(Unicode)
ကျေးငှက်လေးတွေရဲ့တေးသံနှင့်အတူမနက်ခင်းရဲ့နေရောင်ခြည်လေးကတစ်ဆတစ်ဆနဲ့အခန်းပြတင်းမှဖြာကျလျက်ရှိသည်...။ညဉ့်နက်တဲ့အထိ Bl series တွေထိုင်ကြည့်နေတဲ့တစ်ယောက်သောသူကတော့ခုချိန်ထိမနိုးလာသေးပေ...။
တီ...တီ...တီ (Alarm)
"နားငြီးတယ်ကွာ...အင့် "
ကုတင်ပေါ်၌အိပ်ပျော်နေတဲ့ကောင်ငယ်လေးမှာနှိုးစက်အသံကြောင့် အိပ်မှုန်စုံဖွားနဲ့
ပွစိပွစိပြောနေကာ...နှိုးစပ်ကိုပိတ်ပြီးပြန်အိပ်နေလေရဲ့...။သိပ်မကြာခင်မှာဘဲဒေါက်...ဒေါက်...ဒေါက်
"သားရေ...မနိုးသေးဘူးလား "
" ... "
"ပါးပါးဝင်လာပြီနော် "
ရှင်းပိုင်လည်းသားကြီးအခန်းထဲသို့ဝင်လာလိုက်တော့...ထင်တဲ့အတိုင်းဘဲခေါင်းရင်းနဲ့ခြေရင်းမှားကာအိပ်ပျော်နေတဲ့ကွာကွာကိုတွေ့လိုက်ရတယ်...။ရှင်းပိုင်တစ်ယောက်ကုတင်ဘေးသို့သွားကာ...
'ဖတ်...'
"အားးးနာတယ်လေပါးပါးရာ "
ငယ်ငယ်တုံးကလိုအဆီစုနေတဲ့ဖင်လေးကိုဘဲခပ်ဆတ်ဆတ်ရိုက်လိုက်ကာနိုးလေတော့..အောက်နှုတ်ခမ်းတစ်တောင်လောက်ထွက်လာပြီးအော်ပါလေတော့တယ်...။
"ဟွန့်...ဘာမှန်းမသိဘူး
သူများရဲ့လှတပတ ဖင်လေးကိုဘဲလိုက်ရိုက်နေကြတယ်...တကယ်ဘဲ "ပြောပြီးတာနဲ့မှောက်လျက်ပြန်အိပ်ဖို့လုပ်နေတဲ့ကွာကွာကြောင့်...ရှင်းပိုင်လည်းဂုတ်ကနေဆွဲထားကာဖင်လေးကိုနောက်တစ်ချက်ထပ်ရိုက်လိုက်ပြန်တယ်။
"အားးးး ပါးပါးရေ...နာတယ်လို့ "
"နာတယ်လုပ်မနေနဲ့...အချိန်ကိုလဲကြည့်အုံး
ပြောတော့ဒီနေ့ စာမေးပွဲဖြေရမှာဆို ""အာ...ဟုတ္သားဘဲ
သားမေ့နေတာ...အချိန်ဘယ်လောက်ရှိပြီလဲပါးပါး "ထိုအခါမှအချိန်ကိုအသည်းအသန်မေးတဲ့
ကွာကွာကြောင့်...ရှင်းပိုင်သက်ပြင်းသာချမိလိုက်တော့သည်။"၈နာရီထိုးတော့မယ်...Daddy နဲ့သစ်လေးတောင် Company သွားဖို့ပြင်ဆင်နေကြပြီ "
![](https://img.wattpad.com/cover/287730272-288-k905233.jpg)
YOU ARE READING
Perfect First Love
Romance"ကျွန်တော်အတွက်တော့... အချစ်ရဲ့အဓိပ္ပါယ်ကို...ကိုကို့ဆီမှာရှာမှရမယ်...အချစ်ဟာချိုသလား၊ခါးသလား... ဒါတွေကိုကျွန်တော်မသိဘူး... ကျွန်တော်သိကတော့ကျွန်တော့်ရဲ့အရာရာဟာကိုကိုဘဲ.." အံ့မဟာတော်ဝင် "အချစ်ဆိုတာနဲ့မောင့်ကိုဘဲပြေးမြင်တယ်... မောင့်ကိုချစ်ဖို့မွေးဖွ...