ကျွန်မ နာမည်က ယန်းပေါင်ကျန့်။ ကျွန်မမှာ တဖက်သတ် ချစ်ရတဲ့ ကောင်လေး တစ်ယောက်ရှိတယ်။ သူကတော့ ကျန်းရှောင်လင်...။ သူကို တဖက်သတ် ချစ်ခဲ့တာ ဒီနေ့ဆို သုံးနှစ်တောင် ရှိပြီပေါ့။ ဒါပေမဲ့ ကျွန်မမှာ ဖွင့်ပြောဖို့ အစီအစဉ် ခုထိ မရှိသေးဘူး။ သေချာပါတယ်။ ကျွန်မ ဖွင့်ပြောမှာ မဟုတ်ဘူး။ ဒီတိုင်းလေးပဲ ရင်ထဲမှာ သိမ်းထားမှာပါ။ သူ့ကို မြင်နေရရုံနဲ့ပဲ ကျွန်မ ကျေနပ်ပါတယ်။ အမြဲ မတွေ့ရလည်း ကျွန်မ ချစ်နေဆဲပါပဲ။ ဒီလိုနဲ့ အချိန်တွေ ကြာလာလည်း ကျွန်မနဲ့ ပေါင်းတဲ့ သူငယ်ချင်းတွေ အကုန်သိလာလည်း သူကတော့ မသိခဲ့ပါဘူး။ ကျွန်မ ကျောင်းပြီးခဲ့ပါပြီ။ သူကတော့ တော်ဝင် ဂုဏ်ထူးဆောင် အတန်းကို တက်နေတော့ မပြီးသေးဘူး။ ပါမောက္ခတွေ၊ ကြီးကြပ်ရေးမှူးတွေ သိပ် သဘောကျတဲ့ ကျောင်းသားပေါ့။
တရက်ကျတော့ ကပ်ဆိုးကျတော့ ကျောင်းကို ပိတ်လိုက်တော့ ကျွန်မလို ကျောင်းပြီးကာစ ကျောင်းသား/သူ တွေရော တက်နေဆဲ ကျောင်းသား/သူ တွေ ရော အကုန် အိမ်တွင်း အောင်းကြရတာပေါ့။ ကပ်ဆိုးက ကြာတာ ဒီနေ့ဆို တနှစ်တောင် ပြည့်ရောပေါ့။ မှတ်မှတ်ရရ အွန်လိုင်းကနေ ကျန်းရှောင်လင်က လာပြောတယ်။ အရင်က သာမန်စကားတောင် များများ မပြောတဲ့ သူက ဒီနေ့မှ တော်တော်ကြာကြာ ပြောဖြစ်ခဲ့ကြတယ်။ အဲ့ကစပြီး ကျွန်မတို့ အဆက်အသွယ် အမြဲလိုလို ရှိခဲ့ကြတယ်။ တနေ့တော့ သူဖက်က ချစ်စကား အကြာင်း စလာတယ်။
"ပေါင်ကျန့် နင့်မှာ ချစ်သူ ရှိနေပြီလား"
"မရှိပါဘူး"
"ကျွန်တော်မှာ ချစ်မိနေတဲ့သူ ရှိနေပြီ"
ဒီစကားမှာတင် ကျွန်မ ရင်ထဲမှာပဲ သိမ်းထားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ စိတ်ထဲမှာတော့ သူ ချစ်တဲ့သူက ဘယ်သူများလဲ ဆိုတာ သိချင်စိတ်က ထိန်းမရတော့ပါဘူး။
"ရှင် ချစ်တဲ့သူက ဘယ်သူလဲ"
စိတ်က သိချင်စိတ် စည်းချက်နဲ့အတူ လက်က ရိုက်ပြီးသား ဖြစ်နေပြီး ပို့ဖို့ပဲပင် လက်ချောင်းက ဖိရက်သား ဖြစ်နေပြီ။ အသိစိတ်ဝင်ပြီး လက်ချောင်း လွှတ်လိုက်သည်နှင့် တပြိုင်နက် ချက်ချင်းပင် ကြည့်ရှုပြီး စာပြန်ရိုက်နေသည်မှာ တကယ်ပင် ကျွန်မအတွက် ဒတ် ဒတ် ဒတ် ဆိုတဲ့ အသံနဲ့ ကျွန်မ ရင်ခုန်သံ တထပ်တည်း ကျပြီး ရင်ခုန်သံကို ပြန်ကြားရတဲ့အထိ ဖြစ်နေတော့ပါတယ်။
သူဖက်က ပြန်ပို့လာတာက .............
ESTÁS LEYENDO
ရှုပ်ထွေးလှတဲ့ ဆက်ဆံရေး (21+)
RomanceNOT BL !!!!! 21+ အပြုံးချိုချို ပိုင်ဆိုင်တဲ့ ကျန်းရှောင်လင် နဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားလွန်းတဲ့ ယန်းပေါင်ကျန့် တို့ရဲ့ ဆက်ဆံရေး အပါအဝင် သူတို့နဲ့ ပတ်သတ်တဲ့ သူတွေရဲ့ အကြောင်းကို တည်ပြီး ရေးသားသွားမှာပါ။ ဘယ်လိုတွေ ဖြစ်ကြမလဲ။ ဘာတွေ လုပ်ကြမလဲ။ ဘယ်လို...