လိပ်ပြာ ( ၁၅ )
သူသည် ရေစိုအင်္ကျီဖြင့် အချိန်ကြာမြင့်စွာနေခဲ့သောကြောင့် အဆုတ်အအေးပတ်ကာ ၂ ရက်တိုင် အပြင်းဖျားခဲ့သည်။ နေမကောင်းရလောက်အောင်အထိ ရေစိုအဝတ်နဲ့နေခဲ့သော သူ့ကို လူကြီးတွေ ကရုဏာဒေါသဖြစ်သော်လည်း မဆူကြပါ။ မိသားစု ဆရာဝန်က ၃ရက်တိုက်တိုင် အိမ်လာ ကြည့်ပေးခဲ့ရသည်။ လူကြီးတွေအားလုံး စိတ်ပူနေကြပြီး မေမေလည်း ဈေးဆိုင်မဖွင့်နိုင်ပဲ သူ့ဘေးနားမှာ ရှိနေပေးသည်။ အလင်းကလည်း လူကြီးတွေနဲ့အတူ သူ့ဘေးနားမှာရှိနေခဲ့သည်။ သူ့ဖျားနေတုန်း အတူလာအိပ်ပေးမယ်ပြောတုန်းက သူ ဒေါသထွက်ကာ အော်ပစ်ခဲ့သေးသည်။
အဖျားပျောက်တော့ အလင်းနဲ့မျက်နှာချင်းအတူတူ မဆိုင်ချင်တာမို့ ရှောင်နေခဲ့သည်။ မေမေနဲ့ အတူ ဗိုလ်ချုပ်ဈေးကို လိုက်သွားပြီး ဆိုင်အတူထိုင်ပေးသည်။ နှလုံးသားက နာကျင်နေဆဲမို့ တစ်ခါတလေ အတွေးထဲနစ်မြောနေမိကာ ခေါ်တာတောင်မကြား ဖြစ်ခဲ့သည်။ Mixer လေးကို အိမ်မှာ ထားခဲ့ရသောကြောင့်လည်း ပိုပြီး စိတ်မကောင်းဖြစ်ရသညိ။ မေမေကတော့ သူ့သားလေး သူနဲ့အတူ ဆိုင်ထိုင်တာမို့ ဝမ်းသားအားရပျော်နေသည်။ ဆိုင်တွင် မစံပယ်ထက် သူ့ကို မေမေကပိုအားကိုးသည်။ သူရှိသည့်ရက်တွေမှာ ဈေးပိုရောင်းရတာ သူသားငယ်ချောချောလေးကြောင့်ဟု ပြောသည်။ဆိုင်မှာ တစ်နေကုန်မို့ ညနေစာစားချိန်ကလွဲရင်း အလင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ အကြောင်းမရှိတော့ပါ။ အားတဲ့အချိန် အခန်းထဲမှာပဲနေပြီး fb လည်းမသုံးဖြစ်ပဲ Mixer လေးနဲ့ဆော့လိုက် ဂိမ်းပဲကစားလိုက် အချိန်ကုန်စေသည်။ ဗိုလ်ချုပ်ဈေးပိတ်ရက်တွင် နေ့လည်စာစားပြီးအခန်းပြန်ဝင်တော့ အလင်း နောက်ကလိုက်ဝင်လာသည်။
"မင်း ဘာလို့ငါ့အခန်းထဲဝင်လာတာလဲ"
"ငါ မင်းကို ပြောချင်လို့ ကွာ"
" မပြောနဲ့တော့အလင်း မင်းပြောတာလည်း ငါနားမထောင်ချင်ဘူး"
တကယ်တော့ သူအလင်းကိုလွမ်းနေခဲ့တာပါ။ အလင်းနဲ့ပြောခဲ့တဲ့ စကားလေးတွေကို ပြန်ကြားမိနေတာပါ။ အလင်းက အခါးတံခါးလော့ကို ချလိုက်သည်။
" မင်းမကျေနပ်ရင်ငါ့ကိုထိုးလိုက်ညဏ်သာ ဒါပေမယ့် ငါပြောမယ့်စကားတော့ မင်းနားထောင်"
"ဘာ မင်းကိုထိုးစေချင်တာဟုတ်လား အေး ငါကလဲမင်းကို ထိုးချင်နေတာ ကဲကွာ"
"ခွပ်"
သူ အလင်းမျက်နှာကို လက်သီးနှင့်ခပ်ပြင်းပြင်းထိုးလိုက်သည်။
"အာ့"
အလင်းသည် နာကျင်လွန်း အားကြီးစွာ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်သည်။
"ငါ့ရင်ဘတ်ထဲက နာကျင်မှုတွေက မင်းအခုနာကျင်မှုထက် အဆပေါင်းများစွာပိုတယ်ကွ အဲ့တာမင်းသိလား"
အလင်းနုတ်ခမ်းအတွင်းသား သွားနဲ့ထိကာပေါက်သွားပြီး ပါးစပ်ကသွေးတွေထွက်လာသည်။
"မင်း မကျေနပ်သေးရင်ထပ်ထိုးလေ"
"တကယ်လား"
"ငါ ယောက်ျားပါကွ စကားကိုနှစ်ခါမပြောဘူး"
