"ကျစ် ငါ့လခွမ်းနဲ့မှကွာ...”
အိမ်ရောက်ခါနီး လမ်းထိပ်ကြမှ ဝေါခနဲ ရွာချသော မိုးကြောင့် သူ အားပါးတရ ကျိန်ဆဲလိုက်မိသည်။
မြတ်မိုးဝဿန်တို့ ကံကောင်းချက်ကတော့ ထီပြေးထိုးရမည်။
ကွင်းထဲက တက်လာတုန်းကတော့ နေသာချက်က ချွေးပါ တပြိုက်ပြိုက်ကျသည်။
ကုန်းကြောင်းလျှောက်လာသည့် တစ်လမ်းလုံးလည်း သာသာနှင့် ယာယာ။
ခုကြမှ သိကြားမင်းက ဘာကို ထ စိတ်ဆိုးလေသလဲမသိ။အေးလေ...ရေချိုးပြီးသား ဖြစ်တာပေါ့။
ဆပ်ပြာကုန် သက်သာတယ်။ချက်ချင်းကို ဗွက်ထသွားသော ရွာလမ်းတွေကို ဖြည်းဖြည်းချင်းနင်းရင်း လက်ထဲမှ အိတ်ကိုလည်း ချောမကျအောင်လည်း ထိန်းကိုင်ရသေးသည်။
ဒီနေ့က အငယ်ကောင် ရန်ကုန်ကနေ ရွာကို အလည် ပြန်ရောက်မည့်နေ့။
ဧရာဝတီတိုင်း၏ ထုံးစံ၊ မိုးတွင်းလောက်
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ မရှိ။
အဲ့တာကြောင့် ပြန်မလာနဲ့အုံးလေလို့ တားတာကို ဘယ်လိုမှ တား မရ။
အဖေတို့အမေတို့ အချစ်တော်လေး၏ "ဒီရက်ပိုင်းပဲ ခွင့်ရတာ ကိုကြီးရဲ့။
ပြီးရင် ထပ်ပြီး project တွေ လုပ်ရရင် ပြန်လာအားမှာ မဟုတ်ဘူး”ဆိုသည့် စကားနဲ့တင် တစ်အိမ်လုံး မီးအငြိမ်း။ကိုယ်ကိုယ်တိုင်က စာပေးစာယူလောက်သာ ဘွဲ့ခဲ့ရ၍ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းသားကြီး၏ စကားကို ထပ်မကွန့်ချင်တော့။
အံမယ် ကိုယ်တော်ချောလေးက သူ့စကားသာ နားမထောင်ချင်တာ။
ကိုကြီး ကျွန်တော့်ဖို့ ပုစွန်လုံး နှိုက်ထားအုံးဆိုသည့် အမိန့်ကတော့ ပေးသွားသေသည်။ရှိသမျှ ဗွက်အိုင်တွေကို သိုင်းကွက်နင်း ကျော်ဖြတ်ရင်း အိမ်ရှေ့သို့ ရောက်ခါနီး...
လှမ်းမြင်လိုက်ရသော အိမ်ခြံထဲမှ ကလေး တစ်အုပ်ကြောင့် သူ ထိတ်ခနဲ ဖြစ်သွားရသည်။
ဗုဒ္ဓေါ...
ဒီသောက်ကလေးတွေ ငါတို့အိမ်ထဲ ဘာဝင်လုပ်နေတာလဲ။အဖေတို့များ မုန့်တစ်ခုခု ဝေနေလို့လား...
လှပ်ခနဲ ပေါ်လာသော အတွေးစလေးကို သူ ချက်ချင်းပဲ ဖယ်ရှားလိုက်ရသည်။
YOU ARE READING
August မှာပဲ ရွာတဲ့မိုး
Short Storyဒီအဖြူကောင်လေးနဲ့တော့ ခက်တော့တာပါပဲ.... #RaindropsOnAugust