SEINN (စိမ်း)

429 18 17
                                    

Unicode;;;

မိုးလေကင်းလွတ်သီတင်းကျွတ်ဆိုသလို ‌မိုးရာသီ၏ နောက်ဆုံးလလေး သီတင်းကျွတ်ပင်ရောက်လာတော့မည်။

မိုးရာသီ၏ နောက်ဆုံးလက်ကျန် မိုးစက်တွေ ရွာသွန်းနေတဲ့ချိန် အိမ့်သွဲ့မိုးညို တစ်ယောက် အခန်းပြတင်းပေါက်တစ်နေရာ၌ ကော်ဖီခါးခါးလေးတစ်ခွက်‌ သောက်ကာ ဇာတ်သိမ်းမလှတဲ့၀တ္ထုလေးကို ဖတ်နေလေ၏။

ဇာတ်သိမ်းမလှတဲ့၀တ္ထုနဲ့ အဆုံးသတ်ခါးခါးလေးတွေကို သူသိပ်ကြိုက်တယ် ။ နောက်ပြီး မိုးစက်လေးကို သူသိပ်သဘောကျတယ်။

ခပ်ဟဟလေးဖွင့်ထားတဲ့ အခန်းပြတင်းကနေ ပြင်ပမိုးစက်လေး တစ်စက်နှစ်စက်က ခုန်၀င်လာသည် ထပိတ်ဖို့သူ(မ)စိတ်မကူးမိ ။ ကော်ဖီခွက်လေးကိုမော့သောက်ရင်းဖြင့် စားပွဲခုံပေါ်ဖွင့်လျက်တင်ထားတဲ့ စာအုပ်ဘေးက စာအိတ်လေးကို ဖွင့်ဖတ်ကြည့်ဖို့ အားတင်းကာ ကောက်ကိုင်လိုက်တယ်။

စာအိတ်ထက်က လက်ရေးဝိုင်းဝိုင်းလေးတွေ ကျမသိပ်ချစ်တာဘဲ။ စာအိတ်အပေါ်မှာ နာမည်ပင် မထိုးထားသော်လည်း ဒီလက်ရေးလေးက ကျမသိပ်မြတ်နိုးရတဲ့ တစ်ဦးသော သူစီကဆိုတာ ကျမသိနေတယ်။ စာအိတ်လေးကို ဘယ်ပြန်ညာပြန်ကြည့်ရင်း သူ့အမည်နာမလေးကို နာကျည်းစွာ တမ်းတလိုက်တယ်။

"မေ........."

အတွေးမျှင်တွေကတော့ ဆယ်ကျော်သက် ကျောင်းသူဘ၀လေးတွေဆီ စေခိုင်းမှုမပါဘဲ လျင်စွာ ပြန့်လွင့်သွား‌ လေသည်။

-------------******----------------

ကျမ ၏ ဘေးမှာ မှောက်အိပ်နေတဲ့ ကျောင်းသူလေး သူ့နာမည်က မေယဉ်ကျေး တဲ့လေ။ စရောက်လာတုန်းကပုံစံနဲ့ အခုပုံစံနဲ့များ တခြားဆီဘဲ။ သူက အူကြောင်ကြောင် နဲ့ မလည်မ၀ယ်လေးဗျ။ ခက်တော့လည်းခက်တာဘဲ ။ ကျမလို ဇွတ်ကနဲ ဇက်ကနဲ စိတ်ကောင်းလေးရှိတဲ့သူနဲ့မှ တစ်နေရာ၊တစ်ခန်းထဲ အတူထိုင်ရတော့ မျက်ကွယ်မပြုရက်ပါဘူးလေ။

"မေ.....ထတော့...ဆရာမ၀င်လာတော့မယ်"

"..မိုးကလည်း....."

ဝူးဝူးဝါးဝါးနဲ့ ထလာတဲ့ မေဆိုတဲ့ကောင်မလေး တစ်‌နေ့ထက် တစ်နေ့ ပိုချစ်ဖို့ကောင်းလာပြီး ခေတ်ဆန်လာတယ်။ ဆံပင်ဂုတ်ဝိုင်းလေးရယ် ၊ ပါးဖောင်းဖောင်းလေးရယ်၊ မျက်လုံးဝိုင်းဝိုင်းလေးရယ် ၊ကလေး ဆိုးဆိုးတတ်တဲ့ အကျင့်လေးက မပျောက်သေးဘူး။ အိမ်မက်တွေထိတောင် လိုက်ဆိုးလိုက်ဂျစ်နေတဲ့ တကယ့် ကောင်မလေး။

Oneshort By Sai997🍁Where stories live. Discover now