ဒီနေ့က ကျွန်မတို့ နှစ်ယောက် ပထမဆုံး စတွေ့မဲ့ရက်ဖြစ်သလို ကျွန်မတို့ တရားဝင် ချစ်သူဖြစ်မဲ့နေ့လေး ပင် ဖြစ်သည်။ ချိန်းဆိုလိုက်တဲ့ နေရာကတော့ ကျွန်မနဲ့ နီးတဲ့ စူပါမားကတ် တစ်ခုမှာ တွေ့ဖို့ သဘောတူ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ မနက် ၉ နာရီ လောက် ဆုံမယ် ပြောထားသော်လည်း ကျန်းရှောင်လင်က တွေ့ချင်စောနဲ့ မနက် ၇ နာရီ ကျော်ကတည်းက ထွက်လာနေပြီ။ ၈ နာရီ ကျော်လောက်မှာ ကျွန်မဆီ ဖုန်းဝင်လာလေပြီ။ ရောက်ခါနီးနေပြီ ဖြစ်ကြောင်း အသိပေးတဲ့ ဖုန်း ဖြစ်လေသည်။
"ဟယ်လို ပေါင်ကျန့် ကျွန်တော် လမ်းမှာ ပေါင်ကျန့် ပြောတဲ့ နေရာ ရောက်တော့မယ်နော်"
"ဟယ် ဘယ်လို ဖြစ်တာလဲ အစောကြီးပဲ ရှိသေးတယ်"
"ဟုတ်တယ် ကျွန်တော် တွေ့ချင်စော အားကြီးလို့ စောထွက်လာလိုက်တာ"
"ဒါဆိုလည်း ပေါင်ကျန့် ထွက်လာလိုက်မယ်နော် ခဏစောင့်နော်"
"ကောင်းပါပြီ"
ထိုအချိန်မှ ကျွန်မ သူ စောထွက်လာတာ ဖြစ်ကြောင်း သိရလေသည်။ ကျွန်မ မြန်မြန် အိမ်က ထွက်ဖို့ ပြင်ရလေသည်။ ဒါ ပထမဆုံး ချိန်းတွေ့တာ ဖြစ်လို့ ကျွန်မ အစွမ်းကုန် လှဖို့ ပြင်နေဖို့ အချိန် မမှီတော့ချေ။ ဆံပင် အခြောက်ခံပြီး စက်နဲ့ပင် မဆွဲခဲ့ရ။ သူ ကျွန်မကို စောင့်နေရမှာ စိုးရိမ်၍ လောလောနဲ့ ထွက်လာနေရပြီ။
သေချာပါတယ်။ သူ ကျွန်မကို စောင့်နေရပါပြီ။
ဒါက ကျွန်မ နောက်ကျ၍ မဟုတ်၊ သူ စောထွက်လာလို့ စောင့်နေရတာမျိုးပင် ဖြစ်သည်။
ကျွန်မ ရည်းစား မထားဘဲ နေလာတာ သူကို တဖက်သတ် စကြိုက်ကတည်းက ဆိုတော့ ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ ဘာလုပ်ရမလဲ မသိတော့ သူကို ခေါ်ပြီး အိမ်အတွက် လိုတာရော ကိုယ်အတွက် ဝယ်စရာတွေကို ဝယ်ဖို့ အရင်လုပ်လိုက်ပါတော့သည်။ ဘယ်ဆိုင်မှ စုံစုံလင်လင် မဖွင့်သေးတာကြောင့် ခေါ်သွားလိုက်လေသည်။
ဝယ်စရာ ပြီးသွားတော့ ကော်ဖီဆိုင် တခုမှာ ထိုင်ဖို့ ပြင်လိုက်တော့သည်။
YOU ARE READING
ရှုပ်ထွေးလှတဲ့ ဆက်ဆံရေး (21+)
RomanceNOT BL !!!!! 21+ အပြုံးချိုချို ပိုင်ဆိုင်တဲ့ ကျန်းရှောင်လင် နဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားလွန်းတဲ့ ယန်းပေါင်ကျန့် တို့ရဲ့ ဆက်ဆံရေး အပါအဝင် သူတို့နဲ့ ပတ်သတ်တဲ့ သူတွေရဲ့ အကြောင်းကို တည်ပြီး ရေးသားသွားမှာပါ။ ဘယ်လိုတွေ ဖြစ်ကြမလဲ။ ဘာတွေ လုပ်ကြမလဲ။ ဘယ်လို...