9

545 105 59
                                    

BLANK SPACE OF MY HEART

Unicode
12.10.2021
1.53P

...............................................................................

ထယ်ယောင်းနဲ့ဂျီမင်းတို့ပြန်ခန်နီးလေး
တစ်နေရာရာကိုခေါ်လာသောစစွတာတို့တွေကြောင့်
နှစ်ယောက်သားတူတူလိုက်ခဲ့ကြသည်

စစွတာခေါ်လာသည်မှာ ဘုရားကျောင်းကြီးသာ

" ကယ်စစွတာအရင်၀င်နှင့်မယ်နော် "

" ဟုတ်ကဲ့ "

ထိုချိန်ဂျီမင်းလက်လေးကိုနူးနူးညံညံလာကိုင်သော
ထယ်ယောင်းလက်လေး

" ကယ်.ကိုယ်လဲဝင်နှင့်မယ်.. အဆင်သင့်ဖြစ်ရင်
လာခေါ်လိမ့်မယ်နော် ... "

" နေအုန်းလေ..ယောင်း.."

" ဘာမှမစိုးရိမ်နဲ့ ကိုယ်ရှိတယ်အထဲမှာ "

" အွန်းပါ... "

ဂျီမင်းထယ်ယောင်းကိုပြုံးပြကာအသာအယာခေါင်း
ငြိမ့်ပြလိုက်တော့သူ့လက်ဖမိုးလေးကိုဖွဖွနမ်းကာ
အထဲကိုအရင်၀င်သွားသောထယ်ယောင်း..

သူလဲရင်တုန်တုန်နဲ့စိတ်လူပ်ရှားစွာစောင့်ဆိုင်းနေခဲ့တယ်..
ခဏကြာတော့

" ကိုကို...ကိုကိုဂျီမင်း...သားသား နဲ့လိုက်..လိုက်ခဲ့..ဟို..ဟိုကျောင်းထဲကို "

" အိုး..ချစ်စရာလေးပါလား .. "

ဂျီမင်းလဲထိုကလေးလေးလက်ကိုဆွဲကာဘုရားကျောင်းထဲ
၀င်လာတော့

ကလေးတွေအပြည့်ပဲကျောင်ထဲမှာထိုင်နေလေသည်
ဟိုးထိပ်က  piano ခုံမှာတော့ထယ်ယောင်းသာ

" ကယ်စမယ်.. "

ထယ်ယောင်းအသံစသည်နှင့် ထယ်ယောင်းရဲ့
လက်သွယ်သွယ်လေးတွေကနေထွက်သောသာယာတဲ့
Pianoသံနဲ့အတူ

" Happy birthday too you..

Happy birthday too you...

Happy birthday.. happy birthday..

Happy birthday...too you...!!!! "

BLANK SPACE OF MY HEART (completed)Where stories live. Discover now