Part 1

1.9K 185 6
                                    

ဂျိုဆွန်းခေတ် Luar (လူရာအင်ပါယာ )

လက်ရှိဘုရင် Yeol ( Saul Mo ဘုရင်၏
သားတော်အကြီးဆုံး Yeol အိမ်ရှေ့စံမင်းသား )

နာမည်အရင်း Park Yeol

ယုန်ခုနစ် လ၏အလင်းရောင်
အပြာရောင်ပြောင်းသော
ညတွင် ဖွားမြင်သည်။

ရက်စက်ခြင်းကို ကိုယ်စားပြုသော
အပြာရောင်သမ်းသည့် မျက်လုံးအိမ်တွေ၏
ပိုင်ရှင်ဖြစ်သည်။

ရက်စက်သောည၏အပြာရောင်လ ဟု
တင်စားခေါ်ဝေါ်ကြသည်။

မြောက်မြားစွာသော
ကြွေးကြော်သံတွေကိုကျော်ဖြတ်ကာ
တိုက်ပွဲတွေကိုသွေးချောင်းစီးစေသူ။

သေဆုံးသူတွေ၏ ဝိညာဉ်ငိုသံများနှင့်
တိုင်းသူပြည်သားများ၏
အကြောက်တရားကိုဝါးမြိုပြီး
အသက် ၂၉နှစ်တွင် ရဲရင့်ရက်စက်သော
ဘုရင်တစ်ပါးဖြစ်လာခဲ့သည်။

ထီးနန်းရပြီးနောက်တွင် Parkyeol
မင်းတရားကြီး
ပြုခဲ့သော ပထမဦးဆုံးအကြောင်းအရာသည်
ညီတော် ကို ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်

Parkyeol ထီးနန်းကို အုပ်စိုးခွင့်ရခဲ့စဉ်တွင်
လူရာ၏ အရှေ့မြောက်ဘက်တွင်ရှိနေသော
ဂန်ချာ လူမျိုးစုကို လူမျိုးတုံးသတ်ဖြတ်ကာ
နယ်မြေသိမ်းယူပြီး ဂျိုဆွန်း၏အခြားသော
အင်ပါယာများကို စိန်ခေါ်ခဲ့သည်။

ဂန်ချာ ကိုသိမ်းယူခဲ့သော ထိုဖြစ်စဉ်သည်
ဂျိုဆွန်းပြည်နယ်အတွက်သာမက အခြားသော
အင်အားနည်းသည့်ပြည်နယ်များအတွက်
ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့သည်။

ParkYeol ၏ မတရားသော သွေးချောင်းစီးမှုကို
မလိုလားသော ပြည်နယ်ငယ်များသည်
ဂျိုဆွန်း ၏လက်အောက်ခံအဖြစ်ခံယူရန်လည်း
မလိုလားကျ။

လက်တုံ့ပြန်ရန်ရည်ရွယ်သူများ။
ခေါင်းငုံ့မခံလိုသော အင်ပါယာခေါင်းဆောင်များ
အားလုံးစုပေါင်း၍ ဟယ်ဆို အမည်ရှိသည့်
ပြည်နယ်တစ်ခုကိုသီးသန့်တည်ထောင်ခဲ့ကြသည်။
သေးငယ်သောမီးပွားလေးတွေ စုပေါင်းရင်း
ကြီးမားသော မီးတောက်တစ်ခုဖြစ်လာသကဲ့သို့
အားနည်းသောပြည်နယ်များစုပေါင်းတည်ထောင်ခဲ့ကြသော ဟယ်ဆို ဟာ Parkyeol ကိုမျက်နှာချင်းဆိုင် ခြိမ်းခြောက်နိူင်ခြင်းမပြုနိူင်သေးသော်လည်း Parkyeol ၏အမြင်ကိုစူးစေသော
ဆံပင်မွှေးတစ်ချောင်းအဖြစ် တည်ရှိလာခဲ့သည်။

Drag The Blue LuarWhere stories live. Discover now