He is my bad 🖤(1)

58.4K 628 29
                                    

" ဆေးလိပ် !  "

သခင်ကြီး၏ စကားသံလည်း ကြားရော ရာဇာ အသိပြန်ဝင်ကာ သခင်ကြီး ကိုဆေးလိပ် ထုတ်ပေး မိသည်။ အခုလေးဖြင့် သခင်ကြီး ဇီဝိန်ချုပ်ပေးလိုက်သော ထိုလူသည် ကိုယ်နဲ့ထိုက်တန်ရာကို ပေးဆပ်သင့်သည်ဟု ရာဇာ တွေးမိလိုက်လေသည်။

သွေးသံတရဲရဲဖြင့် သေဆုံးနေသည့် လူဟာ သခင်ကြီးအား သစ္စာဖောက်ရုံသာမက သခင်ကြီးရဲ့ မိဘတွေကိုပါ သတ်ပစ်ခဲ့သည်မို့ သခင်ကြီးက ထိုလူအား သူ့လက်ဖြင့် ကိုယ်တိုင် အဆုံးစီရင် နေသည်ကို ရာဇာမြင်တွေ့နေရတာ ဖြစ်သည်။

သာမာန် ထက်ပိုပြီး လွန်ကဲတဲ့ အမုန်းတရား ဖြင့် သခင်ကြီးသည် ထိုလူအား အပိုင်းပိုင်းခုတ်ထစ်ပြီး ခြံထဲမှာရှိသည့် သခင်ကြီး၏ ငယ်မွေးကျားနက်ကြီး နှစ်ကောင်အား ကျွေးဖို့ ပြင်ဆင်ရပြန်သည်။

" လက်စသတ်လိုက်တော့။ "

" ဟုတ်။ သခင်ကြီး "

ဝန်မင်းသာရဲ့ နေ့ရက်တွေက သည်လို အဆုံးသတ်လေ့ရှိသည်။ သာမာန်ဆိုသည့် စကားလုံးထဲတွင် ထူးကဲစွာ နေထိုင်နေသည့် ဝန်မင်းသာလို လူအဖို့က ဒါဟာ သေးငယ်သော ဗုံအရုပ်လေးအား နင်းခြေသလိုမျိုးပင်။ ဒီ့ထက် ပြင်းထန်သောအခက်အခဲတွေလည်း ကြုံဖူးသူမို့ လူသတ်တယ် ဆိုတာပမွှားလေး ဖြစ်သည်။

အပြာရောင်စံအိမ်ကြီးရဲ့မြေအောက်ခန်းဟာ ပုံမှန်အတိုင်း သွေးညှီနံ့ဖြင့်ပြည့်နေလေသည်။ ဝန်းမင်းသာသည် မြေအောက်ခန်းထဲကထွက်လာပြီးနောက် အပေါ်ထပ်ရှိ သူ၏အခန်းထဲသို့ တက်သွားလေသည်။ ပြီးနောက် ခန္ဓာကိုယ်အား ဆေးကြောခြင်းကို စတင်လေတော့သည်။

ခွမ်း! ! !

" သေချာမမှပေါ့ မြူးငယ် ရယ်
အခု ကွဲကုန်ပြီ "

" တောင်းပန်ပါတယ် သူဌေး မြူးငယ် တောင်းပန်ပါတယ် သူဌေး  နောက်မဖြစ်စေရပါဘူး "

နောင်မြူးခက်သည် စားသောက်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ သူမသည်လည်း ဒီအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုရလေသည်။

ဒါက ဘဝပေးကံဆိုရင်လည်း မြူးငယ် လက်ခံတတ်ပါသည်။ ဘာလို့ဆို မြူးငယ်က လိမ္မာသော ကလေးတစ်ယောက် ဖြစ်လေသည်။

He is my bad 🖤(OC)✔︎Where stories live. Discover now