ရှုပ်ထွေးလွန်းသောအရိပ်မြုံ(အပိုင်း၂၁)-Uni and Zaw

998 35 0
                                    

Uni

"ဟိုကောင်မလေး အိမ်ပြန်မယ် ထ"

"ဟို ပွင့်ဖူးတို့မရောက်သေးဘူးလေ"

"မရှည်စမ်းပါနဲ့ မင်းအမမုံကိုယုံတယ်မလား"

"ယုံပါတယ်။"

"ဟုတိပြီ အဲ့ဆိုပြန်မယ်။"

"မြူ ရုံးမှာပဲ ဆက်စောင့်မယ်လေ ရောက်ရင်ရောက်လာမှာပေါ့"

"ဟာကွာ ဘုန်းအဏ္ဏဝါ တို့တောင်ညနေလောက်က ပြန်သွားပြီ ခု မင်းစောင့်နေတာ ရုံးဆင်းချိန်ရောက်နေပြီ ဒါအိမ်မဟုတ်ဘူးနော်။"

"မြူသိပါတယ်။ မြူက ဖူးမျက်နှာတွေ့ရရင်ပဲရပါပြီ။"

"ပြီးရော မင်းတစ်ယောက်တည်းဆက်စောင့်နေလိုက် ငါတော့ပြန်ပြီ။"

မိုးသစ်ပြောပြီး မိန်းတွေချလိုက်ကာ အခန်းထဲက ထွက်လာလိုက်သည်။

"အော် ဘော့စ် ပြန်တော့မလားရှင့်"

အပြင်မှ ဝန်ထမ်းလေးတွေက တရိုတသေနဲ့ လာနှုတ်ဆက်ချင်းပင်။

"ငါမပြန်သေးဘူး မင်းတို့ပြန်ရင် ပြန်နှင့်ပါ။ အော် ဒါနဲ့ မှူးရွှေစင်ရော သူ့မတွေ့ပါလား"

"သူ ဘော့စ်အခန်းထဲက ထွက်ကတည်းကပြန်သွားတာပါ။"

"ဟွန့် ထင်သားပဲ"

#######

*ဘာလို့မီးတွေပိတ်သွားရတာလဲ မှောင်နေတာပဲ။ အဲ့ ကိုမိုးသစ်တစ်ယောက်ကလေ သူ့ညီမအတိုင်းပဲ တဇွတ်ထိုးသိပ်လုပ်တာပဲ။ ကိုမိုးသစ်ကလည်း စောင့်ပေးမယ်မရှိဘူး။ အားနေ ငါ့ကိုပဲအော်နေတာပဲ။ ဟူး*

ကျွီ..

တံခါးဖွင့်သံကြားကာ

"ဘယ် ဘယ်သူလဲ"

......

"ဘယ်သူလဲလို့မေးနေတယ်လေ"

......

"အ့ အား ရှင်ဘယ်သူလဲ ဘာလို့ကျမအသားကို လာထိနေတာလဲ အမှောင်ကြီးမှာ ဖယ် ဖယ်နော်။"

......

"ဖယ်ပါဆိုနေ ရှင်ဘယ်သူလဲလို့ ကျမအသားကို မထိနဲ့
မှောင်နေတယ်ဆိုပြီးကျမကိုမဟုတ်တာမလုပ်ပါနဲ့ ကျမကို ..အီး..ရွှတ်.."

ရှုပ်ထွေးလွန်းသော အရိပ်မြုံ 💒 {Complete}Where stories live. Discover now