ကျွန်တော်လား.....?
jeon jungkookပါ
စီးပွားရေးအသင့်အတင့်ကောင်းမွန်တဲ့မိသားစုမှာ ဖခင်ရယ် မိထွေးရယ် နေတယ်
Jungkookဟာလူမှုဆက်ဆံရေးညံ့တယ်သူတစ်ယောက်မဟုတ်ပေမယ့် မိထွေးနဲ့က ကမ္ဘာအဆက်ဆက်ကရန်သူတွေလားအောက်မေ့ရတယ် တွေ့လိုက်တာနဲ့ရန်ဖြစ်တော့တာပဲ
မိထွေးရဲ့ အနိုင်ကျင့်မှုတွေလည်းပါတာပေါ့
ပိုဆိုးတာကJungkookကအနိုင်ကျင့်ခံတဲ့သူမျိုးတစ်ယောက်မဟုတ်တာကြောင့် မိထွေးနဲ့သူရဲ့ကြားထဲက မီးစဟာတစ်ဖြည်းဖြည်း ကြီးထွားလာရတာပေါ့............~~~~~~~
Jk's mom-"နင်ကဘယ်တုန်းကများကောင်းကျိုးပေးလဲ...ဟမ်....ငါတို့ကိုဘယ်တုန်းကကောင်းကျိုးပေးတဲ့အခါရှိလဲ....."
မိခင်းအရင်းမဟုတ်တဲ့မိထွေးလေးက သူ့ရဲ့သူငယ်ချင်းတွေရှေ့မှာ.....သူ့ရဲ့လင်ပါသားလေးဟာ...သူ့ကိုဘယ်လောက်ကြောက်ကြောင်း....သူ့အာဏာဘယ်လောက်ရှိကြောင်းပြချင်ပုံရသည်......
သူ့သူငယ်ချင်းတွေအိမ်လာလည်တုန်း....ရှိသမျှအလုပ်တွေတန်းစီးခိုင်းတော့သည်.......
စိတ်ရှည်သလောက်လုပ်ပေးနေပေမယ့် သူတို့စားထားသောက်ထားတဲ့ပန်းကန်တွေဆေးခိုင်းတဲ့အခါမှာတော့........ထိုပန်းကန်တွေရောဖန်ခွက်တွေရောကို မိထွေးရဲ့သူငယ်ချင်းတွေရှေ့မှာပဲရိုက်ခွဲပစ်လိုက်သည်
အဲ့လိုလုပ်လိုက်မှပဲ.....သူ့ကိုကောင်းကျိုးမပေးတာတွေသူ့ကိုအရှက်ခွဲတယ်ဆိုတဲ့စကားတွေထွက်လာရခြင်း........
ကိုယ့်အကန့်နဲ့ကိုယ်နေပြီးသူများရှေ့အာဏာမပြခဲ့ရင် အရှက်ကွဲစရာလည်းမလို.......
Jeon jungkookဆိုတာအေးဆေးနေတဲ့သူ
မိခင်ဆုံးပြီးနောက်ပိုင်း တစ်ပင်လဲလို့တစ်ပင်ထူလိုက်တဲ့ဖခင်ကိုလည်းအပြစ်မပြော.....
ဒါပေမယ့်.....သူ့မိထွေးကတော့ သူ့ကိုအကောင်းမပြော....မခံချင်အောင်ပြောလေ့ရှိသည်.....အေးဆေးနေလည်း...ရိုင်းလာအောင်လာလာစွပေးနေသည်လေ.....Jk-"ခင်ဗျားကကောင်းကျိုးပေးသင့်တဲ့လူတန်းစားထဲမှာပါလို့လား......"