Part 7

681 31 0
                                    

အပြင်မှာမှောင်လာပြီဖြစ်တာကြောင့်အိမ်တွေ တိတ်ဆိတ်ကုန်သည်။ထိုချိန် ကိုယ့်အတတ်ကိုယ်ဆူးမိတဲ့ကောင်လေး မယ်ထဝင်းကတော့ သူများတွေလိုမအိပ်စက်ရသေးဘဲ ဆန်ပြုတ် ပြုတ်နေလေရဲ့။

"ဟူးးးးးခုမှပဲပြီးတော့တယ် ဘောကောင် ညမိုးချုပ်မှငါ့ကိုအကုသိုလ် ပေးတယ် ဂြိုလ်ဆိုးကောင် ချီးကောင် ချီးတွင်းထဲကျရမှာ "

မကျေမနပ် ချက်တွေတသီတတန်းကြီး ပါးစပ်ကနေမနားမနေရွတ်ပြီး ဆန်ပြုတ်ပူပူပန်းကန်လုံးလေးကိုပန်းကန်ပြားခံပြီးအပေါ် တက်လာသည်။

တံခါးကိုခြေထောက်နဲ့တွန်းဖွင့်လိုက်ရင်း အခန်းထဲခေါင်းပြူကြည့်လိုက်တော့ အဟန့် ကိုယ်တော်ချောက မိန်းမိန်းကြီးအိပ်နေလေရဲ့။

စိတ်အလိုအရဆို ဆန်ပြုတ်နဲ့ ပစ်ပေါက်လိုက်ပြီးသို့ပေမယ့် ပစ်လိုက်ရင်ကိုယ်ပဲ ပြန်ချက်ရမှာသိနေတာကြောင့်စိတ်ကိုလျှော့လိုက်ရင်းးဆန်စားပွဲပေါ်ဆန်ပြုတ်ပန်းကန်လေးတင်လိုက်သည်။

"ဒီမှါ ဒီမှါ ပဲမြစ် "

ခြေထောက်နဲ့ ဗိုက်ကို ဖိလိုက်ရင်း နှိုးလိုက်သည်။ကိုယ့်ကိုပဲစိဆိုတော့ သူက ပဲမြစ်ပေါ့။

"ပဲမြစ် ထ မင်းမထရင်ငါ လွှတ်ပလိုက်ပြီနော်"

ဆန်ပြုတ်ပန်ကန်ကို မလိုက်ပြီးချိန်းခြေညက်လိုက်တော့

"မင်းဘယ်သူ့ကိုပဲမြစ်ပြောတာလဲ မယ်ထဝင်း"

"ဗာချီရာဝစ် ဆိုတဲ့ခင်ဗျားကိုပြောတာလေ "

"ငါ့ဟာ ပဲမြစ်ထက် ပိုကြီးတယ်ဆိုတာ သက်သေပြပေးရမလား "

" ဝေါ့ ... ယုံလိုက်မယ်တောထဲမှာ ကဲ ထားလိုက်ပါ လျှာရှည်တယ် "

"ငါက လျှာလဲရှည်တယ် ဟိုဟာလဲ ရှည်တယ် "

" တော်လိုက်တော့ ခင်ဗျားနဲ့စကားနိုင်မလုနိုင်ဘူး ရော့ဒီမှါ ဆန်ပြုတ်သောက် "

ပန်းကန်ပြားကို ကမ်းပေးလိုက်တော့

"ဒီမှါ ငါ ဘယ်လိုသောက်ရမလဲ "

ကျောက်ပတ်တီး ကြီးပြလာတကြောင့် Win သက်ပြင်းတစ်ချက်ချလိုက်သည်။

"ကြောင်နဲ့ကြွက်ရဲ့ကမ္ဘာ"[Completed  ]Where stories live. Discover now