Part-3(Zaw/Uni)

71 8 0
                                    

Ex

တီ.တီ.တီ(နာရီနိုးစက်မြည်သံ)

ရှောင်ကျန့်နာရီနှိုးစက်သံကြောင့် နိုးလာတယ်
သူအိပ်ယာပေါ်မှခဏထိုင်နေလိုက်တယ် ညက၂နာရီကျော်မှစာလုပ်၍ပြီးတာကြောင့်အိပ်ယာဝင်နောက်ကျခဲ့တယ်
ဒါ့ကြောင့်မနက်အိပ်ယာနိုးတော့ လူကနုံးကျိကျိဖြစ်နေတယ်
ရှောင်ကျန့်အိပ်ယာပေါ်မှထိုင်နေရာမှထကာ ရေချိုးခန်းသို့သွားပြီးရေချိုးလိုက်တယ်
ရှောင်ကျန့်ရေချိုးပြီးတော့ ကျောင်းဝတ်စုံတစ်ခါတည်းဝတ်လိုက်တယ် လိုအပ်တာတွေယူပြီးအောက် ထပ်ကိုဆင်းလာခဲ့တယ်

စာအုပ်တွေကိုကားပေါ်အရင်သွားတင်ထားလိုက်ပြီးထမင်းစားခန်းကိုသွားပြီးမနက်စာသွားစားတယ်

ထမင်းစားပွဲဝိုင်းမှာ မားကမနက်စာစားနှင့်နေပြီ ရှောင်ကျန့်လည်း ထိုင်ခုံမှာဝင်ထိုင်ကာ သူ့အတွက်ပြင်ထားတဲ့ ထမင်းကြော်ကိုစားနေလိုက်တယ်
ရှောင်ကျန့်ထမင်းစားနေရင်းရှောင်မားက

'သားကိုမားပြောစရာရှိတယ် '

'ပြောလေမား'

'သားစားရင်းနဲ့နားထောင်ပါ မားသားကျောင်းပြီးရင်လီရန်နဲ့ သားကိုလက်ထပ်ပေးချင်တယ်'

'မား သားတို့နှစ်ယောက်ယောက်ျားလေးတွေနော်'

'ယောက်ျားလေးချင်းလက်ထပ်တာဘာဆန်လို့လည်း '

ရှောင်ကျန့်ဘာမြှပန်မပြောတော့
ရှောင်မားကဆက်ပြောတယ်

'သားလီရန်နဲ့လက်ထပ်ရမယ် အဲ့တာကြောင့်လီရန်နဲ့လက်မထပ်ထားခင် ရင်းနှီးအောင်နေပါ မားမျက်နှာမပျက်ချင်ဘူး မနေ့ကလုပ်ရပ်က ဘယ်လောက်ရှက်ဖို့ကောင်းလည်း ဧည့်သည်ကိုသေချာဧည့်မခံဘဲနဲ့ ဘာလို့ အခန်းထဲဝင်သွားရတာလည်း'

'မား သားကိုကျန်တာမားဆုံးဖြတ်ချက်ကို သားမလွန်ဆန်ပါဘူး ဒါပေမဲ့ သားရဲ့ အိမ်ထောင်ရေးကိစ္စကိုတော့ သားဘာသာဆုံးဖြတ်ချင်တယ် '

'မင်းက ဘာလည်းငါ့စီစဉ်တဲ့ကိစ္စကို ငြင်းမယ်ဆိုတာကိုလက်မခံနိုင်ဘူးဆိုတဲ့သဘောလား'

'ဟုတ်တယ် မား သားးလက်မခံနိုင်ဘူး လီရန်ကောဖြစ်နေလို့ကိုလက်မခံတာ သူ့ကို အစ်ကိုတစ်ယောက်ထပ်မပိုနိုင်ဘူး မား ကိုသားပြောပြီပြီးနော် သားဒီကိစ္စကိုလက်မခံနိုင်ဘူး '
ဟုပြောကာထမင်းဝိုင်းမှ ထာကာ ကျောင်းသွားရန် လွယ်အိတ်ကို လွယ်လိုက်တယ် (စာအုပ်တွေFileတွေကကားပေါ်ရောက်နေပြီနော် )

The Indication Of The HeartWhere stories live. Discover now