ပြောပြီးမှ အလင်းသည် သူ့စကားမှားမှန်းသိသွားသည်။ ပြီးမှ ဆောရီး ဆိုသည့်အကြည့်ဖြင့်ကြည့်သည်။
"အေး မကျေနပ်သေးဘူး ထိုးမယ်ကွာ"
သူသည် နောက်ထပ် အလင်းမျက်နှာကို အားပြင်းပြင်းနှင့်နှစ်ချက်ဆင့်ထိုးလိုက်သည်။ သူ့လက်၏ နာကျင်မှုအသိနှင့်အတူ အလင်း၏မျက်နှာ နာကျင်မှုကိုပါ ခံစားလိုက်ရသည်။ အလင်းသည် နာကျင်လှသောကြောင့် စူးစူးဝါးဝါးအော်ကာ floor ပေါ်ထိုင်ချလိုက်ပြီး မျက်နှာကိုဒူးနဲ့ကပ်ထားသည်။ သူ အလင်းကိုထိုးလိုက်မိပြီးနောက် မခံစားနိုင်တော့ဘဲ မျက်ရည်တွေကျလာသည်။ သူ အမြတ်တနိုးရှိလှသော အလင်းရဲ့မျက်နှာနုနုလေးကို သူထိုးလိုက်တာ။ သူ့ ရင်ဘတ်ထဲမှာနင့်နေအောင် အောင့်နေသည်။
"မင်း ကျေနပ်ပြီလား "
အလင်းသည် ခေါင်းမော့ကြည့်ရင်းမေးသည်။ အလင်းရဲ့ပါးနဲ့နဖူးမှာ နီညိုရောင်သန်းသွားသည်။ နုတ်ခမ်းမှာလည်းသွေးစတစ်ချို့ ရှိနေသေးသည်။
"မကျေနပ်ရင်ဆက်ထိုးလေ မင်းကြိုက်သလောက်ထိုး"
သူ ငိုရှိုက်ရင်း ကုတင်ပေါ်ထိုင်ချလိုက်သည်။
"မင်းခံစားရမယ်ဆိုတာ ငါနားလည်ပါတယ်ညဏ်သာ ဒါပေမယ့်ငါတို့က ညီအစ်ကိုတွေလေ ယောက်ျားလေးတွေ ...........အနေနီးစပ်လို့ မဖြစ်သင့်တာတွေဖြစ်သွားခဲ့ပေမယ့် အမြဲတမ်းဒီလိုနေသွားလို့မရဘူးလေ ...............တစ်နေ့ ငါတို့ရဲ့အနာဂတ်မှာ မိသားစုဘဝဆိုတာလည်းရှိသေးတယ် အဲ့ဒီအတွက် လက်ထပ်ထိမ်းမြားခြင်းဆိုတာလည်းရှိမှာပဲ ..........ငါတို့ အသက် ဒီ၁၇ နှစ်အရွယ်မှာ ချစ်သူရည်စားထားတယ်ဆိုတာလည်း သဘာဝပဲ မင်းပဲစဉ်းစားကြည့်လေ ...........စုထားငါ့ကိုကြိုက်တယ်ကွာ ငါကလည်းပြန်ကြိုက်တယ် စုထားကိုတားမရသလို ငါ့ကိုယ်ငါလည်းစုထားကို မကြိုက်အောင်တားလို့မရဘူး"
အလင်းသည် ယောက်ျားအစစ်တစ်ယောက်ဆိုတာ သူအစကတည်းက သိခဲ့ပါသည်။ သို့သော်.........
"အေး မင်းကိုချစ်နေတဲ့ ငါ့နှလုံးသားကိုလည်း ငါတားလို့မရဘူး"
အလင်းကို ညီအစ်ကိုထကိပိုတဲ့ သံယောဇဉ်တွေနဲ့ ချစ်သွားခဲ့မိတာ အဲ့တာမှားသွားလား။
"ငါသိပါတယ်ညဏ်သာရာ ငါနားလည်ပါတယ် ဒီကိစ္စတွေအကုန်လုံးက မင်းအမှားမဟုတ်ဘူး .......ငါ့စိတ်ကို အလိုလိုက်မိတဲ့ ငါ့အမှားတွေပဲ ........ဒါကြောင့် ငါ့မျက်နှာပေါ်က မင်းထိုးထားတဲ့လက်သီးဒဏ်ရာကို လူကြီးတွေတွေ့ရင် တစ်ခုခုနဲ့ထိခိုက်မိတာလို့ပြောလိုက်မယ်"
"လူကြီးတွေကိုညာလို့ရမယ်တဲ့လား ငါထိုးတာပဲ ငါထိုးတာလို့ပြောလိုက်"
ထို့နောက် ညဏ်သာသည် သူမြတ်နိုးသော အလင်းမျက်နှာပေါ်က နီညိုရောင်ဒဏ်ရာတွေကို သူကိုယ်တိုင် ဆေးပြန်လိမ်းပေးနေခဲ့သည်။ အလင်းသည် အပြစ်ကင်စင်သူတစ်ယောက်ရဲ့မျက်လုံးတွေလို ကြည်ကြည်လင်လင်လေးနဲ့ သူ့ကိုစိုက်ကြည့်နေပြန်သည်။လူကြီးတွေတွေ့သောအခါ အမှန်အတိုင်းပင် သူထိုးလိုက်တာဟုပြောလိုက်သည်။ ဘာဖြစ်လို့ထိုးတာလဲဟု အကြောင်းရင်းကိုမေးသော်လည်း သူကော အလင်းကော ဘာမှမဖြေဘဲတိတ်ဆိတ်နေခဲ့ကြသည်။
