Density-15

378 47 1
                                    

Unicode

နောက်တရက်

ကလေးငယ် သူငယ်ချင်း လာပြောလို့ အတင်းသွားတွေ့မယ့်အစီအစဥ် ကို ဖျက်သိမ်းလိုက်ပီး ကလေးငယ် သူ့ messageကို replyပြန်တဲ့ထိ စောင့်ဖို့ စဥ်းစားပီးနောက် ချိန်းဆိုထားတဲ့ နေရာသို့

At Light Hotel's restaurant

Chairman ဂျေ ရောက်လာတော့ တချက်ပဲမော့ကြည့်လိုက်ကာ စားလက်စ steak အားစားနေလိုက်သည်

"အဖေ တယောက်လုံး ရောက်လာတာတောင် ထပီး နှုတ်ဆက်ရကောင်းမှန်းမသိဘူးလားဟမ်"

"လို လို့လား ဒီလို အပိုလုပ်တာတွေ ဘယ်တုနက ဝါသနာ ပါသွားတာလဲ Daddy"

စားလက်စ ဓားနဲ့ ခရင်းကိုချပီး ဘေးက လက်သုတ်ပဝါအဖြူကိုယူကာ နှုတ်ခမ်းသုတ်ရင်း မထီမဲ့မြင့်​ပြောနေသော သားကြောင့် သက်ပြင်းချလိုက်ကာ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်ရင်း

"မင်း ဘယ်ချိန်ထိ ဒီလို ပြုမူနေမှာလဲ "

"ဘာလို့စိတ်ဝင်စားနေတာလဲ....ကိုယ်ပျော်သလို နေ.နေကြတာပဲဟာ"

"မရဘူးးးး မင်းက ငါ့သားဖြစ်နေတဲ့အတွက် ငါ့ပြောသလိုနေရမယ်"

"ဟားးးးး တရားလိုက်တာ..Daddyကတော့ လုပ်ချင်တာလုပ်နေပီး"

"အားလုံးက မင်းအတွက်ချည်းပဲ"

ဝိုင်ခွက်လေးကို လက်ထဲမှာကိုင်ထားပီး ခပ်ဟဟရီမောလိုက်ကာ

"နားထောင်လို့ကောင်းတယ် ဒါမယ့် အဆိပ်တွေပေါ် ပျားရည်လောင်းထားမှန်း သိနေတော့ခက်တယ် Daddyစိတ်နဲ့ ကျနော်ကိုယ် ရှင်သန်စေချင်နေတာကိုး "

"မင်း ဒီလိုပုံစံဖြစ်သွားတာ ငါ့အမှားတွေ ကြောင့်လဲပါပါတယ်"

"Chairman ဂျေနဲ့ မလိုက်တဲ့ စကားတွေ
မပြောပါနဲ့ ကျနော်က မသနားတတ်ဘူး လိုရင်းပဲပြောကြတာပေါ့....ညစာစားဖို့သက်သက်တော့ Daddy က ရောက်မလာတတ်ဘူးလေ...ဟုတ်တယ်မလား."

လှီး​ဖြတ်ထားတဲ့ Steak အတုံးသေးလေးကို ပါးစပ်ထဲ ထည့်ရင်း ပြောလိုက်တဲ့ Jeon ကြောင့်

"ကောင်းပီလေ....ငါ မင်း company လာတုန်းကပြောခဲ့သလိုပဲ....မင်း MoShin ဘဏ်က သမီးနဲ့ စေ့စပ်ဖို့ မိဘချင်းပြောပီးပီ.အဲ့တော့ မင်း သွားတွေ့ဖို့ လာပြောတာ"

DENSITYWhere stories live. Discover now