[Unicode]
' မောင် '
ကွာကွာရဲ့နှုတ်ဖျားကနေခေါ်ဆိုလိုက်မိတဲ့နာမ်စားလေးဟာတော့တိုးညင်းလွန်းတာ
ကြောင့်ဘယ်သူမှပင်ကြားလိုက်မည်မထင်...။ဒေါသတကြီးနဲ့စိုက်ကြည့်နေတဲ့မောင့်အကြည့်ကြောင့်ခပ်ရေးရေးလေးသာပြုံးနိုင်တော့သည်။" မဟာ "
"Boss "
မဟာတစ်ယောက်သူ့ကိုခေါ်နေတဲ့သူတွေကိုလျစ်လျူရှုကာချစ်ရသူအားကြည့်မိတော့...ခပ်ရေးရေးသာပြုံးပြလာပြီးစူးရှလွန်းတဲ့မျက်ဝန်းတစ်စုံဟာသူ့အားသတ်နေသယောင်။
"မဆိုင်တဲ့သူတွေဒီနေရာကနေထွက်သွားသင့်တယ်လို့မထင်ဘူးလား..."
အကုန်လုံးရဲ့အာရုံဟာအံ့မဟာတော်ဝင်ထံသို့ရောက်လာကြသည်မို့မလိုအပ်တဲ့သူတွေကိုအပြင်သို့ထုတ်ပစ်လိုက်သည်။တစ်ဆက်ထဲမှာဘဲမင်းထက်ကိုမျက်စပစ်လိုက်တာကြောင့်ထိုဝန်ထမ်းမလေးနှစ်ယောက်တော့သူများတွေပြန်ရမဲ့အချိန်မပြန်ရဖြစ်နေအုံးမှာအမှန်ပင်။
"မဟာ...မြတ်ကိုကယ်ပါအုံး
ကိုခြူးကလေမြတ်ကိုစကားလုံးတွေနဲ့စော်ကားတာတင်အားမရလို့ကိုယ်ထိလက်ရောက်အထိ...အဟင့် ""ကိုကိုသူပြောတာဟုတ်လားဟင်... "
မောင့်အနောက်မှာကွယ်ပြီးမတ်တပ်ရပ်နေတဲ့မြတ်အိန္ဒြေဟာသိပ်ကိုမာယာများတာတော့လက်ခံသွားပြီ...။မောင့်အရှေ့မှာကျငိုပြနေပြီးမောင့်ကွယ်ရာရောက်သွားတော့ကွာကွာကိုအောင်နိုင်သူသဖွယ်ပြုံးပြနေပါရောလား...။
' ဖြန်း '
ထိုမိန်းမအားမောင့်အနောက်မှဆွဲထုတ်လိုက်ကာပါးသို့အားပြင်းပြင်းနဲ့ရိုက်လိုက်တယ်...။ခြူးဝီရဦးရဲ့ဒေါသကဒီနေရာမှာဘဲရပ်တန့်နေတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးမဟုတ်လား။
"ကိုခြူးဘာလို့မြတ်ကိုရိုက်ရတာလဲဟင်...မဟာ...မြတ်ကိုကယ်ပါအုံး "
"မောင်အိပ်နေတာမို့...ကိုယ်မင်းကိုစကားတိုးတိုးပြောဖို့သတိပေးခဲ့တယ်မဟုတ်လား...မင်းအသံသိပ်ကျယ်တာဘဲ "
မထင်ထားတဲ့ရိုက်ချက်ကြောင့်ထိုမိန်းမလန့်
ဖြန့်သွားသော်လဲအံ့မဟာတော်ဝင်ရှေ့မှာတော့သူဟန်ဆောင်ကောင်းနေသေးတယ်...။သို့သော်မောင်ကတော့မည်သည့်ပုံစံမျှမပြပေမဲ့သူ့အားစိုက်ကြည့်နေသည်ကိုတော့တွေ့ရပေသည်။ထို့နောက်ကွာကွာလဲမောင့်ဘက်သို့လှည့်လိုက်ကာ...
![](https://img.wattpad.com/cover/287730272-288-k905233.jpg)
YOU ARE READING
Perfect First Love
Romance"ကျွန်တော်အတွက်တော့... အချစ်ရဲ့အဓိပ္ပါယ်ကို...ကိုကို့ဆီမှာရှာမှရမယ်...အချစ်ဟာချိုသလား၊ခါးသလား... ဒါတွေကိုကျွန်တော်မသိဘူး... ကျွန်တော်သိကတော့ကျွန်တော့်ရဲ့အရာရာဟာကိုကိုဘဲ.." အံ့မဟာတော်ဝင် "အချစ်ဆိုတာနဲ့မောင့်ကိုဘဲပြေးမြင်တယ်... မောင့်ကိုချစ်ဖို့မွေးဖွ...