"ဘာပြောလိုက်တာ ဒယ်ဒီ နောက်တစ်ခေါက်လောက်ပြန်ပြောပေးပါအုံး Win နားကြားများမှားတာလားလို့"
"မင်းမမှားဘူး မင်းကို အင်ဂျင်နီယာလိုင်းက Bright Vachirawit ဆိုတဲ့ကောင်လေးနဲ့ပေးစားမယ်လို့ပြောနေတာ"
ဆိုဖာပေါ် ထိုင်နေတဲ့ မာမီ မျက်နှာကိုလှမ်းကြည့်လိုက်ရင်း အသနားခံ မျက်လုံးလေးနဲ့ကြည့်လိုက်ပေမယ့် ...
"မင်းမာမီ ကိုအားကိုးမနေနဲ့ Winmetawin အက်ကောင်လေးက သူ့သူငဟ်ချင်းချယ်ရီရဲ့သားပဲ"
"ဟာ...ဒယ်ဒီရာ မမိုက်ပါဘူးဗျာ "
ဆိုဖာပေါ် စိတ်ပျက်လက်ပျက်ပစ်လဲထိုင်ချ အိတ်ထဲက ကားသော့ကို စားပွဲပေါ်ပစ်တင်လိုက်သည်။ရူး ကိုမချွတ်ဘဲစားပွဲပေါ် ခြေဆင်းပြီး သုန်မှုန်နေတဲ့မျက်နှာဘေးဆိုဒ်နဲ့ဒယ်ဒီ့ကိုကြည့်နေပေမယ့် ဒယ်ဒီက ဂရုစိုက်။
"မိုက်တာတွေ မမိုက်တာတွေငါမသိဘူး တနင်္ဂနွေနေ့ လက်ထပ်ရမယ်ဒါပဲ"
"ဟာ ...ဒယ်ဒီ အက်ကောင်က ဘဝင်လေဟပ်နေတာ ဆောင့်ကြွားဆောင့်ကြွားနဲ့ ကြည့်လို့ကိုရတာမဟုတ်ဘူး"
"အချစ်ဆိုတာ တစ်ဖြည်းဖြည်းနဲ့ချစ်လာတာမျိုး"
"ဟာာာာာ ဒယ်ဒီ Win ကိုအချစ်အကြောင်းသင်ပေးနေတာလား"
"မင်းမာမီနဲ့ငါနဲ့လက်ထပ်တုန်းကလဲတစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးဘဲတန်းသဘောတူခဲ့ကြတာ"
"လုပ်ပြီ....1988 ခုနစ်ကဟာတွေကို"
တိုးတိုးလေးရေရွတ်လိုက်ပေမယ့် ဒယ်ဒီကနားလျင်သူမို့မသိမသာ ကြားသွားသည်။
"လျှာ တွေရှည်မနေနဲ့ မဟုတ်ရင် မင်းဒီလိုပဲ ညတိုင်း 2ချက်ထိုး 3 ချက်ထိုးမှပြန်လာပွေလေ နေမှာ "
"ညပိုင်း အစာရှာတဲ့ ငှက်လေးတွေက ပိုလှတယ် ဒယ်ဒီရ နောက်နေ့ ဒယ်ဒီပါ လိုက်ခဲ့ပါလား"
" Winmetawin ငါဘာမှ ဝင်မပြောတိုင်းအကောင်းထင်မနေနဲ့နော် မင်းဒယ်ဒီ ကိုပါအတတ်ကောင်းတွေသင်မနေနဲ့ မနက်မိုးလင်းတော့မယ် သွားအိပ်တော့ ငါတို့လဲ တရေးမှမအိပ်ရသေးဘူး နင်အပြင်ကပြန်လာတာကိုစောင့်နေရတာ "
YOU ARE READING
"ကြောင်နဲ့ကြွက်ရဲ့ကမ္ဘာ"[Completed ]
FanfictionBrightWin Fan Fic လေးပါ မတည့်အတူနေ သဘောမျိုးလေးမို့စကားလုံးရိုင်းတာလေးတွေနားလည်ပေးပါနော် Fbမှာအစဆုံးတင်ပြီးပါပြီ WPမှာခုမှစတင်မှာပါ💕