အကျဥ်းချုံးစီစဥ်လိုက်တာပေမယ့် မနက်တည်းက သွားရလာရ နဲ့မို့ပင်ပန်းနေသည်။ပွဲပြီး နှစ်ဖက်မိဘတွေကိုကန်တော့ကြသည်။
"ကဲ အိုအောင်မင်းအောင် ပေါင်းရပါစေ Win ကဆိုးတာမို့ သည်းခံပေးပါနော် သား Bright "
"ဒယ်ဒီ ကတော့ငါ့ကို လုပ်ပြီ "
နှုတ်ခမ်းကတိုးတိုးလေးရေရွှတ်လိုက်တာမို့ နှစ်ဖက်မိဘတွေမကြားကြပေမယ့် ဘေးအနားထိုင်နေတဲ့Bright ကတော့ကြားလိုက်သည်။
"ယောက်ခမ ကြီးပြောတာအမှန်ပဲလေ ဟင်းး"
နားနား ကိုတိုးကပ်ပြီး မထိတထိ ရွဲ့စောင်းပြောနေတာကြောင့်Win Bright ရဲ့ဘေးကိုခွေထိုင်ချထားတဲ့ခြေသလုံးမွှေးကို အနားကပ်ပြီး ဆွဲနှုတ်လိုက်သည်။
"အားးး"
"ဘာဖြစ်တာလဲ သား ဘာဖြစ်လို့လဲ "
"ဟဲ ဘာ ဘာမှမဖြစ်ပါဘူး မေမေ ခြင်ကိုက်သွားတာနေမှာ "
"အင်းပါ မေမေကတော့ ဘာမှမပြောတော့ပါဘူး အိမ်ထောင်ရေးဆိုတာ နှစ်ဖက် လုံးကညှိယူရတဲ့အရာပါ တည်မြဲတဲ့အိမ်ထောင်ရေးကိုတည်ဆောက်နိုင်ကြပါစေ "
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ "
Bright ပြောလိုက်ပေမယ့် Win ကတော့နှုတ်ဆိတ်နေမြဲ။
"Metawin ...အဟန့် "
ဒယ်ဒီ့ရဲ့ချောင်းဟန့်သံကြောင်းက်ုWin သိနေသည်။
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ "
~~ဝေါ့ ဒီမြှောက်ကြွကောင်နဲ့သာ တစ်သက်လုံးဆို Winmetawin ရေ မင်းအသက် 25 နှစ်ကျော်နေရပါ့မလား ~~
~~လက်တောက်လောက်က ဆိုးပဲဆိုးတာမဟုတ်ဘူး ပြောရဆိုရပါလက်ပေါက်ကပ်လိုက်တာ တွေ့ကျသေးတာပေါ့ လက်တောက်လောက် ရာ ~~
"ကဲ မင်းတို့ပစ္စည်းတွေအကုန်ကားထဲထည့်ပြီးပြီ လက်ဖွဲ့ထားတဲ့ အိမ်အသစ် နေမဝင်ခင်သွားနေရာချကြ "
"ဟုတ်ကဲ့ ဒယ်ဒီ "
_____________________။။______________________
"ဟျောင့် မင်းနဲ့ငါနဲ့က တစ်ခန်းတည်းနေရမှာလား ဘရိုက် "
အဝတ်အိတ်ကိုဆွဲကိုင်ကာ အခန်းရှေ့ နှစ်ယောက်သားမတ်တပ်ရပ်လျှက်.....
YOU ARE READING
"ကြောင်နဲ့ကြွက်ရဲ့ကမ္ဘာ"[Completed ]
FanficBrightWin Fan Fic လေးပါ မတည့်အတူနေ သဘောမျိုးလေးမို့စကားလုံးရိုင်းတာလေးတွေနားလည်ပေးပါနော် Fbမှာအစဆုံးတင်ပြီးပါပြီ WPမှာခုမှစတင်မှာပါ💕