Chapter 46(Unicode&Zawgyi)

1.4K 252 13
                                    

Chapter 856:သနားစရာလွန်းလို့ သူ့မှာကျန်ရှိတာမှန်သမျှက ပိုက်ဆံပဲ

ကျုံးကျန်ပင်း၏တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် နဉ်ရှုက တိုက်ရိုက်ပင်ရင်ဆိုင်လိုက်သည်။ ဘယ်သူ့ဆီမှာ ပိုက်ဆံပိုရှိလဲဆိုတာ ကြည့်ကြရအောင်။ သူက ကုန်းမိသားစုကော်ပိုရေးရှင်းရဲ့ စတော့ခ်တွေကို ဝယ်ယူနေတဲ့အတွက် သူမကလည်း သူ့ရဲ့စတော့ခ်တွေကို စတင်ဝယ်ယူတော့သည်။ အဆုံးထိဘယ်သူကတောင့်ခံနိုင်မလဲဆိုတာ ကြည့််ရအောင်။ တကယ်လို့ မင်းကအရမ်း အံ့အားသင့်စရာဖြစ်နေရင် မင်းရဲ့ပိုက်ဆံကိုကြည့်ကြည့်ရအောင်!

တစ်ယောက်ရဲ့လှေတွေကိုမီးသာရှို့ပစ်ပြီး ထိုကဲ့သို့ထိပ်တိုက်ရင်ဆိုင်မှုတွေကို ခေါင်းချင်းဆိုင်၍ပြတ်ပြတ်သားသားရင်ဆိုင်ဖို့လိုအပ်သည်။ တစ်ချိန်ထဲမှာပင် ပရမ်းပတာဖြစ်မှုများကို အခွင့်ကောင်းယူကာ သူတို့ကိုယ်သူတို့အတွက် အသားတစ်ဖဲ့မျှရယူရန် ကြိုးစားနေသည့် အခြားလူများကိုလည်း သူမကကာကွယ်ရန်လိုသေးသည်။

၎င်းက နဉ်ရှုကို အနည်းငယ်ပင်ပန်းစေသည်။

သူမ ဘယ်တုန်းကမှမမျှော်လင့်ထားသည့် အရာကတော့ ဤအချိန်တွင် စုန့်မိသားစုက ကုန်းကော်ပိုရေးရှင်းကိုထောက်ပံ့ရန် ကူညီဖို့ တကယ်ကြီးလာခဲ့ခြင်းကိုပင်။

လက်ရှိ ကုန်းကော်ပိုရေးရှင်းက အတော်လေးတည်ငြိမ်ကာ ပြဿနာကြီးကြီးမားမားမရှိသော်လည်း နှင်းထူသည့်ရာသီတွင် ကျောက်မီးသွေး ပို့ပေးသည့် ထိုအပြုအမူက နဉ်ရှုအား
သက်ပြင်းချစေဆဲပင်။

မူလဇာတ်ကြောင်းတွင် စုန့်နင်ကြောင့် စုန့်မိသားစုက ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုကျဆုံးမှုတွင် သဘာဝကျကျပင် ကုန်းလော်၏အားထုတ်မှုတို့ပါဝင်ပတ်သတ်နေ၏။

သို့သော်လည်း ယခုအချိန်တွင် စုန့်မိသားစုက အကူအညီပေးဖို့ လက်ကမ်းလာ၏။ နဉ်ရှုက ကုန်းလော်ကိုယ်စား မျက်နှာပူသလို ခံစားရသည်။

သူမ၏မျက်နှာက ထိုရိုက်ချက်ကြောင့် လုံးဝကိုဖူးယောင်နေသကဲ့သို့ပင်။

{Completed} Unstoppable Indulgent Spoiling(Realm-13)Donde viven las historias. Descúbrelo ahora