Chapter - 1

3.1K 330 5
                                    

[UNICODE]

(ချူပိုင်)

ချူပိုင် မကြာခင်က အနုပညာဌာနရဲ့ အလှလေး ရှုယင်းကို ချစ်မိသွားခဲ့တယ်။

မိန်းကလေးရဲ့ကြော့ရှင်းမှု၊ ရှည်လျားဖြောင့်စင်းတဲ့နက်မှောင်သောဆံပင်၊ ဖြူဖျော့ဖျော့အသားအရည်နဲ့ သူ့ရဲ့နူးညံ့လှပတဲ့အပြုံးတွေက မိတ်ဆုံစားပွဲမှာ ဒုတိယသခင်လေးချူကို သဘောခွေ့သွားစေခဲ့သည်။ ထိုညက အိပ်ဆောင်ကိုပြန်ရောက်လာပြီးတဲ့နောက် သူစိတ်ဆုံးဖြတ်လိုက်တယ်! သူမကိုပိုးပန်းချင်တယ်!

ဒုတိယသခင်လေးချူက အချစ်နဲ့ပတ်သက်ပြီး အတွေ့အကြုံသိပ်မရှိသော်ငြားလည်း သူကသူ့ကိုယ်သူယုံကြည်မှုတော့ရှိတယ်။ သူကရုပ်ချောတယ်၊ သူ့မိသားစုကလည်းချမ်းသာပြီး သူ့အကျင့်စရိုက်အရဆို သူ့ကောင်မလေးက သေချာပေါက်ကိုမျက်နှာသာပေးမှာပဲ! သူ့ရဲ့အထက်တန်းနောက်ဆုံးနှစ်တုန်းက ထောင်ချီတဲ့ရည်းစားစာတွေ တကယ်ရခဲ့တာကို မင်းသိထားသင့်တယ်! သူ့ရဲ့ကျော်ကြားမှုအတိုင်းအတာကို စိတ်ကူးကြည့်စမ်းပါ!

သူ့စံနှုန်းသတ်မှတ်ချက်တွေ အရမ်းမြင့်တာကြောင့်သာမဟုတ်ရင် ဒီအသက်အရွယ်ထိ အချစ်ကိုအတွေ့အကြုံမရှိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

အခုတော့...ဟေး...သူမကြာခင် ကောင်မလေးရတော့မယ်!

ချူပိုင်အိပ်ယာပေါ်လှဲရင်း လေချွန်နေပုံက အိပ်ခန်းတစ်လျှောက် ရွှင်မြူးနေသံပေါက်နေသည်။

တစ်ဖက်ကုတင်ပေါ်က ဝမ်ဖန်းက ဂိမ်းတိုက်ခိုက်မှုအလယ်၌ရှိနေခဲ့၏။ ဒီတစ်ကြိမ်မှာတော့ သူ့ကိုကြည့်ပြီး မလှောင်ပြောင်ပဲမနေနိုင်တော့ချေ။

"ဘာလဲ ဒုတိယသခင်လေးချူက မိတ်ဆုံစားပွဲသွားပြီး အခုတော့ မင်းရဲ့နှလုံးသားလေးက ပန်းတွေပွင့်နေပြီလား?"

တံခါးဖွင့်ပြီးအခန်းထဲဝင်လာတဲ့ တုဝေကန်းက ထိုစကားကိုကြားလိုက်တဲ့အခါ သူ့လက်အနည်းငယ်တုန်လှုပ်သွားပြီး မျက်ဝန်းတွေလည်း မည်းမှောင်သွားဟန်ပေါ်၏။ ထိုအရာက ပတ်ဝန်းကျင်လေထုရဲ့ အပူချိန်ကိုကျဆင်းသွားစေပြီး ဝမ်ဖန်းကိုကျောချမ်းသွားစေတယ်။

MEASLM [MM Translation] [COMPLETED]Tempat cerita menjadi hidup. Temukan sekarang