((Zawgyi))
အပိုင်း (၁၈)
ထောက်ပံ့သူ၏ အနီးကပ်သင်တန်း💊💊💊
ကုန်းရိထျန်းယန်သည် တိုက်ခိုက်ရေးစင်မြင့်၏ အစွန်သို့ ကိုယ်ဖော့ကာ ခုန်တက်သွားသည်။သူ့အသွင်အပြင်က ငယ်ရွယ်နုနယ်ကာ ကလေးဆန်သော ကောင်လေးတစ်ယောက်နှယ်ထင်ရသော်လည်း မျက်နှာထားနှင့်အမူအရာကတော့ ဆုံးဖြတ်ချက် ခိုင်မာနေသည်။
ထိုအချိန်တွင် အပေါ်ဘက်မှ ပျံလွင့်လာသည့် စကားသံများကို ကုကျိုး ကြားလိုက်သည်။
"ယန်အာ,က လိုအပ်ချက်တွေ ရှိသေးတယ်....."
"နှမြောစရာပဲ၊ ဟန်အာ,သာ သိုင်းပညာကျင့်ကြံနိုင်ရင် အခုလိုဖြစ်မှာမဟုတ်ဘူး"
"အဲ့လိုမပြောပါနဲ့၊ ယန်အာ,ရဲ့ ပင်ကိုအရည်အချင်းကလည်း အရမ်းကောင်းပါတယ်!"
"ဒါပေမယ့် တခြားမျိုးနွယ်စုက ထူးချွန်တဲ့ကလေးတွေနဲ့ ယှဉ်လိုက်ရင် နည်းနည်း နိမ့်နေသေးတယ်......"
"အနွယ်ဝင်အိမ်တော်ခွဲတွေကလည်း ပါရမီပါတဲ့သူ နည်းနည်းပဲ မွေးထုတ်နိုင်တာ"
"သူတို့က ယန်အာ,ထက် နည်းနည်းပိုသာတယ်ဆိုပေမယ့် တခြားမျိုးနွယ်စုတွေနဲ့ ယှဉ်ရင်တော့ လိုအပ်ချက်တွေ ရှိသေးတာပဲ။ ငါ့ရဲ့ ကုန်းရိအိမ်တော်က ဒီမျိုးဆက်မှာ နောက်ထပ် ထူးချွန်သူ တစ်ယောက်လောက် ထပ်ပြီးမပေါ်လာတော့ဘူးလား!"
"အား, ခက်ခဲတယ်.... ခက်ခဲတယ်!"
ကုကျိုးသည် သူတို့၏ ပြောစကားများကို နားထောင်ကြည့်ရင်း ဆိုလိုရင်းသဘောကို အကြမ်းဖျင်း နားလည်လိုက်သည်။
မျိုးနွယ်စုအိမ်တော်ကြီး(၅)ခုသည် မိမိတို့လူငယ်မျိုးဆက် အဆင့်ဆင့်မှ ထွက်ပေါ်လာသည့် သိုင်းပညာရှင် အကျော်အမော်များကို မှီခိုအားထားပြီး တစ်အိမ်နှင့်တစ်အိမ် သူ့ထက်ငါ အပြိုင်အဆိုင် သာလွန်အောင်မြင်အောင် ကြိုးပမ်းကြသည်။ ထို့အပြင် အိမ်တော်အချင်းချင်းသည် တခြား မည်သည့် အိမ်တော်ကိုမှ အကျောပေး အရှုံးခံ၍ မဖြစ်ပေ။
အရှိကိုအရှိအတိုင်း ပြောရလျှင် မျိုးနွယ်စုအိမ်တော်များတွင် မိသားစုဝင်ပေါင်းများစွာရှိပြီး အိမ်တော်များက ထိုလူများ၏ သိုင်းပညာ လေ့ကျင့်ရေးအတွက် အရင်းအနှီးများစွာ စိုက်ထုတ်ထားကြသည်။ အကျိုးဆက်အနေဖြင့် အိမ်တော်တိုင်း၏ မျိုးဆက်သစ်များထဲမှ ရွယ်တူမောင်နှမသားချင်းများထက် သိုင်းပညာ ပိုမိုထူးချွန်သူများ တစ်ယောက်စ၊ နှစ်ယောက်စ ထွက်ပေါ်လာပေမည်။ ထိုသူတို့သည် တစ်မိပေါက် တစ်ယောက်ထွန်း ပါရမီရှင်ထူးချွန်သူများဖြစ်လာသည်။ ထိုပါရမီရှင်များကြားတွင် ပထမနေရာရရှိရန် အချင်းချင်း ယှဉ်ပြိုင်မှုများက ရှောင်လွဲ၍မရသလို တစ်ဖက်တွင်လည်း မျိုးနွယ်စု အိမ်တော်များသည် လုပ်ပိုင်ခွင့်နှင့် အကျိုးအမြတ်များအတွက် အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်ကြရသည်။ ထိုပါရမီရှင်များထဲမှ ဒုတိယနေရာကို ရရှိသူများကို ပထမနေရာရရှိသူများ ကံမကောင်းအကြောင်းမလှ၍ အဖြစ်ဆိုးနှင့် ကြုံရလျှင် ထိုသူများနေရာတွင် အစားထိုးနိုင်ရန် အပြင်းအထန် ကြိုးစားလေ့ကျင့်ပေးကြသည်။
BẠN ĐANG ĐỌC
မင်းအတွက် ဆေးတစ်ခွက် [System]
Ngẫu nhiênကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...