[Unicode]
ထိုင်းနိုင်ငံ၊ဖူးခက်မြို့၊ ပသောင်ကမ်းခြေရှိ
Mahar Hotel ရုံးခန်းအတွင်း၌စကားပြောနေကြတဲ့လူနှစ်ဦး...။ထိုသူများတော့အခြားသူမဟုတ်...Mahar Hotel ပိုင်ရှင် အံ့မဟာတော်ဝင်နဲ့သူ၏ဦးလေးတော်စပ်သူ မဟာဘုန်းမြင့်...။"မဟာ...သားသွားဖို့အဆင်သင့်ဖြစ်ပြီလား "
"ဟုတ်...အဆင်သင့်ဖြစ်ပါပြီဦးငယ် "
"အင်းးးရန်ကုန်မှာနေဖို့အတွက်အကုန်စီစဥ်ပြီးပြီ...Mahar Company အခြေတကျဖြစ်ဖို့မင်းထက်ကိုလွှတ်ပေးထားတာမို့...သားလဲအဆင်ပြေမှာပါ "
ဦးမဟာဘုန်းမြင့်တစ်ယောက်သူ၏တူတော်မောင် ရန်ကုန်သွားဖို့အတွက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပေးထားမိသည်...။
မိဘနှစ်ပါးလုံးကားမှောက်ရင်းတိမ်းပါးသွားတာကြောင့်ငယ်စဥ်ထဲကသူ့လက်ထဲမှာကြီးပြင်းလာတဲ့မဟာလေးကိုသားအရင်းသဖွယ်သူချစ်ရပါသည်...။မဟာ့အဖေ...သူ့အစ်ကိုကြီးထားရှိခဲ့တဲ့အမွှေတွေကိုမဟာ၁၈နှစ်ပြည့်တဲ့အချိန်မှာလွှဲပြောင်းပေးခဲ့တယ်..။
ထိုအချိန်မှစပြီးမဟာလေးကစီးပွားရေးမှာသူမတူအောင်ကြိုးစားနိုင်ခဲ့ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့သည်...။နောက်ထပ်ကြိုးစားရတဲ့အကြောင်းရင်းကတော့သူချစ်ရတဲ့သူနဲ့အမြန်ဆုံးနီးစပ်နေဖို့တဲ့...။
"နယ်စပ်က ကိစ္စတွေအဆင်ပြေရဲ့လားသား "
"ဟုတ်...အဆင်ပြေပါတယ်ဦးငယ် "
"အင်းးးဦးငယ်ကတော့ဂရုစိုက်စေချင်တယ်...
ဒီလောကကြီးကသိပ်ကိုမာယာများလွန်းလို့...
ကိုယ်ယုံကြည်ရပါတယ်ဆိုတဲ့သူကတောင်
ကိုယ့်နောက်ကျောကိုဓားနဲ့ထိုးနိုင်တယ်သား..""ဟုတ်...သားဂရုတစိုက်နဲ့လုပ်နေပါတယ်.. "
"HYPEN နဲ့ကောအဆက်သွယ်ရလား..."
"ကိုသစ်နဲ့အဆက်သွယ်ရတယ်...စာချုပ်မှာလက်မှတ်ထိုးပြီးရင်လုပ်ငန်းချဲ့ထွင်ဖို့အဆင်ပြေပြီ..ဦးငယ် "
"ဟုတ်ပြီ...ဒါဆိုသားသွားဖို့လုပ်တော့လေ...
လေယာဥ်ချိန်နောက်ကျနေအုံးမယ် "

YOU ARE READING
Perfect First Love
Romance"ကျွန်တော်အတွက်တော့... အချစ်ရဲ့အဓိပ္ပါယ်ကို...ကိုကို့ဆီမှာရှာမှရမယ်...အချစ်ဟာချိုသလား၊ခါးသလား... ဒါတွေကိုကျွန်တော်မသိဘူး... ကျွန်တော်သိကတော့ကျွန်တော့်ရဲ့အရာရာဟာကိုကိုဘဲ.." အံ့မဟာတော်ဝင် "အချစ်ဆိုတာနဲ့မောင့်ကိုဘဲပြေးမြင်တယ်... မောင့်ကိုချစ်ဖို့မွေးဖွ...