((Zawgyi))
အတွဲ(၂) - ပါရမီအစွမ်းများအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်း
အပိုင်း (၄၈) - မိသားစုအိမ်တော်အား တုန်လှုပ်စေခြင်း💊💊💊
ကုန်းရိအိမ်တော်။
လက်ရှိအိမ်တော်ခေါင်းဆောင်ဖြစ်သူ ကုန်းရိယန်၊ ဇနီးကတော်ဖြစ်သူ လျိုစုရန်နှင့် သားသမီးသုံးယောက်တို့မှ သူတို့အား ဝမ်းပမ်းတသာ ခရီးဦးကြိုပြုကြသည်။
မိသားစု၏ အကြီးဆုံးသားဖြစ်သူသည် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေး ထူးချွန်ထက်မြက်သော်ငြား ကံအကြောင်းမလှသည့်အတွက် တိတ်ဆိတ်ငြိမ်းချမ်းစွာ နေထိုင်ရသည်ကိုသာ ခုန်မင်နှစ်သက်၏။ ထို့အချက်ကြောင့် သူတို့သည် သားကြီးဖြစ်သူအား အိမ်တော်မှထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခုလို မိသားစုအရင်းအချာများ ရှားရှားပါးပါး ပြန်လည်ဆုံစည်းရသည့်အခါတိုင်း သူတို့က မိမိတို့၏ အကြီးဆုံးသားဖြစ်သူအား ချစ်ခြင်းမေတ္တာများ ရရှိခံစားမိစေရန်ရည်ရွယ်၍ အခေါက်တိုင်း ကိုယ်တိုင်ကိုယ်ကျ ထွက်ကာ ခရီးဦးကြိုပြုကြမြဲဖြစ်သည်။
ကုန်းရိထျန်းဟန်၏ အကြည့်များ နွေးထွေးလို့သွားသည်။ သူက အရင်အတိုင်း မိသားစုဆွေမျိုးများနှင့်အတူ ဧည့်ခန်းမဆောင်ကြီးဆီသို့ လိုက်ပါကာ အဘိုးဖြစ်သူ ကုန်းရိကျိုးယွဲ့၏ လေ့ကျင့်ရေးခန်းမသို့ ဝင်ရောက်သွားသည်။
အကြီးအကဲများအား ဂါရဝပြုပြီးနောက် သူတို့အားလုံး နေရာယူ ထိုင်လိုက်ကြ၏။
ကုန်းရိကျိုးယွဲ့က သက်ပြင်းချကာ:
"ထျန်းဟန်၊ မင်း ဒီအချိန်ကြီး ဘာလို့ပြန်လာတာလဲ?"
သူ၏ ချစ်လှစွာသောမြေးဖြစ်သူသည် ရေလိုက်ငါးလိုက် ပါဝင်လုပ်ဆောင်နေမှန်း သူကိုယ်တိုင် ရှင်းရှင်းကြီး သဘောပေါက်ထား၏။ မျိုးနွယ်စုတိုက်ပွဲ၌ သူ၏ချစ်လှစွာသော မြေးဖြစ်သူကိုယ်စား လုံရိအား ပါဝင်တိုက်ခိုက်စေခြင်းမှာ ပုံမှန်အားဖြင့် ဘက်ပေါင်းစုံမှ ရောက်ရှိလာနိုင်သော အကြောင်းတရားများအပေါ် အပေးအယူညှိနှိုင်းမှုသဘောအရ ခွင့်ပြုထားခြင်းမျှသာဖြစ်သည်။ နဂါးပြာရေအိုင်၏ နေရာဝေစုဆိုသည်မှာ အလွန်အဖိုးတန်သောအရာဖြစ်သည့်အလျောက် လုံရိအား စေလွှတ်၍ အကျိုးခံစားခွင့်ပြုရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ESTÁS LEYENDO
မင်းအတွက် ဆေးတစ်ခွက် [System]
De Todoကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...