[Unicode]
ခွန်းမြတ်ဇော် ကျောင်းမှ အိမ်သို့ ပြန်ရောက်ချိန်တွင်ဖြစ်လေသည်။ သူတို့ခြံမှာ ဝင်ဝင်ချင်း မျက်နှာချင်းဆိုင်၌ ကားနှစ်စီးခန့် ဝင်ဆံ့သော ကားဂိုဒေါင်တစ်ခုရှိ၏။ ထိုကားဂိုဒေါင်၏ နံဘေးနားတွင်မှု ဆင်စွယ်ရောင်ဆေးသုတ်ထားသော ခမ်းနားသည့် သုံးထပ်တိုက်အိမ်ကြီးဖြစ်လေသည်။ တိုက်ကြီး၏ အရှေ့ဘက်တွင်မှု အစိမ်းရောင်မြက်ခင်းအတုကို ကျကျနန ခင်းကျင်းထားပြီး နှင်းဆီ ၊ကစ္စမီ ၊သစ်ခွ ၊ဇီဇဝါ စသည့်ပန်းပင်များကို ပန်းအိုးကြီးငယ်များဖြင့် စိုက်ပျိုးထားကာ ဥယျာဥ်ငယ်လေးတစ်ခုကဲ့သို့ လှပနေတော့သည်ပင်။
ခွန်းမြတ်ဇော်တစ်ယောက် ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မိမိတို့အိမ်က မဟုတ်သော ဆိုင်ကယ်တစ်စီး ထိုးရပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် အိမ်သို့ ဧည့်သည်ရောက်နေပြီမှန်း ခွန်းမြတ်ဇော် သိလိုက်၏။ သူသည် ခြံဝန်းထဲမှ ဥယျာဥ်ငယ်လေးကိုဖြတ်ကာ အိမ်ထဲသို့ဝင်လိုက်ပါသည်။ အိမ်ထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ခြေလှမ်းနှစ်ဆယ်ခန့်အကွာတွင် အပေါ်ထပ်သို့ တက်သည့် လှေကားကို တွေ့ရပြီး လက်ယာဘက်တွင် ဧည့်ခန်းဖြစ်ကာ ၊လက်ဝဲဘက်တွင် ထမင်းစားခန်းတို့ အသီးသီးတည်ရှိကြပါသည်။
ခွန်းမြတ်ဇော်မှာ မိမိ၏အခန်းရှိရာ အပေါ်ထပ်သို့ မတက်သေးဘဲ အိမ်သို့ မည်သို့သော ဧည့်သည်ရောက်နေသနည်းဟု သိလိုစိတ်ဖြင့် ဧည့်ခန်းထဲကို တစ်ချက်ငေးကြည့်မိ၏။ ဧည့်ခန်းထဲတွင်မူ သူ၏အမေနှင့် ဦးလေးကြီးတစ်ယောက်တို့ စကားပြောနေကြသည်ကိုမြင်ပြီး "ဘာတွေပြောနေကြမလဲ"ဟု သိလို၍ ဧည့်ခန်းတံခါးဝ အကွယ်မှနေကာ ခိုးနားထောင်လိုက်ပါသည်။
"ကျွန်မသားလေးကို အခုလိုလုပ်သွားတဲ့တရားခံကို တကယ်ဘဲ ရှာလို့မရနိုင်ဘူးလား စခန်းမှူးရယ်..."
ခွန်းမြတ်ဇော်၏ အမေမှာ တရုတ်စပ်သည့်အားလျော်စွာ ပိန်ပိန်ပါးပါး အသားအဖြူဖြူနှင့်ဖြစ်သည်။ မိတ်ကပ်ရောင် ရင်ဖုံး အကျီနှင့် ထဘီအကွက်အား လုံလုံခြုံခြုံဝတ်ဆင်ထားကာ ဆံပင်ကို အပြောင်သိမ်း၍ ခပ်မြင့်မြင့်စည်းထား၏။ သူမသည် ဧည့်ခန်းထဲရှိ ဆိုဖာထိုင်ခုံများထဲမှ ခေါင်းရင်းဘက်ရှိ တစ်လုံးခုံတွင်ထိုင်ကာ စခန်းမှူးဆိုသည့်လူမှာတော့ ဆိုဖာခုံရှည်တွင်ဖြစ်သည်။ ထိုလူ၏ အရှေ့ဘက်ရှိ မှန်စားပွဲပေါ်တွင်လည်း လက်ဖက်ရည်ခွက်တစ်ခွက်အား ချထားပါသည်။
YOU ARE READING
𝐓𝐇𝐄 𝐂𝐈𝐆𝐀𝐑𝐄𝐓𝐓𝐄 (𝐇𝐢𝐚𝐭𝐮𝐬)
أدب المراهقينစိတ်ဒဏ်ရာတွေကို စီးကရက်သောက်ပြီး ဖြေဖျောက်တတ်တဲ့ ကောင်လေးတစ်ယောက် . . . အဲ့သလိုမျိုး စီးကရက်ကြိုက်တဲ့ ကောင်လေးကိုမှ စီးကရက်စွဲသလို စွဲလမ်းသွားမိတဲ့ ကောင်လေးနှစ်ယောက်နဲ့ အိမ်ထောင်သည် အမျိုးသားတစ်ယောက် . . . ချစ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ပုံတွေ မတူညီက...