" ငါ့သားက တစ်ခါမှ ရန်ဖြစ်ဖူးတာမဟုတ်ဘူး မင်းရဲ့ စိတ်ရိုင်းတွေ ငါ့သားကိုသင်မပေးနဲ့ "
မေမေက သူ့ဘက်ကပါပြီး အလင်းကိုဆူနေပြန်သည်။မေမေကြီးကမူ ဘယ်သူမှ လုံးဝရန်မဖြစ်ရဘူးဟု ပြောသည်။
" အလင်းနဲ့ညဏ်သာနော် မေမေကြီး တစ်ခြားဟာတွေ ခွင့်လွှတ်ပေမယ့် အချင်းချင်းရန်ဖြစ်ရင် ခွင့်မလွှတ်ဘူး စိတ်ဆိုးမှာနော်"
အလင်းကတော့ သူ့ကို အရင်လိုပဲ ရင်းရင်းနှီးနှီးခင်ခင်မင်မင် ခေါ်ပြောသည်။ သူတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့သလိုပါပဲ။ ဟန်ဆောင်နေတာလား တကယ်ပဲလား သူနားမလည်နိုင်တော့ပါ။ သူကတော့ ဘဝမှာဦးဦးဖျားဖျားနဲ့ မြတ်မြတ်နိုးနိုးချစ်သွားခဲ့သူမို့ နာကျင်မှုဒဏ်ကို ဝမ်းနည်းစွာနဲ့ တိတ်တဆိတ်ခံစားနေမိသည်။ ထိုခံစားမှုသည် အသည်းကွဲသူတစ်ယောက်၏ ခံစားမှုမျိုးဖြစ်နိုင်ပါသည်။ ကံကြမ္မာသည် ရေနစ်သူဝါးကူထိုး ဆိုသကဲ့သို့ နှလုံးသား၏နာကျင်မှုကို ပို၍ဆိုးဆိုးရွားရွားဖြစ်အောင်ဖန်တီးလာပါတော့သည်။
မိုးများသည်းထန်စွာရွာနေသော ဇွန်လ၏ညနေခင်းတစ်ခုမှာဖြစ်သည်။ မေမေနှင့်အတူ ဗိုလ်ချုပ်ဈေးက ပြန်ရောက်ပြီး အခန်းထဲခဏနားနေချိန်ဖြစ်သည်။ ရေချိုးပြီးနားနေချိန်တွင် Mixer လေးက သူ့ဘေးနားတွင် တဝုတ်ဝုတ်အော်ကာ အစာတောင်းသည်။ သူလည်း အခန်းထဲမှာ ခွေးစာကုန်နေသောကြောင့် အောက်ဆင်းကာ ဒေါလေးမိချိုဆီသွားတောင်းသည်။ ခွေးစာယူပြီးပြန်အလာ မေမေအခန်းရှေ့ကဖြတ်တော့ အခန်းထဲမှာ ကျယ်လောင်စွာ စကားများသံတွေကြားနေရသည်။ ဖေဖေနဲ့မေမေ စကားများတာလားဟု အခန်းတံခါးဝမှာ တိတ်တဆိတ်ရပ်ကာ ချောင်းနားထောင်မိသည်။ ဖေဖေလည်း ပုံမှန်ဆိုဒီအချိန် အိမ်ပြန်မရောက်တတ်သေးပါဘူး ။ ဒါဆိုဘယ်သူလဲ။
"ခက်ဘက်ကလည်း စဉ်းစားကြည့်ဦးလေ တကယ်ဆို နှစ်ပေါင်းများစွာ အမြစ်တည်လာခဲ့တဲ့ ဒဏ်ရာတွေက အသစ်ပြန်ဖြစ်လာသလိုပဲ သူ့မျက်နှာတွေ့တိုင်း ရင်ထဲမှာနာကျင်ရတယ် အဲ့တာကြောင့် အလင်းကို ခက်တတ်နိုင်သလောက်ရှောင်ခဲ့တာ"
မေမေ့စကားထဲမှာ အလင်းနာမည်ပါလာသည်။ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားသည်။
"အေး အတိတ်ကဖြစ်ရပ်တွေကို အစဆွဲနုတ်ပြီး ပြန်ပြောမနေနဲ့ အလင်းကို ဒီအိမ်မှာမထားလို့တော့ မရဘူး ငါလက်မခံဘူး "
မေမေကြီးက စိတ်ဆိုးပြီး မေမေကို ပြောနေတဲ့စကားသံ။
"အစကတော့ ခက်တစ်ယောက်ပဲလေ အခု သားလေးညဏ်သာလည်း အလင်းကြောင့် မပျော်ရွှင်ဘူးဆိုတာ ခက်သိတယ်"
မေမေ အလင်းကို အိမ်ကနေထွက်သွားခိုင်းနေတာလား ။ စိတ်တွေလှုပ်ရှားကာ ရင်တွေပါခုန်လာသည်။ ဟင့်အင်းမေမေ သားအလင်းကြောင့် မပျော်ဘူးဆိုတာမှန်ပေမယ့် အိမ်ကနေတော့ မထွက်သွားစေချင်ပါဘူးဟု စိတ်ထဲကပြောနေမိသည်။
