U&Z
ပန်းမြို့တော်က ပန်းတစ်ပွင့်🌾
--------
(Oneshort ✨, BL)
ပြင်ဦးလွင်မြို့သို့ ကားအဖြူတစ်စီး ဦးတည်မောင်းနှင်နေသည်။ အသွားတစ်လမ်း၊အပြန်တစ်လမ်း နှစ်လမ်းမောင်းပေမို့ ကားမရှုပ်လှပါ။ သို့သော် သတိကပ်နေမှဖြစ်မည်။ မန္တလေးတိုင်းထဲတွင်ပါသော ပြင်ဦးလွင်သည် တစ်ချိန်က ရှမ်းပြည်ပေမို့ တောင်ပတ်လမ်းများဖြင့် အကွေ့အကောက်များသည်။ မာယာများလှသည်။သို့သော် လူတွေ၏ မာယာကိုလိုက်မမှီ။
"ကိုကို....ပြန်ခဲ့ပါကွယ်"
ရုတ်တရက်လင်းသွားသော ဖုန်းမျက်နှာပြင်ကို ကျနော်ဖျတ်ကနဲ တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ထိုအပြုံးတွေထဲ နာကျင်မှုတွေက အထင်သားပင်။
"ကလင်...ကလင်"
နောက်ထပ် ဆက်တိုက်၀င် လာတဲ့စာတွေကိုတော့ ကျနော်အရေးတယူကြည့်မနေတော့။ လူတစ်ယောက်က တစ်ခါမှားလျှင်တော့ အမှားဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုကဲ့သို့သော အမှားမျိုးကိုတာထပ်ခါထပ်ခါမှားလျှင်တော့ အမှားမဟုတ်တော့ချေ။ စော်ကားခြင်းလို့ အမည်တပ်ရတော့မည်။
"ရွံစရာကောင်းလိုက်တာကွာ"
ဇေယျာမောင်၏ စိတ်ထဲကအခဲမကျေမှုများသည် ပြင်ပသို့ ခက်ထန်သည့် စကားလုံးအဖြစ် ထွက်ပေါ်လာတော့သည်။ စိတ်သက်သာစေခြင်းအလိုငှာ လေပူများကို မှုတ်ထုတ်လိုက်မိသည်။ ဆောင်းရာသီဖြစ်သောကြောင့် အာငွေ့ဖြူဖြူများ ထောင်းကနဲဖြစ်သွားသည်ကိုလည်း အရေးတယူငေးနေပြန်သည်။ အတွေးများက လွင့်ချင်တိုင်းလွင့်နေ၏။
ဇေယျာဆိုတဲ့ဘ၀ကိုမေ့ပြီး သာမာန်လူသားတစ်ယောက်အနေနှင့် ရှင်သန်ကြည့်ဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။
viewsလှတဲ့ တောင်အတက်လမ်းဘေးတစ်နေရာတွင်ကားကိုထိုး ရပ်လိုက်သည်။ အိတ်ကပ်ထဲ အသင့်ထည့်လာသော ဆေးလိပ်ကိုဖွင့်ဖောက်ကာ မီးညှိရင်း တောင်ပြာတန်းတွေကို ငေးကြည့်နေလိုက်သည်။ ကင်မရာကိုထုတ်ကာ ထိုအလှကိုလည်း ဖမ်းယူဖို့လည်းမမေ့။ လှရက်လွန်းသည့် အလှပေမို့ အတန်ကြာအောင်ရပ်ကြည့်နေလိုက်သည်။