Part 3

627 35 2
                                    

ညဥ့်နက်နေပြီ မို့ စကားလဲ ဆက်မပြောချင်တော့တာကြောင့် ကြိတ်မှတ်ပြီးသည်းခံလိုက်သည်။ထိုကောင်နဲ့အတူမအိပ်ချင်တာကြောင့် အခန်းထဲရှိ ဆိုဖာပေါ်တွင် ဝင်အိပ်လိုက်သည်။

" မင်းနဲ့ငါ ကျောင်းဘယ်လိုသွားရမှာလဲ "

Win ကားပေါ် တက်မည်အလုပ်နောက်က အသံကြောင့် ခြေလှမ်းတွေ ရပ်လိုက်သည်။

"ဘောပဲ မင်းမှာခြေထောက်ရှိတာပဲ မင်းလမ်းလျှောက် ဒီကားက ငါ့မိဘဘက်ကလက်ဖွဲ့ထားတာ "

ပြောပြီး ကားပေါ် တက်မည်အလုပ် လွယ်ထားတဲ့အိတ်ရဲ့ကြိုးကိုလှမ်းဆွဲလိုက်တာကြောင့် လူကတုံ့ခနဲ

" မင်းးးးဘာလုပ်တာလဲ ဗရာချီရာဝပ် "

" ဒါဆို ဒီအိမ်က ငါ့မိဘတွေလက်ဖွဲ့ထားတာပဲ မင်းညတုန်းကကျ တက်နေနေတာမလား"

"ဟ ငါက အိမ်မှာမနေလ်ု့ဘယ်မှာနေရမှာလဲ "

"အက်လိုပဲလေ ငါကမွေးကတည်းက လမ်းတောင်လျှောက်ဖူးတာမဟုတ်ဘူး "

"ဒုက္ခိတ ဖြစ်နေလို့လား "

" မယ်ထဝင်း မင်းမမိုက်ရိုင်းနဲ့ "

"ငါ့ကို မယ်ထဝင်း လို့မခေါ်နဲ့လို့မင်းကိုပြောနေတယ်လေ "

"အေး မသိဘူး မင်းငါ့ကိုကားပေးမစီးရင် ငါကတော့ အန်ကယ်တို့ကို တိုင်လိုက်မှာပဲ "

ဖုန်းကိုထုတ်ကာ နာမည်ရှာနေတဲ့ ဒီကောင့်ကိုဆောင့်ကန်ပစ်ချင်နေပေမယ့်

" တက်ခဲ့ ..."

"ဟျောင့် မင်းဘာလို့နောက်ကနေတက်မှာလဲ ရှေ့ကိုလာထိုင် ငါမင်းဒရိုင်ဘာမဟုတ်ဘူး "

" ဟဲ မင်းငါ့ကို Crush နေတယ်လို့တော့မပြောနဲ့နော် "

"ချီး ပဲ "

ဝူးးးးးးးးးးး

ကျွီ.........

"ညနေကျရင် ငါ့ကိုဖုန်းဆက်အုံး "

"Ok "

ကားတံခါးဖွင့်ပြီး Bright ဆင်းသွားမှ

"ဘောပဲ ငါကဖုန်းဆက်စရာလား တွေ့ကြသေးတာပေါ့ ကျွတ် ကျွတ် ....."

ခါးပတ်ချွတ်ပြီးတန်းဆင်းမည်အလုပ် ခါးအောက်ပိုင်းကနာကျင်မှုကြောင့် ဖြည့်ဖြည်းချင်းသာရွှေ့နိုင်သည်။

"ကြောင်နဲ့ကြွက်ရဲ့ကမ္ဘာ"[Completed  ]Where stories live. Discover now