"ငါကတော့ အလင်းကို ဒီအိမ်ကနေ ဘယ်မှပေးမသွားဘူးမိခက် သူအားကိုးတဲ့ သူ့အမေနူးနူးလည်းမရှိတော့ဘူး။ ညဏ်သာက ငါ့မြေးဖြစ်သလို အလင်လည်းငါ့ရဲ့မြေးပဲ နေလထွန်းလင်းကမွေးထားတဲ့ ငါ့ရဲ့မြေးအရင်းကြီးပါ"
ဗျာ ....... သူနားကြားမှားသွားတာလား ဟင့်အင်းသေသေချာချာကြားလိုက်ရတာပါ။ အလင်းက ဖေဖေမွေးတဲ့ သားအရင်းတဲ့ ...... ဒါဆို သူနဲ့အလင်းက ဟင့်အင်းမဟုတ်ပါစေနဲ့..........သူသည် ကိုယ့်နားကိုယ်မယုံနိုင်အောင်ဖြစ်ရသည်။
အံ့ဩ ဝမ်းနည်းစိတ်ကြောင့် တလိမ့်လိမ့်တက်လာတဲ့မျက်ရည်တွေကို မကျအောင် အတတ်နိုင်ဆုံးထိန်းလိုက်သည်။ အသားတွေတဆတ်ဆတ်တုန်လာသည်။ ဘုရား ဘုရား .... သူနဲ့အလင်းကညီအစ်ကို အရင်းတွေတဲ့လား ......ကမ္ဘာကြီးချာချာလည်သလိုခံစားလိုက်ရသည်။ မေမေတို့စကားလုံးတွေကို ထပ်ကြားနိုင်စွမ်းမရှိတာမို့ ခွေးစာလေးကိုင်ကာ အခန်းဆီကို အပြေးတက်လာမိခဲ့တော့သည်။ အခန်းထဲရောက်တော့ ဟိုးအမြင့်ကြီးက ရိုက်ချခံလိုက်ရသလို အရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်။ သူ့နှလုံးသားတွေ သူခံစားမှုတွေ ပြန်ဆက်လို့မရနိုင်အောင် အပိုင်းပိုင်းကွဲကြေသွားခဲ့ပြီဖြစ်သည်။
သူတို့မိသားစုမှာ သူမသိသေးတဲ့အမှန်တရားတစ်ခုရှိလိမ့်မည်။ အဲ့ဒီအမှန်တရားကဘာလဲ။ သူ့ကို ဘာလို့ဖုံးကွယ်ထားကြတာလဲ ။ အလင်းကရော အဲ့ဒီအမှန်တရားကို မသိဘူးလား။ သူနဲ့အလင်းက တကယ်ပဲ ညီအစ်ကိုအရင်းတွေလား။ ရှက်ရွံ့စိတ်ကြောင့်ကော ဝမ်းနည်းစိတ်ကြောင့်ကော နေထိုင်လို့မရတော့ပါ။ ထို့ကြောင့်ပင်ဖေဖေflight ကပြန်လာပြီး စာဖတ်ခန်းထဲ ဝင်နေချိန်တွင် ဖေဖေကို သူမသိသေးတဲ့အမှန်တရားကို မေးမည်ဟု ဆုံးဖြတ်ခဲ့သည်။
ဖေဖေက ဆုံလည်ထိုင်ခုံမှာ စာအုပ်တစ်အုပ်ဖက်ရင်းထိုင်နေသည်။ ဒီအခန်းလေးသည် သူနဲ့ အလင်း guide နဲ့အတူစာဖက်ခဲ့တဲ့ အခန်းလေးဖြစ်သည်။ ဒီအခန်းထဲမှာ သူနဲ့အလင်း ပျော်ရွှင်စွာ စာတွေလုပ်ခဲ့ကြသည်။
"သား ထိုင်လေ သားမေးစရာရှိလို့ဆို"
"ဟုတ်ကဲ့ဖေဖေ"
ဖေဖေနဲ့ အနီးဆုံးခုံမှာ ဝင်ထိုင်လိုက်သည်။ တကယ်တမ်းကြားရတော့မည်ဆိုတော့လည်း ဖေဖေ့ဆီကအမှန်တရားကို သူ မကြားချင်တော့သလိုပါပဲ။
"အလင်းရောင်က ဖေဖေ့သားအရင်းလား"
မမျှော်လင့်ထားသောမေးခွန်းအတွက် ဖေဖေရုတ်တရက် တုန်လှုပ်သွားသည်။ ပြီးတော့မှ အိန္ဒြေမပျက်အောင်ထိန်းလိုက်ပြီး ဖြေးဖြေးချင်းပြောသည်။
"ဪ သားတောင် ဒီအကြောင်းတွေသိသွားပြီတဲ့လား အင်းလေ သားတောင်အရွယ်ရောက်တဲ့ သားတစ်ယောက်ဖြစ်နေပြီပဲ သိလည်းသိသင့်နေပါပြီ သားဘယ်လိုသိသွားတာလဲ ဖေဖေမမေးတော့ပါဘူး ဟုတ်တယ်သား သားနဲ့အလင်းက အဖေတူအမေကွဲ ညီအစ်ကိုအရင်းတွေပဲ"
