ရှုပ်ထွေးလွန်းသော အရိပ်မြုံ (အပိုင်း၆)-Uni and Zaw

2K 81 19
                                    

မိုးဦး အုတ်ဂူလေးရှိရာသို့....

"မိုးဦးရေ ငါနင့်ကိုအရမ်းသတိရတယ်ဟာ မေ့လို့လည်းမရဘူး ငါလေ ငါ နင့်အပေါ်မပြောခဲ့ရတဲ့ စကားတွေပြောချင်သေးတယ်။ ငါနင့်ကို ငါနင့်ကို အစတည်းက စတွေ့ စမြင်ကတည်းက လက်ခံပြီးသားပါဟာ။ ငါနင့်အပေါ်အပြစ်ရှိတယ်လို့ခံစားနေမိတာအမှန်ပါ။ နင်ဟာလေ အရမ်းတဇွတ်ထိုးဆန်တာပဲ။ ဟင့် အီး ဟီး ရွှတ် .... နင်ငါ့ကိုပါ အပါခေါ်သွားလိုက်ပါလားဟာ။ ခုငါနင့်ကိုနှစ်တိုင်းငါ့စိတ်ထဲကပြောနေကြ စကားတစ်ခွန်းပြောမယ်။ ငါနင့်ကို သိပ်ချစ်ပါတယ်လို့ 😭။"

💒💒💒💒💒💒💒💒💒💒💒💒

စံအိမ်‌တွင် မိုးသစ်တစ်ယောက် ကုမဏီ မှပြန်လာတည်းက အိမ်ထဲ ဧည့်ခန်းတွင်ရှေ့ဆင့်နောက်ဆင့်လျောက်ရင်း ပြန်ရောက်မလားသေးတဲ့ မြူခိုးရိပ် ဆိုတဲ့ ကောင်မလေးကိုစောင့်နေလေရဲ့

"ဟယ်လို ဟန်ဆက် ဟေ့ကောင် ရှာတွေ့ပြီလား"

"မတွေ့သေးဘူးဘောစ့် ကျနော်တို့ရှာနေတုန်းပါ"

"မြန်မြန်ရှာကြကွာ ဟာ မိုးတွေလည်းရွာလာပြီ ဒုက်ခပါပဲ ဟိုကောင်မလေးကလည်းကွာ တောက်"

"သခင်လေး ဟိုမှာခြံဝမှာ မြူလေးရောက်လာပြီထင်တယ် ဟယ် တစ်ကိုယ်လုံးစိုရွဲနေတာပဲ။"

ကြီးစိန်ကပြောလည်းပြော ခြံဝက ဝင်လာတဲ့ မြူလေးကို အနွေးထည်လေး လှမ်းခြုံပေးရင်း

"ဟိုကောင်မလေး ဒီကိုလာစမ်း ကြီးစိန် လည်း အလုပ်သွားလုပ်တော့လေ ကျနော်သူ့ကိုပြောစရာရှိလို့"

"အော်ဟုတ်ကဲ့ သခင်လေး"

ကြီးစိန် မီးဖိုချောင်ထဲဝင်သွားပြီခဏအကြာ...

မိုးသစ်ထိုကောင်မလေးမျက်နှာအားစူးစိုက်ကြည့်ရင်းမှ

"ဖြန်း!!!!"

"အ!"

မြူ ခေါင်းကိုလည်ထွက်သွားတာပဲ။ နဂိုတည်းက မိုးတွေမိလာလို့ လမ်းတစ်လျောက်လုံးခေါင်းတွေမူးလာတာ ခုကျ သူ့ရဲ့လက်အားကြောင့်.....

"မင်းကို အကြွေးနဲ့သိမ်းထားတာမို့ မိန်းမ သိက္ခာ ကျအောင်လုပ်နေတာလား ဟမ်။"

ရှုပ်ထွေးလွန်းသော အရိပ်မြုံ 💒 {Complete}Where stories live. Discover now