" ဦးလေး အဲ့ဟာမကို ဘာလို့လက်ထပ်ရတာလဲ "
အပေါ်ထပ်ကနေကျယ်လောင်စွာ စကားပြောလာသည့် စက်ပိုင်သန့်ကြောင့် ဝန်မင်းသာနဲ့ မြူးခက် မျက်ခုံးများပင် ပင့်သွားရတော့သည်။ဘာလို့ဒီလိုရိုင်းစိုင်းအောင်ပြောတာလဲဟုပင်။
ဝန်မင်းသာသည် စက်ပိုင်သန့်ကို စကားပြောဖို့ အချိန်မရ မြူးခက် လက်ကိုဆွဲ ပြီးမနက်စာစားဖို့ ထမင်းစားခန်းထဲကိုခေါ်သွားသည်။ စက်ပိုင်သန့်သူ့ဦးလေးရဲ့ လုပ်ရပ်ကြောင့် စိတ်တိုကာ အခန်းထဲ ပြန်ဝင်ပြီးအခန်းတံခါးကိုဆောင့်ပိတ်လိုက်လေသည်။
တစ်ခါမှဦးလေးဆီကလျစ်လျူရှု့မခံရဖူးသည့် စက်ပိုင်သန့် ထိုမနက်နောင်မြူးခက် ရဲ့လုပ်ရပ်ကြောင့် စိတ်တိုသည်သလို အလုခံရတော့မည့်မကောင်းသည့်အတွေးတွေပါဝင်လာခဲ့သည်။
စက်ပိုင်သန့်သည် ငယ်စဥ်ကတည်းကမိဘတွေမရှိတော့တာကြောင့် ဦးလေးဆီမှာနေရင်း ငယ်ဘဝကနေ ကြီးသည်အထိ ဦးလေးရဲ့သင်ပြမှု့အောက်နေခဲ့ခြင်းဖြစ်သည်။ စက်ပိုင်သန့်သည် သူ့ရဲ့ဦးလေးချောချောကိုထိုသို့သူ့ကို ပါးရိုက်ခဲ့သည့် မလောက်လေးမစားလက်ထဲ မထည့်နိုင်ပါ ၊ အခုက လိုချင်တဲ့ပစ္စည်းမရခင် ပစ္စည်းပိုင်ရှင်ကိုရှာနေရတာနဲ့ တူနေသည်။
ဝန်မင်းသာ ထမင်းစားခန်းထဲရောက်ရောက်တော့ မြူးငယ်လက်ကို လွှတ်ပြီး ထိုင်ခုံမှာထိုင်ခိုင်းကာ သူလဲဝင်ထိုင်လိုက်သည်။
" ရာဇာ စက်ပိုင်သန့်ကို သွားချော့လိုက် ဒီကလေးက အလိုလိုက်ထားတော့ တအားဆိုးနေတာ။ "
ရာဇာသည်လည်း စက်ပိုင်သန့်ရဲ့အစ်ကိုတစ်ယောက်လိုပင်..ငယ်စဥ်ကတည်း ဆရာနဲ့တပည့်အတူနေရင်း စက်ပိုင်သန့်ကိုထိန်းလာတာကြောင့် ရာဇာသည် ဝန်မင်းသာထက် စက်ပိုင်သန့်ကို မေတ္တာရှိနေခြင်းဖြစ်သည်။ ဖော်ပြလိုမရတဲ့ မြတ်နိုးခြင်းအချစ်ပေါ့။
ရာဇာသည် သခင်ကြီးရဲ့စကားကိုနားထောင်သည့်သဘောနှင့် စက်ပိုင်သန့်ကိုချော့ဖို့ အပေါ်ထပ်က အခန်းဆီတက်သွားပါတော့သည်။
' ကိုယ်လာပြီ သန့် မင်းရဲ့ဆိုးနေတာလေးကိုပြင်ပေးဖို့ ကိုယ်လာပြီ '