ဖေဖေရဲ့ အမှန်တရားသည် သူ့နှလုံးသားကို စူးချွန်ထက်ထက်နဲ့ ထိုးစွလိုက်သလိုပါပဲ။ ဖေဖေသည် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
"တကယ်တော့ အဓိကတရားခံကဖေဖေပါ။ သားမေမေက သားကိုကိုယ်ဝန်ဆောင်ထားတာ လေးလကျော်ကြာတဲ့အချိန်မှာ ဖေဖေတို့အိမ်မှာခိုင်းဖို့ဆိုပြီး မေမေကြီးကလောကခေါ်လာတဲ့ နူးနူးဆိုတဲ့အိမ်ဖော်မှာလည်း ကိုယ်ဝန်နှစ်လရှိနေပြီဆိုတာ ဖြစ်လာတယ်။ နူးနူးဆိုတဲ့အိမ်ဖော် ဂေါ်ရခါးမချောချောလေးနဲ့ ဖေဖေဟာ မှားခဲ့ကြတယ်။ မေမေကြီးနဲ့ သားမေမေက အိမ်ဖော်မှာကိုယ်ဝန်ရတယ်ဆိုတော့ ရှက်လွန်းလို့ ဖေဖေ့ကို ပြောလိုက်ကြတာ "
ဖေဖေက ဆုံလည်ထိုင်ခုံကထရပ်ပြီး စာအုပ်စင်တွေဘက်လှည့်ကာ သူ့ကို ကျောခိုင်းလိုက်သည်။
" ..........သားကိုယ်ဝန်စရှိကတည်းက ဖေဖေဟာ သားမေမေနဲ့အတူ အိပ်ယာထဲမှာမနေဖြစ်ခဲ့ကြဘူး❌❌❌။ အရက်အလွန်အကျွံမူးလာတဲ့ တစ်ရက်မှာ ယောက်ျားလေးဖြစ်တဲ့ ဖေဖေဟာ ခန္ဓာကိုယ်အသွေးအသားရဲ့ဆန္ဒကို မထိန်းနိုင်ဘဲ နူးနူးနဲ့ဖြစ်ခဲ့ကြတယ်..............
...............သားမေမေနဲ့ မေမေကြီးဟာ ဒီကိစ္စ ပတ်ဝန်းကျင်ကိုပေါက်ကြားသွားမှာ စိုးရိမ်ကြတယ်။ သားမေမေဗိုက်ထဲက ကလေးလေးကြီးလာရင်လည်း သူ့အဖေကို လူယုတ်မှာဆိုပြီး မုန်းသွားကြမှာ အထင်သေးသွားမှာ မလိုလားဘူး မေမေကြီးက နူးနူးကို နုတ်ပိတ်ပြီး ကလေးကိုဖျက်ချဖို့ ကြိုးစားတယ် ဒါပေမယ့်မရပါဘူး..............
.............နူးနူးက ကလေးကို မိခင်စိတ်နဲ့ ချစ်သွားခဲ့တယ် ဒီတော့မေမေကြီးက နူးနူးကို ကလောပြန်ပို့လိုက်တယ် နူးနူးမိသားစုက ဗိုက်တစ်လုံးနဲ့ပြန်လာတဲ့ သူ့ကို လက်မခံခဲ့ကြဘူး မေမေကြီးက သူ့အလုပ်သမားတွေနေတဲ့ကလောမြို့စွန်ရွာတစ်ရွာမှာ နူးနူးကိုနေစေလိုက်တယ် ဖေဖေလည်း စိတ်မကောင်းဖြစ်ပေမယ့် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး..........
............လောကကြီးမှာ ပြင်လို့ရတဲ့အမှားနဲ့ ပြင်လို့မရတဲ့အမှားဆိုပြီးရှိတယ် ဖေဖေအမှားက လုံးဝပြင်လို့မရတဲ့အမှားဖြစ်နေတယ် အဲ့ဒီမှားကိုပေးဆပ်ဖို့အတွက် သားမေမေကို ဖေဖေဂရုပိုစိုက်ခဲ့တယ် ပိုချစ်ပေးခဲ့တယ် ဖေဖေအရက်လုံးဝမသောက်တော့ဘူး သားကိုမွေးပြီး ဖေဟော မိသားစုတာဝန်ကျေတဲ့ ဖခင်တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တယ် ..........
..........နူးနူးယောက်ျားလေးမွေးတော့ ဖေဖေဟာ ဖခင်တစ်ယောက်အနေနဲ့ တာဝန်မကြေနိုင်တော့တဲ့အတွက် အချိန်တိုင်းဝမ်းနည်းနေခဲ့ရတာ မေမေကြီးက ဘေးပတ်ဝန်းကျင်မသိအောင် ငွေတွေတော့ထောက်ပံ့ပေးခဲ့ပါတယ် နူးနူးကို တောင်ပေါ်စိုက်ပျိုးမြေတွေလည်းပေးခဲ့ပြီး အခြားအလုပ်သမားတွေထက် အခွင့်အရေးပိုပေးခဲ့တယ်.........."
