့ချန်းယောလ်ကိုမြင်ပြီးမျက်လုံးကျွတ်ထွက်ကြမတတ်ဖြစ်သွားရသည်။ ဘာလို့ သူ့အောက်ပိုင်းတနေရာက အဆမတန်ထောင်ထွက်နေရတာလဲ။ စော စောစီးစီးပြေးပေါက်မှားပြန်ပြီနှင့်တူတယ်။

" အနားမလာနဲ့ "

သွားပွတ်တံကို သွားနှင့်ကိုက်ရင်း လက်တဖက်ဆန့်ကာ ချန်းယောလ်ရင်ဘတ်ကိုတားထားရသည်။

" ဘာဖြစ်ပြန်တာလဲ "

" ခင်ဗျားကိစ္စကို ကျွန်တော်နဲ့လာမရှင်းနဲ့၊ကိုယ့်ဘာသာလုပ် "

ဘမ်ဘီ ဘာကိုဆိုလိုချင်သလဲဆိုတာချန်းယောလ် ကောင်းကောင်းကြီးသဘောပေါက်ပေ၏။

The Husband [ COMPLEDED ]Where stories live. Discover now