Chapter 18(Unicode&Zawgyi)

1.8K 296 26
                                    

Chapter 828:ကျွန်မ ကုမ္ပဏီက မထွက်နိုင်ဘူး

စုန့်နင်သည် အန်းနွမ်၏ သွေးထွက်နေသော လက်ချောင်းပေါ်သို့ ဖိရန် လက်ဦးမှုယူလိုက်ပြီးနောက် အတော်အတန်ပျော့ပျောင်းညင်သာစွာ ပြောလိုက်သည်။ "ရှင် သွားသင့်ပြီ"

"ဒါပေမဲ့...." အန်းနွမ်တစ်ယောက် နဉ်ရှုဆီသို့ ကြည့်လိုက်သည်။

နဉ်ရှုသည် အန်းနွမ်ကို ကြည့်ဖို့တောင် ဒုက္ခမခံဘဲ အထင်အမြင်သေးစွာ လက်ကိုဝေ့ယမ်းလိုက်သည့်အတွက် အန်းနွမ်တစ်ယောက် အနည်းငယ်မျှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွား၏။

နဉ်ရှုသည် ကြမ်းပြင်ပေါ်က အစိတ်စိတ် အပိုင်းပိုင်းကွဲကြေသွားသော ကြွေထည်နှင့် သွေးကိုကြည့်လိုက်ပြီးနောက် ခေါင်းကိုခါလိုက်သည်။

စုန့်နင်တစ်ယောက် လျှောက်လာပြီး နဉ်ရှုကို ကြည့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ရှင် စိတ်ဒုက္ခရောက်နေတာလား?"

"ငါ အလုပ်ပြီးသွားပြီ ဒါကြောင့် ငါသွားတော့မယ်"
နဉ်ရှုတစ်ယောက် သူမ၏ ကုတ်အင်္ကျီကို ဆွဲယူကာ ထွက်သွား၏။

စုန့်နင်တစ်ယောက် ဤယောကျာ်း အဝေးသို့ လျှောက်သွားသည်ကို ကြည့်လိုက်သည်။ သူမမြင်ဖူးသမျှထဲတွင် ဤယောကျာ်းသည် အသန််မာဆုံးစိတ်ဓာတ်ကြံခိုင်မှုရှိသည်ဟု သူမခံစားရသည်။ သူသည် သူမအပေါ် စင်စစ် လုံးဝ လျစ်လျူရှုထား၏။

သူက အန်းနွမ်ကို အဲလောက်တောင် တကယ်ကြီးသဘောကျတယ်ဆိုတာ ဖြစ်နိုင်လား?

စုန့်နင်သည် သူမ၏မျက်နှာကို ပုတ်လိုက်သည်။ တကယ်ကြီးလား.......

နဉ်ရှုတစ်ယောက် ရုံးခန်းကထွက်လာပြီး သူမ၏ ကားဆီသွားရန် ကားပါကင်ထံသို့ ဦးတည်လိုက်သည်။ သူမ၏ကားကို လမ်းပေါ်တွင် လှည့်လှည့်ချင်းတွင် ပုံရိပ်တစ်ခုသည် သူမ၏ကားဆီသို့ ရုတ်တရက် လျှောက်လာ၏။ နဉ်ရှုသည် ကတိုက်ကရိုက်ပင် ဘရိတ်ကို ခပ်မြန်မြန်နင်းလိုက်သည်။

F**k ဘယ်ငါ-ိုးမသားက အသက်မရှင်ချင်တော့တာလဲဟ?

နဉ်ရှုသည် ကားတံခါးကိုဖွင့်လိုက်ပြီး အန်းနွမ်တစ်ယောက် ကားအရှေ့တွင်မြေကြီးပေါ်လဲကျနေသည်ကို တွေ့လိုက်ရသည်။ကြောက်လန့်နေဆဲဖြစ်သောကြောင့် သူမ၏မျက်နှာမှာ ဖြူဖျော့နေ၏။

{Completed} Unstoppable Indulgent Spoiling(Realm-13)Where stories live. Discover now