သူသတိမထားမိလိုက်ခင်မှာပင် သူမျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျနေခဲ့ပြီးဖြစ်နေသည်။
"ဖေဖေ သူတို့သားအမိကို တစ်ခါမှသွားမတွေ့ခဲ့ဘူးလာ"
"အမှားကျူးလွန်ခဲ့တဲ့ ဖေဖေဟာ မင်းမေမေစိတ်ဆင်းရဲစေမယ့်အလုပ်တွေ ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် နူးနူးတို့သားအမိကို သွားမတွေ့ခဲ့ဘူး သားဖေဖေ့ကို မုန်းသွားပြီလား စိတ်နာသွားပြီလား ဖြစ်ခဲ့တဲ့ကိစ္စတွေက သားမေမေကိုမချစ်လို့မဟုတ်ဘူးဆိုတာ ဖေဖေ ဝန်ခံပါတယ်"
ဖေဖေ့ကိုမမုန်းပါဘူး စိတ်လည်းမနာပါဘူး တကယ်ကသားကိုယ်သား မုန်းနေတာပါ ရင်ထဲမှာ အရမ်းကိုမွန်ကြပ်လာခဲ့သည်။ တကယ်တော့ သူ့နှလုံးသားနုနုလေးမှာ နာကျင်မှုတွေက အရွယ်နဲ့မလိုက်အောင် ပြင်းထန်မနေတာ။ သားလည်း ဖေဖေ့လို့ ပြင်လို့မရတဲ့ အမှားတွေ ကျူးလွန်ခဲ့မိပြီဖေဖေ သား အလင်းနဲ့ဘယ်လိုရှေ့ဆက်ရမလဲ သားရင်တွေလည်းနာလှပြီ 🥲🥲🥲😰😰😰😓😓။
"သား မေမေကြီးနဲ့ မေမေပြောနေတုန်းကြားခဲ့ရတာ သားကြားလိုက်တာကို မေမေကောမေမေကြီးကော နှစ်ယောက်လုံးမသိကြဘူး ဒီကိစ္စကို သားမကြားလိုက်သလို မသိလိုက်သလိုပဲနေလိုက်မယ် ဖေဖေလည်း မသိသလိုပဲနေပေးပါ အလင်းကိုလည်း ဘာမှမပြောပါနဲ့ "
အရာရာသည် မှောင်အတိဖြစ်သွားခဲ့ပါသည်။ ကမ္ဘာကြီးတစ်ခုလုံး သူ့အပေါ်ပိကျလာသလို လေးလံနေခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် အလင်းသည် အခန်းတံခါးလာခေါက်ကာ သူ့ကိုလာနှိုးပါသည်။ သူ ညက စိတ်ညစ်စိုးရိမ်ပူပန်မှုတွေနဲ့ အိပ်မရဘဲ မနက်လင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။ အိပ်ချင်မူးတူးနဲ့တံခါးဖွင့်တော့ အလင်းက သူ့ကိုဝမ်းသာအားရပြေးဖက်သည်။ စွပ်ကျယ်ချိုင်းပြတ် အနက်ကလေးနဲ့ ဘောင်းဘီအတိုကို ဝတ်ထားသောအလင်းသည် ကလေးတစ်ယောက်လို ခုန်ပေါက်ပျော်ရွှင်လျက် သူ့ကိုပွေ့ဖက်ခြင်းဖြစ်သည်။
"ညဏ်သာ မင်းနဲ့ငါ ဆေးကျောင်းအတူတူတက်ရတော့မယ် ကြည့်စမ်း ဘယ်လောက်ဝမ်းသာဖို့ကောင်းလိုက်သလဲ"
"ဟင် တကယ်လား မင်း အောင်စာရင်းသေချာကြည့်ပြီးပြီလား"
"Online ကနေ ငါသေချာကြည့်ပြီးပြီ မင်းရောငါရော ဂုဏ်ထူးငါးခုစီပါတယ်"
ဪ ဒီနေ့က ဇွန်လဒုတိယအပတ် တနင်္ဂနွေနေ့ပဲ။ ရုတ်တရက်ပျော်ရွှင်သွားရပြီး အသိစိတ်လွတ်ကာ ဟေး ကနဲအော်မိသည်။
"စုထားနဲ့ အော်ကြီးက ဂုဏ်ထူးလေးခုစီပါတယ် ဩဂတ်ချူးကငါးခုကွ ပျော်စရာကြီးကွာ"
အလင်းကိုလည်း ခပ်တင်းတင်းလေး ပြန်လည်သိုင်းဖက်ထားမိသည်။ ငါ့ကို ဖက်ထားတာမလွှတ်လိုက်ပါနဲ့ အလင်းရာ။ ဒီလိုဘေးပဲ ငါ့ကို အမြဲဖက်ထားပေးပါလား ။ ငါမင်းကိုသိပ်ချစ်ခဲ့တာပါ။ ငါ့ဘဝမှာ မင်းကို ပထမဦးဆုံး မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီးချစ်ခဲ့တာ။ မင်းကိုငါ့အသက်နဲ့ထပ်တူချစ်ပါတယ်။ မင်းကိုပဲငါ အချစ်ဆုံးပါ ။ မင်းကိုငါ ဘာနဲ့မှမလဲနိုင်ဘူး။ သူ မျက်ရည်တွေစီးကျလာသည်။ အလင်းမမြင်အောင် လက်နဲ့သုတ်လိုက်ပြီး ဖက်ထားတဲ့ အလင်းကိုတွန်းထုတ်လိုက်သည်။
