[Unicode]...;
မနက်ခင်းရဲ့နေရောင်ခြည်တွေစူးစူးတွေဟာပြတင်းပေါက်မှန်မှတစ်ဆင့်အခန်းတွင်းသို့ကျရောက်လျက်ရှိသည်...။ ထိုအချိန်တွင်
ကုတင်ပေါ်ရှိကောင်လေးတစ်ယောက်သည်ခြေရင်းခေါင်းရင်းမှားလျက်အိပ်နေရာမှ...လူးလွန့်ကာနိုးလာလေသည်...။' အွန်းးးးဝါးးးးး '
ကွာကွာတစ်ယောက်အပျင်းကြောဆန့်ကာသန်းဝေလိုက်ပြီး...ငုပ်တုပ်ထထိုင်မိလေတော့သူ့ဘေးတွင်တစ်ခုခုလစ်ဟာနေတာကိုသတိထားမိသွားလေ၏။
' မောင်...'
'အဟင့်...ငါ့ကိုလည်းမနိုးသွားဘူး '
တစ်ယောက်ထဲရေရွတ်ရင်းအိပ်ချင်မူးတူး
ဖြင့်အိပ်ရာပေါ်မှထကာ...အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။ အောက်ထပ်ရောက်တော့ဖိုင်တွဲတစ်ထပ်နဲ့မင်းထက်ကိုတွေ့တော့"မင်းထက် "
"ဗျာ...ကိုခြူး "
"မဟာရော...ဘယ်ရောက်သွားတာလဲ "
"အော်...Bossလား...
ခြံနောက်ကပန်းခြံထဲမှာရှိတယ်ကိုခြူး "."အေးအေး...ငါသွားလိုက်အုံးမယ် "
"ဟုတ် "
ကွာကွာလည်းညဝတ်အကျီဝမ်းဆက်နဲ့အနောက်ဘက်ရှိပန်းခြံထဲသို့လျှောက်လာလေတော့...အပေါ်ပိုင်းဗလာကျင်းကာစီးကရက်သောက်လျက်နဲ့ခြံထဲရှိအပင်တွေကိုရေလောင်းနေတဲ့မောင့်ကိုတွေ့လိုက်ရတယ်...။ မောင်ရှိရာသို့လျှောက်သွားလိုက်ပြီး...
"အားးးး နာလိုက်တာ "
ကွာကွာလည်းမောင့်ကိုနောက်ကျောမှခါးကိုသိုင်းဖက်လိုက်ပြီးပခုံးကိုအားရပါးရကိုက်လိုက်တယ်...။ အကျီမဝတ်ထားတာကြောင့်ကွာကွာကိုက်လိုက်သည့်နေရာတွင်...သွားရာအကွင်းလိုက်ဖြင့်နီရဲလို့နေသည်...။
"ဟာ...ကိုကိုနိုးလာတာလား "
" ... "
သူ့ကိုကိုက်လိုက်တာတောင်အပြစ်တစ်ခွန်းမဆိုတဲ့မောင့်ကြောင့်ကိုက်မိတဲ့ကွာကွာတောင်ဘာဆက်ပြောရမှန်းမသိ...။ကွာကွာကိုမြင်တာနဲ့လက်ထဲကစီးကရက်ကိုချက်ချင်းပစ်ချကာဖိနပ်ဖြင့်နင်းချေလိုက်တဲ့မောင်...။ထို့နောက်ကွာကွာရဲ့မေးစေ့လေးကိုကိုင်ကာ...

YOU ARE READING
Perfect First Love
Romance"ကျွန်တော်အတွက်တော့... အချစ်ရဲ့အဓိပ္ပါယ်ကို...ကိုကို့ဆီမှာရှာမှရမယ်...အချစ်ဟာချိုသလား၊ခါးသလား... ဒါတွေကိုကျွန်တော်မသိဘူး... ကျွန်တော်သိကတော့ကျွန်တော့်ရဲ့အရာရာဟာကိုကိုဘဲ.." အံ့မဟာတော်ဝင် "အချစ်ဆိုတာနဲ့မောင့်ကိုဘဲပြေးမြင်တယ်... မောင့်ကိုချစ်ဖို့မွေးဖွ...