Part 57 💘

22.9K 1.6K 179
                                    

Zawgyi...

Lucky လေးဆွဲထားတဲ့ပုံတွေကို
အောက်ဆုံး Unicode ပြီးသွားရင် ထည့်ပေးထားပါတယ်။

ဒီနေ့ကတော့ မိဘများနေ့ပွဲအတွက် သွားရမည်ပင်။
ထို့ကြောင့်မနက်ကတည်းက မိသားစု၃ယောက်
အားကစားဝတ်စုံ ဆင်တူဝတ်ကာပြင်ဆင်နေကြသည်။
အကိုကတော့ အကိုပင် ဘာဝတ်ဝတ်ခန့်နေသည်။
ဒါပေမယ့် အားကစားဝတ်စုံအောက်ကနေ လည်ပိတ်
စွယ်တာ ထပ်ဝတ်ခိုင်းလိုက်ရသည်။ စေမိုရ်က
ဆရာမကိုသေချာ အကျိုးအကြောင်း
ပြောပြထားလို့ ကိစ္စမရှိပေမယ့် အကို
ကတော့မရ။ မပြချင်ဘူးတဲ့လေ။ ဒါကြောင့်
စေမိုရ်လည်း ဘာမှဆက်မပြောတော့။

အကိုပြင်ဆင်နေတာကြည့်ရင်း အကို့နောက်သွားကာ ခါးကနေဖက်လိုက်သည်။ အကိုက ပြန်လှည့်ကာ
သိုင်းဖက်လာတော့ စေမိုရ်လည်း မော့ကြည့်ရင်း

"အကိုဘယ်လိုကြီးဖြစ်နေပါစေ သားနဲ့
ကျွန်တော်က ချစ်တယ်နော်..."

အကိုကတော့ ပြုံးကာ စေမိုရ့်ကိုနမ်းလာသည်။
နမ်းနေရင်း ခြေထောက်ညောင်းလာတော့ အကိုက စေမိုရ်ကို ပွေ့ကာ ဆက်နမ်းနေသည်။
နှုတ်ခမ်းတွေ ထုံထိုင်းသွားတော့မှ လူချင်း
ကွာသွားကြတယ်။

စေမိုရ်တို့လည်း ကျောင်းရောက်တော့ မိဘတွေက
မနည်းမနောပင်။ တော်သေးသည်က အခန်းလိုက်
အခန်းကိုယ်စီမှာကျင်းပတာဖြစ်လို့ ပြွတ်သိပ်မနေတော့။
သားရဲ့အခန်းကိုရောက်တော့ တချို့မိဘတွေ
ရောက်နေကြလေပြီ။ အကုန်လုံးက မိသားစုအလိုက်
ဆင်တူအားကစားဝတ်စုံတွေ ဝတ်ထားကြသည်မို့
ကြည့်ရတာ မျက်စိပသာဒ ဖြစ်လွန်းသည်။

သားကတော့ ရောက်ကတည်းက သူ့သူငယ်ချင်းတွေဆီပြေးသွားတော့ စေမိုရ်တို့လည်း နောက်က
လိုက်ရင်း မိဘတွေနဲ့ နှုတ်ဆက်ရသည်။ တော်သေးတာကစေမိုရ်တို့လို ယောင်္ကျားလေးအတွဲ
နောက် ၂တွဲထပ်ရှိနေခြင်းပင်။ သို့ပေမယ့် သူတို့က
ယောင်္ကျားပီသကြသည်။ စေမိုရ်ကတော့
ယောင်္ကျားပီသတာထက် သေးသွယ်သယောင်
ဖြစ်နေသည်။

နာရီဝက်လောက်ကြာတော့ ကလေး ၁၅ယောက် ရဲ့
မိဘတွေ ရောက်လာလေပြီ။ ခဏအကြာ အခန်းထဲမှာ အကုန်ဝိုင်းထိုင်ပြီး ကစားပွဲစတော့သည်။
ပထမပွဲက Draw and guess 'ပုံဆွဲပြီး ခန့်မှန်းပါ'။ သို့ပေမယ့် ဆွဲရမယ့်သူက ကလေးတွေပင်။
မိဘတွေက ကြည့်ကာ ခန့်မှန်းရမည်။

My Naughty Son's Daddy[Complete]Where stories live. Discover now