Density-18

432 49 9
                                    

Unicode

ညက ဘယ်အချိန် Jeon ​အိမ်ရောက်လာမှန်းမသိ ပြန်လာတော့တောင် အချိန်က ညတစ်နာ​ရီကျော်နေပီ သေချာပေါက် အရမး်နောက်ကျနေပီ လူကအရမ်းပင်ပန်းပီး
နုန်းနေတာကြောင့် ကားပေါ်မှာတင် အိပ်ပျော်သွားသည် Jeon ပွေ့ချီခေါ်လာတာတောင် မသိတော့

ခု နိုးလာတော့ Jeon အခန်းက အိပ်ရာပေါ်မှာ
ဘေးစားပွဲပေါ်က နာရီအားကြည့်မိတော့ လက်တံအတိုက ရှစ်ကို မကြာခင်ရောက်တော့မည်

အခန်းဘေးပတ်ဝန်းကျင် လှည့်ကြည့်မိသော်လည်း Jeon အရိပ်အယောင်မတွေ့...
ဆိုဖာပေါ်မှာ အိပ်ထားတဲ့ အရိပ်အယောင်လဲမတွေ့
ရေချိုးခန်းထဲမှာလည်းမရှိ အစောကြီးထပီး အလုပ်သွားတာများလား

ဟိုတွေးဒီတွေးဖြင့် အခန်းပြင်ထွက်လာရုံ
ရှိသေး အပြင်ဖက်က စားပွဲ​ခုံပေါ်တွင် စာရွက်စာတမ်း များရှုပ်ပွနေပီး laptop ကလည်းအားသွင်းလျက် တန်းလန်းကြီးပွင့်လို့
ထိုဘေးက ဆိုဖာခုံအရှည်တွင်တော့ Jeon ဟာ အပေါ်အင်ကျီကို ဆွဲချွတ်ထားပုံရကာ
မှောက်လျက်ကြီး အိပ်ပျော်နေသည်

ဒီအတိုင်းကြီ ညကတည်းကများ အိပ်ပျော်နေတာလား အပြင်ဖက်မှာ စောင်မပါ
ဘာမပါ ​အအေးပတ်ပီး လေဖြတ်သွားမှ တကယ်ပဲ Jeon ဟာလေ ကလေးလားကျနေ ပြောရဆိုရခက်

Ji တစ်ယောက် ပွစိပွစိ လေးပြောကာ အခန်းထဲပြန်ဝင်ပီး စောင်ယူလာကာ Jeon ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်တော့..အင်...အဲ...ဖြင့် ပက်လက်လှန်လာတော့ Jeon မျက်နှာပေါ်ကျနေတဲ့ ဆံပင်တွေအားသပ်တင်ပေးကာ နှုတ်ခမ်းပါးလေးအောက်က မှဲ့သေးသေးလေးအား ငုံ့နမ်း
လိုက်ပီး အခန်းထဲ ပြန်ဝင်ကာ ရေချိုးဖို့
ပြင်လိုက်သည် မဟုတ်ရင် လူက မလန်းဆန်း
အဝတ်အစား အပိုမရှိလဲ Jeon အိမ်
ပထမ စရောက်ခဲ့​တဲ့နေ့က ဝတ်ခဲ့ဘူးတဲ့ Jeon အင်ကျီ လေး ပြန်ရှာဝတ်ရမှာပဲ
.
.
.
.
.
.
.
ရေချိုးပီး bathrobe လေးဝတ်ပီး ထွက်လာပီး Dressing Room ထဲဝင်ကာ အရင်တခါဝတ်ခဲ့တဲ့ အင်ကျီ အား ရှာဖွေရန် ဝင်လာတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် တအံတသ
ပထမတခေါက်ဝင်ခဲ့တုန်းက Jeon အင်ကျီတွေ suit တွေ Shoes design မျိုးစုံနဲ့
လက်ပတ်နာရီ တွေနဲ့သာပြည့်နေသော နေရာက
ခုတော့ မိန်းကလေးဝတ် အင်ကျီ designစုံ ဖိနပ်မျိုးစုံ လက်ကိုင်အိတ် မျိုးစုံတို့က တဝက်နေရာယူထားသည် အကုန်လုံးက brand တံဆိပ်တောင်မဖြုတ်ရသေး
Ji ကြောင်ကြည့်နေတုန်း

DENSITYWhere stories live. Discover now