Unicode;;;
တစ်လှမ်းဘဲလှမ်းပါ
-----------(Bl, oneshort ✨)
(1)
အမှတ်(၂)ကျောင်းတော်ကြီးသည် နယုန်မိုးစက်များနှင့် အတူ စသင်သက်၀င်လှုပ်ရှားလာတော့သည်။ ကျောင်းသား၊ကျောင်းသူများ သူ့အုပ်စုကိုယ့်အုပ်စု စသဖြင့် တီတိုးဝိုင်းဖွဲ့နေကြသည်။ ၀င်သူက၀င် ထွက်သူကထွက်ဖြင့် ပျားပန်းခက်သဖွယ်ဖြစ်နေသည်။ ပထမဦးစွာ မိခင်ကျောင်းတော်ကြီးကို ခိုလှုံမည့် ကလေးငယ်များကတော့ စူးစူးဝါးဝါးအော်ငိုနေကြသည်။
"မေမေရေ သားကို မထားသွားပါနဲ့...အီးဟီး..."
"သားရယ်...ကျောင်းမှာနေခဲ့မှ ပညာတတ်ကြီးဖြစ်မှာပေါ့...."
သနပ်ခါးအဖွေးသားနဲ့ အော်ငိုနေတဲ့ ကလေးတစ်ယောက်ကို စုတ်လုံးလေးစုတ်ရင်း ကျနော်ရပ်ကြည့်နေခဲ့သည်။ ကျနော်က ကျောင်းပျော်တစ်ဦးလေ။ မူကြိုတက်တာ ဒီနှစ်နဲ့ဆို နှစ်နှစ်ရှိပြီ။ ကလေးဗိုလ်ဆိုလည်း မမှား။ သူ့ကိုကြည့်နေတဲ့ ကျနော့အကြည့်တွေသည် အသက်မပါ။
ထိုကောင်လေးရဲ့ အမေက ဆရာမဆီ စိတ်ချလက်ချအပ်ပြီး ငိုနေတဲ့သားမျက်နှာကိုမထောက်နိုင် လက်တွဲဖြုတ်ကာ ကျောင်း၀န်းအပြင်သို့ ထွက်သွားလေတော့သည်။
"ဟျောင့် နာမည်ဘယ်လိုခေါ်လဲ"
"ရွှတ်....သက်ပိုင်စိုး"
ဂျောင်တစ်နေရာမှ ဒူးလေးထောင်က ငိုနေတဲ့ သက်ပိုင်စိုးဆိုသည့် ကောင်လေးကိုကြည့်ရင်း ရီချင်စိတ်များဖြစ်လာလေသည်။ နှပ်ချေးက တွဲလောင်းနဲ့ သနပ်ခါးပါးကွက်ကြီးမှာ မျက်ရည်စီးကြောင်းတွေကလည်း ထင်းကနဲ။
"ငါ့နာမည်က ငွေသော်တာဦး...."
မျက်ရည် အဝိုင်းသားနဲ့ မော့ကြည့်လာတဲ့ ထိုကောင်လေးကို အိတ်ထောင်ထဲက စုတ်လုံး(ချိုချဉ်)တစ်လုံးထုတ်ပေးလိုက်၏။
"ကျေးဇူး"
ထိုကောင်လေး၏ ဘေးနေရာလွှတ်တွင် ကျနော်လည်း ၀င်ထိုင်လိုက်သည်။ ချိုချဉ်ခွံကို မခွာတတ်၊ခွာတတ် ကိုက်ဖောက်နေတဲ့ သက်ပိုင်ဆိုတဲ့ကောင်လေးထံ အာရုံမရောက်ဘဲ မနေနိုင်။ မကြည့်ရက်တော့သည့်အဆုံး ကျနော်ကိုယ်တိုင်ဖောက်ပေးလိုက်၏။