အခန်း ၅၃ (Unicode+Zawgyi)

2.2K 120 6
                                    

(Unicode)

နှိုင်းခစေတန်က လက်ထဲက ကင်မရာကိုပြလိုက်တော့မင်းရသတစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်စိတ်ဆိုးချင်သွားသည်။

"ဘာလို့ အဲ့ဒီလိုဓာတ်ပုံတွေလိုက်ရိုက်နေရတာလဲ?''

"သိမ်းထားချင်လို့ပေါ့''

"အဲ့ဒါဆိုလည်း နှစ်ယောက်လုံးအတူတူရိုက်လို့ရတာပဲကို။ငါတစ်ယောက်ထဲပုံပဲ လိုက်ရိုက်နေရသလား?''

နှိုင်းခစေတန်က ခပ်ဟဟရယ်ကာ...

"ဆောရီး...ကိုယ် camera man မခေါ်ခဲ့မိဘူး''

မင်းရသတစ်ချက်ရယ်ပြီး မောင့်ကိုကြည့်လိုက်မိပါသည်။တကယ်ပါပဲ...။

"သွားကြမယ်''

နှိုင်းခစေတန်ရဲ့လက်တွေကို သူ့လက်တို့ဖြင့် ယှက်တွယ်ဆုပ်ကိုင်လျက် ရှေ့သို့ဆက်လျှောက်လိုက်သည်။ရသရင်ထဲမှာ အတော့်ကိုကြည်နူးလျက် နှစ်ယောက်ထဲ အတူရှိနေရတာကို အရမ်းပျော်သည်။

မင်းရသအတွက် ကိုကိုလို့ခေါ်တာက တကယ့်ကိုဘယ်လိုမှန်းကိုမသိ။မခေါ်တတ်တာထက် ရင်ထဲသိမ့်ခနဲ ဖြစ်သွားသဖြင့် ဆက်မခေါ်ရဲတာပင်။သို့ပေမယ့်လည်း အခုတော့ အသားကျအောင်လုပ်ရပေတော့မည်။

"ယောက်ျား...''

"ဟင်...''

မင်းရသ၏ ရုတ်တရက်ခေါ်လိုက်ပါသော အသံကြောင့် နှိုင်းခစေတန်တစ်ယောက် အယောင်ယောင် အမှားမှားဖြင့် ကြောင်ကြည့်နေမိသည်။

"ဗိုက်ဆာလို့...။ရေတံခွန်ကိုသွားပြီးရင် ဆိုင်တစ်ဆိုင်သွားရအောင်နော်''

"အင်း...အခုအရမ်းဆာနေပြီလား''

"ဟင့်အင်း...အပြန်ကြမှ စားကြမယ်''

"အိုကေ...အိုကေ''

ကျွန်း၏အလယ်ပိုင်းမှာရှိသည့် ရေတံခွန်မှာသဘာဝအတိုင်းဖြစ်တည်လာသည့် ရေတံခွန်မဟုတ်ပဲ အမြင့်ပိုင်းတစ်နေရာမှ ရေတွေကိုဖောက်ချထားပါသော ရေတံခွန်သဖွယ်ဆောက်လုပ်ထားသည့် နေရာဖြစ်သည်။ လူသွားလူလာများပြီး သစ်ပင်တွေဝန်းရံနေသည့်နေရာဖြစ်၍ အတော်လေးအေးချမ်းသည်။ဓာတ်ပုံရိုက်ကြသည့် သူတွေများလှသဖြင့် နှိုင်းခစေတန်က မင်းရသအား သူ့ကိုယ်နောက်သို့ပို့ထားသည်။အကြောင်းမှာကား သူများဓာတ်ပုံထဲမှာ သူ့ယောက်ျားလေးပုံ ပါသွားမှာစိုးလို့ပင်။ရသရဲ့ ချစ်စရာကောင်းနေမှုကို ဖြစ်နိုင်ရင်ဘယ်သူ့ကိုမှ မမြင်စေချင်ပါ။သူ့တစ်ယောက်သာ ကြည့်ဖို့ ရသကိုဖွက်ထားချင်သည်။ဒီလိုဆို နှိုင်းခစေတန်က တစ်ကိုယ်ကောင်းဆန်ရာကျသွားမလား။ဘာပဲဖြစ်ဖြစ်ပါ...ကိုယ်ကသိပ်ချစ်ရသူကိုး...။

From My Tears...Where stories live. Discover now