Part 15 💘

37.8K 2.9K 94
                                    

Zawgyi....

မိုနေးလည်း အစွမ်းကုန်ပြင်ဆင်ပြီးတော့ အသီး
ပန်းကန်နဲ့ဝိုင်ပုလင်းကိုသယ်လို့ ဦးဇွဲအခန်းဆီ
လာလိုက်တယ်။ တံခါးခေါက်လိုက်တော့ ဦးက
ထွက်လာတယ်။
ခါတိုင်း gel နဲ့သိမ်းထားတဲ့ဆံပင်တွေက အခုတော့
ခပ်အုပ်အုပ်။ မိုနေးကိုမြင်တော့

"ဘေဘီ ဘာလို့လဲ...."

"ဘေဘီတို့ ဒီည အချိန်ကောင်းလေး ကုန်ဆုံး
ရအောင်လေ..."

မိုနေးလည်း ပါလာတဲ့ဗန်းကိုမြှောက်ပြီး
ပြောလိုက်တယ်။

"Sorry ဘေဘီ..ကိုယ်ဒီနေ့ခေါင်းတော်တော်
နောက်ပြီး နေရတာ အဆင်မပြေလို့ စောစော
အိပ်မလို့.."

မိုနေးကို အထဲပင်မခေါ် အခန်းဝမှာတင်ငြင်းနေတဲ့ ဦးကို ဘာမှမပြောပေမယ့် နည်းနည်းတော့ ရင်ခံသွားရတယ်။ ဒါပေမယ့်အခု စေမိုရ်ကမရှိတော့ဘူးဆိုတော့ ထင်းခွေမကြုံရေခပ်ကြုံမှာပဲလေ။
မိုနေးလည်း မူပိုင်အပြုံးနဲ့

"ရပါတယ် ဦးရဲ့...နားလိုက်နော်..ဆေးလည်း
သောက်ဦး...ကျွန်တော် ဆန်ပြုတ်မှာပေးမယ်..."

"ရတယ် ဘေဘီ မေသူမှာပေးလိမ့်မယ်....ဘေဘီ့ကိုဘာလို့ခိုင်းရမှာလဲ..သွားနားတော့နော်.."

မိုနေးရဲ့နဖူးကို နူးနူးညံ့ညံ့နမ်းလိုက်ပြီး
ငြင်ငြင်သာသာပြောသံတွေကြား မိုနေးလည်း
ကြာကြာ စိတ်မခုနိုင်တော့။

ဇွဲလည်း မိုနေးထွက်သွားတော့မှ တံခါးပိတ်ပြီး
အိပ်ယာပေါ်ထိုင်နေရင်း ပြတင်းပေါက်ဖက်ကို
ကြည့်နေတယ်။ မေသူ့ဆီ ဖုန်းဆက်လိုက်ပြီးတော့

"အင်း...အဲဒီလူနောက်ကို နောက်ယောင်ခံလိုက်ပေး.."

မေသူလည်း ဖုန်းချလိုက်ပြီးတော့ laptop screen ပေါ်ပေါ်နေတဲ့ စေမိုရ်ရဲ့mask အုပ်ထားတဲ့ ပုံကို
ကြည့်နေတယ်။

💘💘💘💘💘💘💘💘💘

မနက်စောစော ယောဂကျင့်နေတုန်း Sam ဆီက
ဖုန်းလာတာနဲ့

"ဟဲလို Sam..."

"အခုတလော ကိုယ်တို့သတင်းတွေကပွထနေတော့
စေမိုရ်သွားတာလာတာ ဂရုစိုက်ပါ...ဆေးခန်း
မသွားလည်း Mask တပ်ဦးနော်...အော် အဆောင်
လက်ပတ်ကြိုးကိုလည်း ခဏချွတ်ထားလိုက်နော်...
တော်ကြာမှတ်မိသွားပြီး နောက်ကလိုက်နေကြမှာစိုးလို့..."

My Naughty Son's Daddy[Complete]Onde histórias criam vida. Descubra agora