ဟင် ....... သူလည်း ငါ့လို မျက်ရည်တွေကျလို့ပါလား။
"ပျော်လိုက်တာကွာ နူးနူးသာရှိရင်သိပ်ကောင်းမှာ ပဲ နူးနူးဖြစ်စေချင်တဲ့ဆရာဝန်ကြီး ဖြစ်တော့မယ်ကွ"
အလင်းသည် ငိုရှိုက်ရင်းက ပြုံးနေပြန်သည်။ သူ အလင်းမျက်ရည်တွေကို လက်နဲ့သုတ်ပေးလိုက်သည်။ သူ့ရဲ့မျက်ရည်တွေကိုလည်းအလင်းကမြင်သွားပြီး လက်နဲ့သုတ်ပေးပြန်သည်။ ပြီးတော့ မျက်ရည်တွေနဲ့အလင်းက သူ့ကို "မငိုပါနဲ့ကွာ"ဟု နှစ်သိမ့်ပေးနေပြန်ပါသည်။
လိပ်ပြာ၏နိဂုံး
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Departure ထွက်ခွါရာအပေါက်တွင် မိသားစုအားလုံး သူကိုနုတ်ဆက်နေကြသည်။ ထိုအချိန်တွင် I will always love you သီချင်းက သူ့နားထဲကို တိုးဝင်လာသည်။ ဘယ်ကဖွင့်နေတာလဲ ဘယ်သူဆိုနေတာလဲ ဒီသီချင်းကို။
🎼🎼🎼 တကယ်လို့များ ငါနေရမယ်ဆိုရင်တောင် ..........ငါ့က မင်းဘဝခရီးအတွက် အတားအဆီး တစ်ခုလို ဖြစ်နေမှာပါ.........🎼🎼🎼
မကြာမီအချိန်အတွင်း သူသည် ရန်ကုန်ကိုခွဲခွါပြီး ဩစတေးလျက ဖေဖေ့အစ်မမိသားစုဆီသွားမည် ဖြစ်ပါသည်။ မေမေကြီးနဲ့ မေမေက မျက်ရည်တွေနှင့် သူ့ကိုနုတ်ဆက်နေသည်။ ဖေဖေလည်းမျက်နှာမကောင်းသလို အလင်းမျက်နှာလေးလည်း ညှိုးနေပါသည်။
🎼🎼🎼.......ဒါကြောင့် ငါထွက်သွားပါတော့မယ် ဒါပေမယ့် ငါသိနေပါတယ် ..........ငါမင်းအကြောင်းကို ဘဝတစ်လျှောက်လုံး တွေးနေမယ်ဆိုတာ.......🎼🎼🎼
အောင်စာရင်းထွက်ပြီး သိပ်မကြာခင်မှာပင် ဖေဖေ့လို pilot လုပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဩစတေးလျမှာ လေယာဉ်မောင်းသင်တန်းတက်ရန် ဖေဖေ့ကိုပြောလိုက်သည်။ အလင်းနဲ့ အတူတူဆေးကျောင်းတက်ဖို့ရည်ရွယ်ထားတာတွေလည်း လေနဲ့အတူ ဟိုး....အဝေးကို လွင့်စင် ကွယ်ပျောက်သွားလေပြီ။ အားလုံးက pilot မလုပ်ဖို့ လေယာဉ်မောင်း သင်တန်းမတက်ဖို့ ကန့်ကွက်ကြသည်။ မေမေက သူ့စိန်ရွှေရတနာဆိုင်ကို ဦးစီးလုပ်စေချင်သည်။ မေမေကြီးက အသက်ဆယ့်ရှစ်နှစ်မွေးနေ့တွင် ကလောဟိုတယ်ကို အမွေပေးမည်ဟုပြောသည်။ ဖေဖေက အလင်းနှင့်အတူ ဆေးတက္ကသိုလ်တက်စေချင်သည်။
🎼🎼🎼........ပြီးတော့ ငါ မင်းကို ထာဝရချစ်နေမှာပါ❤️❤️❤️.........ဘဝတစ်လျှောက်လုံးချစ်နေမှာပါ........ငါ့ရဲ့မြတ်နိုးရတဲ့သူရေ.......🎼🎼🎼
ဒါ ....သားဆုံးဖြတ်တာမဟုတ်ဘူး သားရဲ့နှလုံးသားကဆုံးဖြတ်တာ သားကိုထွက်သွားခွင့်ပေးပါ နာကျင်မှုတွေရဲ့အဝေးမှာ နေခွင့်ပေးပါ ။
ဖေဖေ့ကိုဖက်ပြီးနုတ်ဆက်သည်။
"ဖေဖေ အော်ဇီဘက်ရောက်ရင် သားနဲ့လာတွေ့နော်"
"အေးပါကွာ ဘယ်လာမတွေ့ပဲနေမှာလဲ သားလည်းကျန်းမာရေးကိုဂရုစိုက်"
🎼🎼🎼.........ချိုမြိန်တဲ့ အမှတ်တရတွေ ဒါတွေအားလုံးက ငါနဲ့အတူတူယူသွားမယ့် အရာတွေပါပဲ နုတ်ဆက်ပါတယ် ကျေးဇူးပြုပြီး မငိုလိုက်ပါနဲ့🥲🥲🥲......🎼🎼🎼
