Density-14

347 49 0
                                    

Unicode

ဟန်မြစ်ကနေ Jeon အိမ်ပြန်ပို့ပးခဲ့ပီးနောက် အတွေးတွေ များပီး ရှုပ်ရှက်ခတ်နေသောကြောင့် Jeon ဖုန်းခေါ်တာ
​message ပို့တာတွေ အာလုံး လျစ်လျူရှုထားမိသည်

လူကိုယ်တိုင် လာတွေ့ရင်လည်း မျက်နှာချင်းဆိုင် မတွေ့မိအောင်ရှောင်နေသည်

ရှုပ်ရှက်ခတ်နေတဲ့ အတွေးတွေနဲ့ ဘာမှ မစဥ်းစားချင် ......တည်ငြိမ်ပီး စိတ်တွေ ရှင်းလင်းသွားတဲ့အခါမှာတော့ သေချာပေါက် Ji ကိုယ်တိုင် သွားတွေ့မှာမို့

Jeonကလဲ  message ပို့ရင်တောင် Ji အဆင်ပြေလား နေကောင်းလား စားပီးပီလား လွမ်းနေတယ် ကလွဲ အဖြေပေးဖို့ ဖိအားမပေးလို့ တကယ် ကျေးဇူးတင်ရသည်

မနေ့က ညလုံးပေါက် ရိုက်ကူးရေးကြောင့်
ဒီနေ့ကို နားရက်ပေးထားတာကြောင့် အိမ်က မီးဖိုချောင် စားပွဲမှာ ကော်ဖီဖျော်နေရင်း အတွေးတွေက ဟိုရောက် ဒီရောက်ဖြစ်နေတုန်း

"Ji......Ji!!!"

"ဟမ်!"

"ငါကြည့်နေတာ ကြာပီ နင့်စိတ်တွေ ဘယ်ရောက်နေတာလဲ ...လူတယောက်လုံးဘေးနားထိုင်နေတာတောင် သတိမထားမိဘူးဆိုတော့"

သက်ပြင်းခပ်ဖွဖွချကာ

"နင် အလုပ်မသွားသေးဘူးလား.....နောက်ကျနေပီမဟုတ်ဘူးလား"

"ဒီနေ့ အရင်လက အစားထိုးဆင်းပေးရတဲ့ရက်အစား ပိတ်ရက်ပေးထားတာ ​ဒါနဲ့
စကားလမ်းကြောင်းမလွှဲနဲ့ Ji နင်နဲ့ငါ uniမှာ စသိပီး ခင်ပေမယ့် အကြောင်းသိငယ်ပေါင်းကြီးဖော်တွေလိုပဲ.....နင် ငါ့ကို ရင်မဖွင့်ပဲ တယောက်ထဲ ကျိတ်ခံစားမလို့လား......ဟမ်"

Yumi အားပြုံးရုံလေးသာပြုံးပြနိုင်လိုက်သည် သူ့လဲ သူ့အပူနဲ့သူဟာ ထပ်ပီး ကိုယ့်ကပါ အပူတွေ ပေးသလို ဖစ်နေမှာဆိုးသည်

"Ji နင်မပြောလဲ ငါရိပ်မိတယ် အရင်ရက် ငါ overtime ဆင်းရလို့ နောက်ကျတဲ့နေ့ကတည်းက နင်တခုခုဖြစ်နေတာ....အတိအကျပြောရရင် Jeon Jungkook နင့်ကို အိမ်ပြန်လိုက်ပို့တဲ့နေ့က "

"ဟမ်.....နင်ဘယ်လိုသိ"

"သူ့ကားက လမ်းထိပ်ကအထွက် ငါ ပြန်လာတဲ့အချိန်နဲ့ကွက်တိပဲလေ......ညဘက်
ညဥ့်နက်ပီး နင်ရော ငါရော အလုပ်ကြောင့် ပင်ပန်းထားတာဆိုတော့ ငါမမေးပဲ ဒီအတိုင်းနေလိုက်တာ"

DENSITYWhere stories live. Discover now