ရှုပ်ထွေးလွန်းသောအရိပ်မြုံ(အပိုင်း၁၉)-Uni and Zaw

1.2K 34 0
                                    

Uni

** စိတ်ညစ်လိုက်တာ ဒီနေ့ အဲ့လူနဲ့မှ အလုပ်တူတူကျရတယ်လို့**

တွေးရင်း ဟိုလူကြီးရောက်လာပါပြီ

"ခင်ဗျားကြီး နောက်ကျတယ်။"

"ဟော ငါးမိနစ်တည်းနောက်ကျတာကို"

"ခု လုပ်ရမယ့် စာရွက်က အပေါ်ထပ်မှာယူရမှာမလား"

"ဟုတ်တယ် ဒါပေမယ့်အကို ယူခဲ့ပြီးပြီ။ စုံစမ်းရတဲ့အမှုက အိမ်တွင်းခိုးဝင်မှုတဲ့ ခိုးပြီး တန်ဖိုးကြီးအရာတွေခိုးယူနေတာ စမ်းချောင်းတစ်ဝှိုက်နားမှာ အဲ့ကိုသွားရလိမ့်မယ်။"

"" ဟုတ်ဟုတ် အဲ့ဆို သွားရအောင်လေ ကိုဘုန်း။ ပြီးတော့ ကျနော်နားမလည်တာဆိုလည်းသင်ပြပေးပါ။

"အိုကေပါ တက် သွားရအောင်။ "

########

"ဟာ အကိုတော်မွန်းနောက်ကျပြန်ပြီထင်တယ် အလုပ်မပြီးသေးတာများလား"

ယာယာတစ်ယောက်ကျောင်းရှေ့မှာ စောင့်နေတာ နာရီဝက်လောက်ရှိပေမယ့် မွန်းမရောက်လာသေးပါ။
ဒါပေမယ့် မထင်မှတ်ထားတဲ့ ကားတစ်စီးကြောင့်

"ဟိတ်ချာတိတ်မလေး ဘယ်သူ့စောင့်နေတာလဲ"

"ဟာ ဟို ရှင်ကိုး ကျမဘာသာဘယ်သူ့စောင့်စောင့်ပေါ့။"

"အော် ကိုယ်က လမ်းကြုံရင်ပို့ပေးမလို့ပါ။ ကျောင်းဆင်းပြီမလား"

"ရတယ် မွန်းလည်းရောက်တော့မှာပဲ"

"ပြီးတာပဲ ကိုယ်သွားပြီ။"

ဟန်ဆက်လည်းသွားပြီသာပြောခဲ့ရတယ် အဲ့ချာတိတ်မလေးကိုစိတ်မချပေ။ ဒီနေ့လည်းအရေးကြီးအစည်းအဝေးမရှိတော့ ဘောစ့်ကို နေ့တဝက်ခွင့်တိုင်ပြီး ချာတိတ်မကို သစ်ပင် အကွယ်မှာ ကားရပ်ပြီးစောင့်နေလိုက်သည်။

ယာယာ မွန်းကိုဖုန်းဆက်သော်လည်းမကိုင်ပေ။ စောင့်နေတာ တစ်နာရီရှိပြီ ကျောင်းဆင်းတာလည်းလူကုန်သလောက်ရှိနေပီ့မို့ ငိုလည်းငိုချင်လာပြီ။ မျက်ရည်လေးလည်း ဆန်းဆန်း ဆန်းဆန်းနဲ့။

"ဟို ချာတိတ်မလေး မင်းလူ မလာတော့ဘူးထင်တယ်။"

"ရှင်မပြန်သေးဘူးလား"

ရှုပ်ထွေးလွန်းသော အရိပ်မြုံ 💒 {Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