မေမေနှင့် မေမေကြီးကိုလည်း ဖက်ပြီး နုတ်ဆက်သည်။ မေမေနဲ့မေမေကြီးက သူ့ပါးကို နမ်းကြသည်။ သူ မျက်ရည်တွေ အလိုလို စီးကျလာသည်။
"မေမေကျန်မာရေးဂရုစိုက်နော်"
" မေမေဂရုစိုက်ပါမယ် သားလေး လည်းvideo call 📱 အမြဲခေါ်နော် မေမေကတော့ လွမ်းပြီးကျန်နေတော့မှာပဲ"
🎼🎼🎼.......ငါက မင်းလိုအပ်တဲ့သူမဟုတ်ဘူးဆိုတာ ငါတို့နှစ်ယောက်လုံးသိပါတယ်🥲🥲🥲 .....ငါကတော့မင်းကို ထာဝရချစ်နေမှာပါ.....အမြဲတမ်းချစ်နေမှာပါ......🎼🎼🎼
"မေမေကြီးကော ကျန်းမာရေးဂရုစိုက်ပါနော် သား အစား အလင်းက မေမေကြီးကို စောင့်ရှောက်လိမ့်မယ်"
" အေးပါ သားဟိုမှာ အဆင်မပြေရင် ချက်ချင်းပြန်လာခဲ့ သားမှာမေမေကြီးတစ်ယောက်လုံးရှိတယ်နော်"
သူ မေမေကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။
🎼🎼🎼..........မင်းဘဝလေး သာယာမယ်လို့ မျှော်လင့်ပါတယ်🎊🎊......မင်းမျှော်မှန်းထားတာတွေ ရမယ်လို့လည်း မျှော်လင့်ပါတယ်........မင်းဘဝသာယာပျော်ရွှင်ပါစေလို့လည်း ဆုတောင်းပါတယ်..........ဒါပေမယ် ဒီအရာတွေအားလုံးထက် မင်းအချစ်သစ်ကိုတွေ့ပါစေလို့ ဆုတောင်းပါတယ်👫👩❤️👨........🎼🎼🎼
ပြီးတော့ အလင်း ကိုဖက်ပြီးနုတ်ဆက်သည်။ အလင်းက သူ့ မျက်ရည်တွေကို သုတ်ပေးပြီး ပါးကို နမ်းကာ နုတ်ဆက်သည်။
"မင်းလည်းကျန်းမာရေး ဂရုစိုက်နော် မင်းဖြစ်ချင်တဲ့ ဆရာဝန်ကိုလည်းပါရဂူဘွဲ့ရအောင်လုပ် ပြီးတော့ မင်းလိုချင်တာရှိရင်ငါ့ကိုလှမ်းမှာ"
"ငါတော့မင်းကိုသတိရနေတော့မှာပဲ"
"ငါလည်း မင်းကို သတိရနေမှာပါ "
🎼🎼🎼..........ငါကတော့ မင်းကိုထာဝရချစ်နေမှာပါ..........အမြဲတမ်းချစ်နေမှာပါ......ငါကတော့ မင်းကို အမြဲတမ်းချစ်နေဦးမှာပါ❤️❤️❤️........ချစ်တယ် ငါ့ရဲ့ကောင်လေးရယ်......🎼🎼🎼
လက်ပြနုတ်ဆက်ပြီး ကျောပိုးအိတ်ကောက်လွယ်ကာ အားလုံးကို ကျောခိုင်းလိုက်ပါသည်။
သူငယ်ငယ်တုန်းက လိပ်ပြာကလေးတွေကို အရမ်းသဘောကျခဲ့ဖူးသည်။ ငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်တွေမှာ မေမေကြီးနဲ့ ကလောသို့ လိုက်လည်နေကျဖြစ်သည်။ မေမေကြီးရဲ့ လဖက်စိုက်ခင်းတွေကြားထဲမှာ လီလီပန်းစိုက်ခင်းတွေကြားထဲမှာ ကလေးသဘာဝ ရောင်စုံလိပ်ပြာလေးတွေနဲ့ ပြေးတမ်းလိုက်တမ်းကစားသည်။ လိပ်ပြာလေးတွေဖမ်းကာ အပ်ချည်နှင့် ချည်ပြီး စွန်လွှတ်သလို လွှတ်တမ်းကစားသည်။ လိပ်ပြာကလေးတစ်ကောင်ကို အကြည်ရောင်ဖန်ပုလင်းထဲထည့်ကာအဖုံးပိတ်ပြီး အလှငါးမွေးသလို သူ့အိပ်ယာကုတင်နားမှာမွေးထားသည်။ မေမေကြီးမြင်တွေ့သွားသောအခါ တိရိစ္ဆာန်လေးတွေကို ညှာတာသနားရန်ဆုံးမပြီး လိပ်ပြာကလေးကိုလွှတ်ခိုင်းသည်။ ပြတင်းတံခါးအပြင်မှတဆင့် လွှတ်လိုက်သောအခါ ကျွန်တော်၏လိပ်ပြာကလေးမှာ မပျံနိုင်တော့ဘဲ ဟိုး......အောက်သို့ပြုတ်ကျသွားလေသည်။
သူလေယာဉ်ပေါ်ရောက်ပြီး လေယာဉ်စထွက်တော့ သူ့နှလုံးသားလေးသည်လည်း ဟိုး... အောက်ကိုပြုတ်ကျသွားပြီး ကျန်နေခဲ့လေသည်။
