"ညီ"
စိုးရိမ်မှုတို့ကြောင့် ကျွန်တော့်အသံဟာ ပုံမှန်ထက် လှိုက်ခါနေသည်။ကျွန်တော်ထင်တယ်။ဒါကြောင့် တစ်နေ့လုံး ကျွန်တော့်စိတ်တွေလေးလံနေခဲ့တာ။ မနေ့က တစ်နေ့လုံး ညီ့မျက်နှာမကောင်းသည်ကို သူသိသည်။ သားပေါက်ကိစ္စကြောင့် စိတ်ရှုပ်ထွေးနေမည့် ညီ့ကို သူ ဘာမှမမေးချင်။ စိတ်အေးသွားတဲ့အခါမှ နှစ်ယောက်သား တိုင်ပင်ဆွေးနွေးကာ ပြဿနာကို အဖြေရှာကြမည်ဟု တွေးထားခဲ့တာ။
"ကလေးမဆန်ရဘူးလေ ကလေးရယ်"
ထိုကောင်ငယ်လေးဟာ အထုပ်အပိုးများ ထုတ်ကာ ဒီအိမ်က ထွက်သွားဖို့ ပြင်ဆင်နေသတဲ့။ အိမ်သို့ ငိုယိုရင်းလာပြောသွားသည့် ဒေါ်ညိုစကားကြောင့် ကျွန်
တော် တစ်ကိုယ်လုံး ထူပူသွားခဲ့ရသည်။"ညီ"
ညီက ပြန်မထူးပါ။ ထုပ်ပိုးလက်စ အထုပ်များကိုသာ ဂရုတစိုက်ထည့်နေသည်။
"ညီ ကိုကိုပြောနေတယ်လေ...ဘာလို့ထွက်ပြေးချင်ေနရတာလဲလို့"
သူ စိတ်မရှည်စွာ ပြောတော့ ညီ့မျက်နှာလေးသည်သူ့ဆီသို့ ခပ်ဖြည်းဖြည်းလှည့်လာသည်။ပြီးနောက် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်ကာ
"ကျွန်တော် ရှောင်ပုန်းနေမှဖြစ်မယ် ကိုကို။ကျွန်တော် သားပေါက်နဲ့ မခွဲနိုင်ဘူးဆိုတာ ကိုကိုသိတယ်မလား..သူတို့ရှာမတွေ့နိုင်လောက်မယ့် နေရာတစ်ခုဆီ သားပေါက်ကိုခေါ်ပြီး ထွက်ပြေးချင်တယ်"
ညီ့မျက်နှာဟာ ပြိုကျလုနီးပါး တိမ်စိုင်တွေလို ဆွေးလျလျ။ မျက်နှာလေးချောင်ကျသွားသည်က သူ့ရင်ကို ဆွေးမြေ့စေတာအမှန်။
"ကလေးရယ်..ဒီလိုရှောင်ပြေးတော့ရော ပြဿနာတွေက ပြီးသွားမှာတဲ့လားကွာ"
ကျွန်တော်က ထိုသို့ပြောတော့ ညီသည် ကျွန်တော့်အား စိုက်ကြည့်ပြီး
"ကျွန်တော် သားပေါက်နဲ့မခွဲနိုင်ဘူး ကိုကို..။ကျွန်တော် သားပေါက်နဲ့ခွဲရရင် ရင်ကွဲရလိမ့်မယ် ကိုကိုရဲ့"
"ကိုကိုသိတာပေါ့ ညီရယ်။ ဒါပေမယ့် ဒီကိစ္စတွေက ရှောင်ဖယ်ပြေးတော့ ပြီးသွားမယ့်အရာမဟုတ်တာ သိသားနဲ့ကွာ။ ရင်ဆိုင်လိုက်မှ အဖြူအမဲ သည်းသည်းကွဲကွဲသိမှာမလား...။ ခု ကိုယ်နဲ့ မေဝင့်ထည်နဲ့ တိုင်ပင်ပြီး အသိရှေ့နေနဲ့ ဆွေးနွေးဖို့ လုပ်ထားတာမို့...အရင်ဆုံး ကိုယ်တို့ ရှေ့နေနဲ့ စကားပြောကြည့်ကြရအောင်လား ကလေးရယ်"
YOU ARE READING
The boy next Door
Romansaသူမနဲ့ချစ်သည်ဖြစ်စေ၊ သူနဲ့ချစ်သည်ဖြစ်စေ၊ ကျွန်တော်ကိုယ်တိုင်ပျော်ဝင်စီးဆင်းနေတဲ့ အချစ်ဟာ ကျွန်တော်ကို ပျော်ရွှင်စေရင် အဲဒီ့အချစ်ဟာ ချစ်ပါပဲ။