ချစ်စရာလေး

14 1 0
                                    

Zawgyi

    ကန်တင်းထိုင်ပြီး uniကဆင်းတော့ ပါးက လာကြိုတယ် ပြီးတော့ ပါးက လူတွေကို တစ်ယောက်ချင်းဆီလိုက်စိုက်ကြည့်နေတယ် ထက်ကလည်းယွန်းနဲ့ အတူလမ်းလျှောက်ချင်လို့ဆိုပြီး အခန်းအပြင်ကိုနွေးတို့နဲ့အတူထွက်လာတယ် ယွန်းမျက်နှာကတော့ဆူပုတ်လို့ ခတ်ကိုလည်းတွေ့ရော သွာ3း2ချောင်းကို ဖြီးလို့ သူလည်အခုတလောဘာဖြစ်နေတယ်မသိဘူး ယွန်းမကနွေးလက်ကို မဆွဲဘဲခတ်လက်ကိုတင်းနေအောင်ဆုပ်ထားတယ် အသစ်မြင်အဟောင်းမေ့တဲ့ဟာမ နောက်နေ့ ကျရင် လက်စားချေပြမယ်

*နွေး*   “ ယွန်းငါနဲ့ ပြန်လိုက်မှာလား ”
*ယွန်း*   “မလိုက်တော့ဘူနွေး ဒီနေ့ ခတ်တို့အိမ်မှာလူကြီးတွေမရှိဘူးဆိုလို့ ငါလိုက်ပြီးနေပေးမလို့ ခတ်နဲ့ဘဲ အတူပြန်လိုက်တော့မယ်”
*နွေး*   “ okay okayယွန်း     ခတ် အဲ့ဟာမက အနိုင်ကျင့်ရင် မနွေးဆီph လှမ်းဆက်လိုက်နော် ဘာဖြစ်လို့လဲဆိုတော့ လာအနားကပ်ခဲ့ ခတ်တစ်ယောက်ထဲကိုဘဲပြောပြမလို့ ”နွေးကအနားကပ်ခဲ့ပြောတော့ကပ်လာတယ် ယွန်းနဲ့ ထက်ကတော့ စူးစမ်းသလိုလိုနဲ့ကြည့်နေတယ်
*နွေး*    “မမကကမ္ဘာကြီးကိုကယ်တင်မဲ့
ပါဝါရိန်းဂျားအနက်ရောင်ကောင်လေ”နွေးလည်းပြောလိုက်တော့ ခတ်ကလမ်းလျှောက်နေရင်းရယ်ပါလေရော အဲ့တာကို ယွန်းက သိချင်စိတ်နဲ့ ခတ်နောက်ကိုလိုက်ပြီးမေးနေတယ် ထက်တစ်ယောက်ကတော့ စကားပြေားဖို့အခွင့်အရေးတောင်မရလိုက်ရှာဘူး သူ့ဟာမလေးက ခတ်နောက်ကိုတန်းနေအောင်လိုက်သွားလေရဲ့
*ထက်*   “နွေး ငါသွားပြီ”
*နွေ*   “အော် အေး”

*နွေး*    “ပါးဘာတွေငေးနေတာလဲ ”
*ပါး*    “သမီးကောင်လေးဆိုတာ မောင်ထက်လရိပ်ကိုပြောတာလား ?”
*နွေး*   “ဟာပါးကလည်း နွေးက ပါးလောက်တောင် မချောမခန့်တဲ့သူကိုရွေးစရာလား နွေးကို အထင်သေးလို့ ”တမင်မြှောက်ပြောလိုက်တာ မဟုတ်ရင် သမီးကောင်လေးကဘယ်သူလည်း ဘယ်ကလည်း ဘာလုပ်တာလည်းတွေလာမေးရင်နွေးမဖြေချင်ဘူး သူဘက်ကရောနွေးဘက်ကပါ သေချာမှနွေးဖွင့်ပြောချင်တာ
*ပါး*   “အမြှောက်လွန်လို့ မြောက်တက်တော့မယ် ကားပေါတက်ပါ အပြန်ဘာစားချင်သေးလည်း”

When I know YouWhere stories live. Discover now