Part 25 💘

40.1K 3.1K 309
                                    

Zawgyi...

ဇွဲလည်း လေယာဉ်ဆိုက်တာနဲ့ ချက်ချင်း ဆေးရုံကို
တန်းလာလိုက်သည်။ အခန်းကိုရောက်တော့
လဲလျောင်းနေတဲ့ စေမိုရ်ကလွဲ ဘယ်သူ့ကိုမှ မတွေ့။
မေသူ့ကို ဖုန်းခေါ်ဖို့လုပ်တော့ နောက်ကနေ တံခါးဖွင့်ဝင်လာတဲ့ ဂျူတီကုတ်နဲ့မိန်းမတစ်ယောက်ကို
တွေ့လိုက်ရသည်။ ဇွဲလည်း မမြင်ဖူးဘူးထင်တာမို့

"ဘယ်သူလဲ မသိဘူး..."

"စေမိုရ့် သူငယ်ချင်း ဆိုဖီပါ...
ဒါနဲ့ ရှင်က စေမိုရ့်ယောင်္ကျားဟောင်းမလား.."

"ဟုတ်ပါတယ်...စေမိုရ့်အခြေအနေဘယ်လိုလဲမသိဘူး..."

"ချုပ်ရိုးက ကွဲသွားပြီးတော်တော်ကြာ အပြင်
ရောက်နေခဲ့တာမို့ သေမလိုပဲပေါ့..အခုထိ သတိ
မရသေးဘူး..၂ရက်တောင် ရှိနေပြီ...ထိုင်ဦးလေ...
တကယ်တော့ သူ့ကို စောင့်ပေးမယ့်လူလိုနေတယ်...Sam က ရိုက်ကူးရေးအရေးကြီးကိစ္စရှိနေလို့...
ကျွန်မက မကြာခင် ခွဲခန်းဝင်ရတော့မှာမို့..."

"ဒါဆို ကျွန်တော် စောင့်ပေးလိုက်ပါ့မယ်...
ဒါနဲ့ သူကိုယ်ဝန်ဆောင်ခဲ့တုန်းက အရမ်းပင်ပန်းခဲ့လား...သူ့အခြေအနေကို ကျွန်တော် အခုထိ
သေချာမသိသေးဘူး..."

ဇွဲလည်း ဖြူဖျော့နေတဲ့ စေမိုရ့်လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး ခပ်ဖွဖွ လက်မလေးနဲ့ပွတ်ပေးနေသည်။

"ဘယ်လိုထင်လို့လဲ...သူက ဒွိလိင်တစ်ယောက်လေ..
မဖွံ့ဖြိုးသေးတဲ့ သားအိမ်က အတင်းအကြပ်ဆက်ဆံခံရမှုကြောင့် ကိုယ်ဝန်တည်သွားပေမယ့် တကယ်တော့ ကလေးကို သယ်ဆောင်နိုင်စွမ်းမရှိဘူး...
ကျွန်မနဲ့ သူ့တာဝန်ခံဆရာဝန်တွေ ရှိသမျှ
ဆေးကြမ်းတွေရှာဖတ်ပြီး သူ့ကို ကလေးမြဲနေ
အောင် ဘယ်လိုလုပ်ပေးရမလဲ နည်းလမ်းရှာခဲ့ရတယ်..
စစချင်းသူလန့်ဖြန့်ပြီး ကိုယ်ဝန်ဖျက်ချချင်တယ်
ပြောခဲ့တယ်..ဘယ်လိုပဲ မဖွံ့ဖြိုးတဲ့ သားအိမ်ပါလို့ဆိုဆိုပျက်ကျတာ ဖျက်ချတာက လူကိုထိစေတာပဲ..
ဒါကြောင့် ဝိုင်းပြီးဖြောင်းဖျခဲ့ရတယ်...
ပြောရရင် သူအရမ်းကြောက်ခဲ့တာ... ကလေးကို
ရအောင်မွေးမယ် အားတင်းပေမယ့် သူတအား
ကြောက်ခဲ့တယ်...နောက်ဆုံးတော့ ကျွန်မတို့
ဆေးရုံက ပါမောက္ခတွေပါကူညီပြီး သူ့အတွက်
ကုသနည်းတခု လုပ်ပေးလိုက်ရတယ်..
ကိုယ်ဝန်ထိန်းဆေးနဲ့ သားအိမ်အားဆေး ကို
သူများတွေထက် ပမာဏပိုပေးဖို့ လုပ်ရတယ်..
ဒါပေမယ့် ခက်တာ ၂ခုစလုံးကတင်ပါးကို ထိုးရတာ..
၁ပတ် ၂ခါ ထိုးရတယ်..ရေရှည်ထိုးရမှာမို့
ဆေးရုံတချိန်လုံးမလာရအောင် နောက်ပိုင်း
သူ့ဘာသာထိုးရတော့တယ်..ရှင်တွေးကြည့်လေ ၅လထိ အဲဒီဆေးကို ၁ပတ်၂ခါ ထိုးရမှာ သူ့ဖင်က
ဘယ်လိုတွေဖြစ်နေမလဲဆိုတာ...ဖင်၂ဖက်က
ညိုမည်းစွဲပြီး နာနေတာ..ဒါတောင် သူ
Company အလုပ်ကို မြေအောက်ရထားစီးပြီး
သွားနေရတုန်း...သူ့ကလေးကို ပြုစု
စောင့်ရှောက်နိုင်ဖို့ သူအကုန်လုပ်ခဲ့တယ်...
တခါမြေအောက်ရထားမှာ လူတွန်းတာ ဗိုက်နဲ့ကျပြီး
ကိုယ်ဝန်ပျက်ကျမလိုဖြစ်သေးတယ်..."

My Naughty Son's Daddy[Complete]Where stories live. Discover now