အခန်း(၂) ရန်ခုန်သံတို့ အသက်ဝင်

213 7 3
                                    

သူ့ဖက်က ပြန်ပို့လာတာက .....
"ကျွန်တော် သဘောကျတဲ့သူက ပြန် သဘောကျပါ့မလား"
"ကျွန်တော်က အပြင်မှာ စကားမပြောဖူးဘူး"
စိတ်ထဲမှာတော့ တွေးလိုက်မိပြီ။ ကျွန်မ သူကို မရတဲ့အပြင် ပြန်အကူညီတောင်းခံရတော့မယ် ထင်တယ်။
ထင်တဲ့အတိုင်းပင် သူဖက်က
"ကျွန်တော့်ကို ကူညီပေးလို့ ရရင် ကူညီပါအုံး ပေါင်ကျန့်"
"ပြောလေ ပေါင်ကျန့် ကူညီနိုင်ရင် ကူညီမှာပေါ့"
"....."
"....."
.....
သူ ပြောသမျှကို ဖတ်သာ ဖတ်နေရတာ။ စိတ်က မပါတော့ချေ။
နောက်ဆုံး ရှောင်လင် ပို့သမျှ အကုန်ပြီးသွားသော်လည်း မိမိ စိတ်ထဲမရောက်လို့ ရှောင်လင်ကို
"ပေါင်ကျန့် အတတ်နိုင်ဆုံး ကူညီပါ့မယ်" ပို့လိုက်ရုံနှင့် ပြီးသွားမယ် အထင်နဲ့ ပို့ပြီး အွန်လိုင်းက ဆင်းဖို့ ပြင်လိုက်တော့တယ်။
ထို့အချိန်မှာပဲ ရှောင်လင်က
"ဘယ်လို ကူညီမှာလဲ"
"ပေါင်ကျန့် အခု မကူညီဘူးလား"
ဆိုတဲ့ စာ ၂ စောင် ဝင်လာတော့ ကျွန်မ သူ့စာ အများကြီး အရှည်ကြီးကို နောက်တကြိမ် ပြန်ဖတ်ရတော့ချေတယ်။

သူ့ ပြောနေတဲ့သူက ကျွန်မနဲ့ တော်တော် တူတာပဲ လို့ ရေရွတ်ရင်း မြန်မြန် ဆက်ဖတ်လိုက်​တော့ နောက်ဆုံးတော့ သေချာခဲ့လေပြီ။ ကျွန်မနာမည်နဲ့ ကျွန်မကို သူ ဖက်က ချစ်နေကြောင်း စာ ပါနေတာတောင် ကျွန်မ သတိမထားမိတာကိုပဲ ကိုယ့်ကိုကိုယ် အပြစ်တင်ရမလို မျက်နှာကလည်း ပြုံးနေတာမှ နားရွက် ကို တက်ချိတ် မလိုနဲ့ နေရ ထိုင်ရခက်လာတော့တယ်။

ကျွန်မ ဘယ်လို ပြန်ဖြေရမလဲ ဘာလုပ်ရမလဲ အတွေးတွေ များနေသလို သူကလည်း ပြန်စာကို စောင့်နေတာ ကြာနေပြီ။ ကျွန်မ တခုခု ပြန်ပြောရမယ်။ ဘာပြောရမလဲ။ စိတ်ကသာ တွေးနေတာ။ လက်က စာက အသင့်ရိုက်ပြီးပြီ။

"ပေါင်ကျန့်လည်း ချစ်နေတာ ကြာပါပြီ
ဒါပေမဲ့ ပေါင်ကျန့် စဉ်းစားဖို့ လိုတယ်
ပေါင်ကျန့်တောင် တခြားတယောက်ကို ပြောင်း crush ဖို့တောင် စဉ်းစားပြီးပြီ"

အဲ့တိုင်း ရေးထားပြီးပြီ။ တကယ်လည်း ကျွန်မ သူကို ဒီတိုင်းပဲ သိမ်းထားလိုက်ဖို့ လည်း ဆုံးဖြတ်ထားပြီးပြီ။
သူ ဒီလို ဝန်မခံရင်လည်း ကျွန်မဖက်က ဘယ်တော့မှ စပြောမှာ မဟုတ်ပါဘူး။

စိတ်ထဲလည်း ဘယ်လို ပြောရမှန်း မသိတာနဲ့ ရေးထားတဲ့ အတိုင်းပဲ ပို့လိုက်ပါတယ်။

"စဉ်းစားလေ"
"ကျွန်တော် စောင့်ပါမယ်"

ကျွန်မ ခံစားမိလိုက်ပါတယ်။ သူဖက်ကို အမှတ်တွေ ပေးထားပြီးပြီ။ လက်ခံဖို့လည်း အဆင်သင့် နေပါပြီ။
သုံးနှစ်ကျော်တောင် သူကိုပဲ တဖက်သတ် ချစ်နေခဲ့တာလေ။

သိပ်မကြာခင်ပဲ ကျွန်မတို့ ချစ်သူမကျ သူငယ်ချင်း မကျ ဆက်ဆံရေး မျိုး ဖြစ်လာတယ်။
ကျွန်မကို ကျွန်မ ထိန်းချူပ်ရင်း အဆင့်မတက်မိအောင်
အပြင်မှာ ပထမဆုံး ချိန်းတွေ့မှပဲ ချစ်သူ အဖြစ် သတ်မှတ်မယ်။ ဒီကြားထဲမှာတော့ တယောက်အကြောင်း တယောက် နားလည်အောင် သိအောင် လုပ်ကြတာပေါ့ ဆိုပြီး တယောက် အကြောင်း တယောက် ပြောပြကြတာပေါ့ ဆိုပြီး ကျန်းရှောင်လင်ကို ပြောထားရတယ်။

အချိန်တွေကုန် ရက်တွေ မေ့ပျောက်တဲ့အထိ ကို ပြောခဲ့ကြတာပေါ့။ အချိန်တိုင်း နေ့ရက်တိုင်းမှာ တယောက်ကို တယောက် အဆက်အသွယ် မပျက် ပြောခဲ့ကြတယ်။

ပထမဆုံး ချိန်းဆိုတဲ့ ရက်က မနက်ဖြန်ဆို ရောက်ပြီ။

ဘယ်လို ဝတ်သွားရမလဲ။ ဘယ်မှာ တွေ့ကြမလဲ။ ဘာ အကြောင်းပြောကြမလဲ။ ရင်ခုန်နေတာပေါ့

သူဖက်လည် ထို့နည်းတူ တတွပ်တွပ်နဲ့ မေးနေ ပြောနေတာပေါ့။ ဒါကလည်း ကျန်းရှောင်လင်ဖက်က ချိန်းဆိုလို့သာ ကျွန်မ တို့ တွေ့ဖြစ်ကြတာပါ။ ကျွန်မဖက်က စပြောဖို့ စိတ်ကူးတောင် မရှိပါဘူး။

ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ.....

ရှုပ်ထွေးလှတဲ့ ဆက်ဆံရေး (21+)Where stories live. Discover now